Wednesday, January 25, 2012

မျက်နှာသစ်ကြသူတိုင်းအတွက်

ငှက်လေး | 3:54 PM | Best Blogger Tips

မင်္ဂလာပါနော်.. ခု ပြောပြမှာက မျက်နှာကို ဘာမှမလိမ်းခင် အဆင့်ဆင့် သန့်စင်နည်းလေးပါ။ နေ့စဉ် လှုပ်ရှားသွားလာနေရတဲ့သူတွေမှာ မျက်နှာမှာ အညစ်အကြေးတွေ အများကြီး ကပ်ညှိနေနိုင်တယ်နော်။ အဲဒီတော့ မျက်နှာကို သေသေချာချာသန့်စင်ပေးဖို့ လိုတယ်လေ။ မျက်နှာသစ်တာပဲ အထူးအဆန်းလုပ်ပြီး ပြောနေတယ်လို့ အတွေးမစောလိုက်ပါနဲ့ဦးနော်..။ လှပကျန်းမာပြီး ကြည်လင်သန့်ရှင်းတဲ့ မျက်နှာလေးကို အမြဲပိုင်ဆိုင်နိုင်ဖို့ မျက်နှာသစ်ခြင်းဆိုတဲ့အဆင့်ကို မဖြစ်မနေနဲ့ သေသေချာချာ လုပ်ကြရမှာပါ။ မိတ်ကပ်လိမ်းခြင်း၊ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းများကို အသုံးပြုခြင်း၊ ဆေးလိမ်းခြင်း စတာတွေကို မျက်နှာသစ်ပြီးမှ လုပ်နိုင်မှာလေ။ မျက်နှာသစ်ရင်းနဲ့ အရမ်းနူးညံ့တဲ့ မျက်နှာအရေပြားကို မထိခိုက်စေဖို့လည်း အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် လူတိုင်းသိပေမယ့် ဂရုမစိုက်မိတာလေးတွေကို သတိပေးချင်တာပါ။

2 Times A Day

- ပထမဆုံးအနေနဲ့ ပြောချင်တာက တစ်နေ့ကို ပုံမှန်နှစ်ကြိမ် မျက်နှာကို သန့်စင်ပေးဖို့ပါ။

- ဖုန်မှုန့်တွေနဲ့ အထိအတွေ့နဲတဲ့သူဆိုရင် ၂ ကြိမ်က လုံလောက် ပါတယ်။

- အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေကတော့ ၃ - ၄ ကြိမ်သစ်နိုင်ပါတယ်။

- ဒါပေမယ့် မျက်နှာသစ်လွန်းရင်လည်း မကောင်းတာမို့ ၂ ကြိမ်ကို မျက်နှာသစ်ဆေးနဲ့ သစ်ပြီး နောက်ထပ်သစ်ချင်သေးရင် ရေနဲ့ပဲသစ်တာ အကောင်းဆုံးပဲနော်။

Best Facial Foam

- မျက်နှာသန့်စင်ဆေး ရွေးချယ်တာကတော့ အရေးကြီးဆုံးပဲနော်။

- အကောင်းဆုံး မျက်နှာသန့်စင်ဆေးကတော့ကိုယ့်အသားအရေနဲ့ အသင့်တော်ဆုံး မျက်နှာသန့်စင်ဆေးပါ။

- ကိုယ့်ရဲ့မျက်နှာအသားအရေဟာ ဘယ်လိုအမျိုးအစားလဲဆိုတာ အတိအကျသိရမယ်နော်။

- ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်ဆိုရင် မျက်နှာကို အာဟာရဓာတ်နဲ့ အစိုဓာတ် ပြည့်ဝစွာပေးနိုင်တဲ့ မျက်နှာသန့်စင်ဆေးကို ရွေးရပါမယ်။

- အဆီပြန်တတ်တဲ့ သူတွေကတော့ အဆီထုတ်လုပ်မှုကို ထိန်းပေးနိုင်တဲ့ပစ္စည်းတွေပါဝင်တဲ့ မျက်နှာသန့်စင်ဆေးကို ရွေးနော်။

