Sunday, September 25, 2011

Engineerတွေသေရင် ငရဲပြည်မရောက်ဝူးတဲ့.... :P

ငှက်လေး | 12:12 PM | Best Blogger Tips
တစ်ခါတုန်းက နတ်ပြည်က နတ်မင်းကြီးက သူ့ တန်ခိုးနဲ့ ငရဲပြည်ရဲ့ အခြေအနေကို လှမ်းကြည့်လိုက်တဲ့ အခါမှာ

ငရဲပြည်ကြီး စည်ပင်ဝပြောနေတဲ့ အပြင် ငရဲမင်းပါ ဇိမ်ကျကျနေနေတာကို တွေ့ ရတော့

အကြောင်းအရင်းအမှန်ကို သိချင်တာနဲ့  နတ်မင်းကြီးက ငရဲပြည်ကို သွားလေ့လာလိုက်တယ်..

ငရဲပြည်ကို ရောက်တဲ့ အခါမှာတော့...ငရဲကျနေတဲ့ Civil Engineer တွေက ငရဲမင်းအတွက်

ခေတ်မှီ ဒီဇိုင်းတွေနဲ့ တိုက်တာ အိုးအိမ် ရေကူးကန်တွေကို တစ်လုံးပြီး တစ်လုံးဆောက်ပေးနေတာကို တွေ့ ရသလို

ငရဲမင်းကြီး ခေတ်နဲ့ မျက်ခြေမပြတ်စေဖို့  Electronic Engineer နဲ့  Software Engineer တွေက
ဂြိုလ်တုစလောင်းနဲ့ ..ဆက်သွယ်ရေး ကိရိယာတွေကို တပ်ဆင်ဆက်သွယ်ပေးထားကြတယ်..

ငရဲပြည်အတွက် လိုအပ်တဲ့ လျှပ်စစ်စွမ်းအားကို Electrical Engineer တွေက အစွမ်းပြ ပြုလုပ်ပေးထားကြပြန်ရော

ငရဲမင်းမှာ အန္တာရယ်.တစ်ခုခု ကျရောက်လာရင်..ပုန်းခိုနိုင်ဖို့ အတွက်..မြေအောက် ဥမင်လိုဏ်ခေါင်းတွေကိုတော့ Mining Engineer တွေက ကြိုးစားပမ်းစား ဖောက်လုပ်ပေးထားကြတယ်..

ငရဲမင်းရဲ့  ယာဉ်ယန္တာရားပိုင်း ဆိုင်ရာ လိုအပ်ချက်တွေကိုတော့ Mechanical Engineer နဲ့  Petro Engineer တွေက
တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးထားကြပြန်တာတွေ့ ၇တယ်....

ဒါကိုကြည့်ပြီး..နတ်မင်းကြီးက နတ်ပြည်ကြီးလည်း အခုလိုစည်ပင်ဝပြောနိုင်ဖို့  ငရဲသား Engineer တွေကို နတ်ပြည်ခေါ်ရမယ်လို့  အကြံရသွားတာနဲ့ ..ငရဲမင်းကြီးဆီကနေ ငရဲသား အင်ဂျင်နီယာတွေကို တောင်းတာပေါ့..

ငရဲမင်းကလဲ ''''ငအ''''' မှ မဟုတ်တာ...ငရဲပြည်ကြီး အခုလို အဆင်ပြေတိုးတက်နေတာ..ဒီအင်ဂျင်နီယာတွေရှိလို့ ဆိုတာ ကောင်းကောင်းသိနေတော့ မပေးနိုင်ဘူး ပြောတာပေါ့..

ဘယ်လိုတောင်းတောင်း မရတဲ့ အဆုံးမှာ..နတ်မင်းကြီးက တရားရုံးကနေ ရင်ဆိုင်တောင်းမယ်လို့  ငရဲမင်းကို ပြောလိုက်တယ်ဆိုရင်ပဲ

ငရဲမင်းက ဘာပြန်ပြောလိုက်တယ်.မှတ်လဲ

''''''တရားရုံးကနေ တောင်းချင်တောင်း မတောင်းချင်နေ...တရားသူကြီးကော ရှေ့ နေကော ကျုပ်လက်ထဲမှာတဲ့'''''

နောက်ဆုံးမှာ နတ်မင်းကြီးလည်း ဘယ်လိုမှမတတ်နိုင်တော့ဘဲ လက်လျော့လို့ နတ်ပြည်ကို ပြန်သွားရတော့တာပေါ့

ဒါပေမဲ့ နောင်နှစ် နောင်နှစ်တွေမှာ အင်ဂျင်နီယာတွေ သေတိုင်းသေတိုင်း နတ်မင်းကြီးက နတ်ပြည်ကို တန်း တန်းခေါ်သွားတော့တာပေါ့..

အဲဒီချိန်ကစလို့  ငရဲပြည်ကို ဘယ် အင်ဂျင်နီယာမှ ရောက်မလာတော့တာ ခုချိန်ထိပဲတဲ့လေ

ဒါကြောင့် ကျွန်တော်ပြောတာပေါ့..ကျွန်တော်တို့ အင်ဂျင်နီယာတွေသေရင်..ငရဲပြည်မရောက်ပါဘူးလို့ 

ဘာလဲ မယုံပြန်ဘူးလား..မယုံလဲ ....နေပေါ့....ဟီဟိ..



ဒါ ကျွန်တော့်အတွေးသက်သက်လေးပါပဲ....:PPP




သူငယ်ချင်းအားလုံး ရယ်မောခြင်းဖြင့် ဘ၀အမောတွေ ပြေနိုင်ကျပါစေ

GTU online friend မှ ကူးယူခြင်းဖော်ပြခြင်းဖြစ်ပါသည်

2 comments:

  1. hote bu nat min gyi ka lar khaw twar mhar soe lo` nga ye` min ka a yin sone lar lar khaw twar mhar :P

    ReplyDelete
  2. ဟားဟား ဟုတ်တယ်နော် :P

    ReplyDelete