- ကဲ.. အဲဒီတော့ မျက်နှာသန့်စင်ဆေးလေးဝယ်ဖို့ကို ပါဝင်တဲ့ပစ္စည်းတွေအကြောင်း အကုန်လိုက်ဖတ်ရမှာလား?? အဲဒီလောက်လည်း အလုပ်ရှုပ်ခံစရာ မလိုပါဘူး။ အလွယ်ဆုံးက သင့်ရဲ့အသားအရေအမျိုးအစားကို အရောင်းကောင်တာက Sale Girl ကို ပြောပြလိုက်ရုံပါပဲ။ အတိအကျတော့ဖြစ်ရမယ်နော်။

Hand Washing

- မျက်နှာကို မသန့်စင်ခင် လက်ကို အရင်ဆုံး သန့်ရှင်းစင်ကြယ်အောင် ဆေးဖို့လည်း မမေ့နဲ့နော်။

Lukewarm Water

- မျက်နှာသစ်ရင်တော့ ရေနွေးနွေးလေးက အကောင်းဆုံးနော်။

- ရေပူတွေက မျက်နှာကို ခြောက်သွေ့စေတယ်လေ။

- ရေအေးကျပြန်တော့ အညစ်အကြေးတွေကို ကောင်းကောင်း မဖယ်ရှားပေးနိုင်ဘူးတဲ့။

ကဲ.. မျက်နှာသစ်ရအောင်နော်။ ရေနွေးနွေးလေးနဲ့ မျက်နှာနဲ့လည်ပင်းကို ဆေးလိုက်ပါ။OK ! ပြီးရင် မျက်နှာသန့်စင်ဆေးလေးကို လိမ်းရအောင်။

Don't Apply Facial Foam Directly

- မျက်နှာသန့်စင်ဆေးကို မျက်နှာပေါ် တိုက်ရိုက်မတင်လိုက်ပါနဲ့။

- ချွေးပေါက်တွေပိတ်ပြီး ၀က်ခြံတွေ ဖြစ်လာနိုင်ပါတယ်။

- ဒါကြောင့် မျက်နှာသန့်စင်ဆေးကို လက်ဝါးပေါ်အရင်တင်ပြီး အမြှပ်ထွက်လာအောင်ပွတ်ပြီးမှ မျက်နှာပေါ်တင်ပါ။

Massage Gently

- ပြီးတော့ လက်ချောင်းထိပ်ကလေးတွေကို သုံးပြီး မျက်နှာပေါ်မှာ စက်ဝိုင်းပုံ ညင်ညင်သာသာလေး နှိပ်နယ်ပေးပါ။

- မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း မပွတ်လိုက်နဲ့နော်။

- အဲဒီလိုလုပ်ရင် မျက်နှာအရေပြား ပျက်စီးနိုင်တယ်လေ။

- ပြီးတော့ မျက်နှာသစ်ဆေးက အဆီမပြန်ခြင်း၊ အသားဖြူခြင်းစတဲ့ အကျိုးတွေကို သေချာရနိုင်ဖို့ မျက်နှာသစ်ဆေးမှာပါတဲ့ပစ္စည်းလေးတွေ သင့်မျက်နှာပေါ်မှာ သေချာအလုပ်လုပ်ပြီး အစွမ်းပြနိုင်ဖို့ လုံလောက်တဲ့အချိန်ပေးရမယ်နော်။

- ၂ မိနစ် ၃ မိနစ်လောက် မျက်နှာပေါ်မှာထားပြီး နှိပ်နယ်ပေးရင်ကို ရပါတယ်နော်။

Wash Thoroughly

- ပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာဆေးပါ။

- လည်ပင်းနဲ့ဆံစပ်နားတွေကိုလည်း စင်ကြယ်အောင် ဆေးဖို့မမေ့နဲ့နော်။

- ကျန်ခဲ့တဲ့ မျက်နှာသန့်စင်ဆေးတွေဟာ ချွေးပေါက်တွေကို ပိတ်စေနိုင်တယ်လေ။

- ဒါကြောင့် ရေများများနဲ့ သေသေချာချာလေး မျက်နှာသစ်ရမယ်နော်။

Clean and Soft Towel

- မျက်နှာသုတ်ပုဝါကလည်း နူးညံ့ရပါမယ်။

- အရမ်းနူးညံ့တဲ့ မျက်နှာအရေပြားလေးကို ထိခိုက်မှုမရှိစေနိုင်ဖို့ပေါ့။

- ပြီးတော့ မျက်နှာသုတ်ပုဝါကို သန့်ရှင်းအောင်ထားပါ။

- မသန့်ရှင်းတဲ့ မျက်နှာသုတ်ပုဝါကြောင့် အရေပြားကို ပိုးဝင်နိုင်လို့ပါပဲ။

- မျက်နှာသစ်ပြီးရင် မျက်နှာသုတ်ပုဝါနဲ့ ဖွဖွလေးဖိပြီး ညင်ညင်သာသာလေး သုတ်နော်။

- ကြမ်းကြမ်းတမ်းတမ်းကြီး ပွတ်ဆွဲပြီးသုတ်ရင် နူးညံ့တဲ့ မျက်နှာအရေပြားလေးကို ထိခိုက်သွားမှာပေါ့။


Toner

- ပြီးရင် ရေဓာတ်ကို အခြေခံထားတဲ့ Alcohol Free Toner ကို သုံးပေးပါ။

- Alpha hydroxy acids ပါတဲ့ Toner ကတော့ အကောင်းဆုံးပါ။

- သင့်ရဲ့ အသားအရေကို ချောမွတ် တင်းရင်းစေပြီး ချွေးပေါက်လေးတွေလည်း ကျဉ်းသွားပါလိမ့်မယ်။


Moisturizer

- နောက်ဆုံးအနေနဲ့ မျက်နှာသစ်လိုက်လို့ ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ သဘာဝအဆီတွေကို ပြန်လည်ဖြည့်တင်းပေးဖို့ သင့်အသားအရေနဲ့ သင့်တော်မယ့် Moisturizer ကို လိမ်းလိုက်ပါ။

- မျက်နှာသစ်ပြီးတိုင်း Moisturizer လိမ်းရမှာမို့ Chemical ပါဝင်မှု အနည်းဆုံး Moisturizer ကို ရွေးချယ်ဖို့ မမေ့နဲ့နော်။

- အစိုဓာတ်ကို သေချာပြန်ဖြည့်ဖို့ လိုနေပြီဆိုရင်တော့ ဗီတာမင်အီး (သို့) ရှားစောင်းလက်ပတ်ဆီကို မျက်နှာသစ်ပြီးတိုင်း လိမ်းပေးပါ။ အားလုံး OK သွားလိမ့်မယ်။

ကဲ.. ဒါဆိုရင်တော့ သင်တို့ရဲ့ မျက်နှာသန့်စင်ခြင်းဟာ ပြီးဆုံးသွားပါပြီ။သင့်ရဲ့ မျက်နှာလေးဟာလည်း မိတ်ကပ်လိမ်းဖို့၊ အပြင်ကိုသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ဟုတ်တယ်ဟုတ် !!!ပိုပြီး လှပလန်းဆန်းတဲ့ မျက်နှာပိုင်ရှင်လေးဖြစ်ဖို့ ဒီနေ့ပဲ စလုပ်ကြည့်လိုက်နော်။

www.myanmarskylink.com မှပြန်လည်မျှဝေပါသည်


ကွန်ပြူတာကြည့်သူတိုင်းအတွက်

ငှက်လေး | 3:43 PM | Best Blogger Tips

ခု ခေတ်မှာ ကွန်ပြူတာသုံးတဲ့သူ အရမ်းများတယ်နော်။ ကွန်ပြူတာနဲ့ အလုပ်လုပ်နေရတဲ့သူတွေရှိသလို အင်တာနက်ခေတ်ကြီးမှာ အလုပ်ကြောင့်ဖြစ်ဖြစ် အပျင်းပြေဖြစ်ဖြစ် အင်တာနက်သုံးရင်း အချိန်ကုန်နေတဲ့သူတွေကလည်း အများကြီးပဲလေ။ ဂိမ်းကို စွဲစွဲလန်းလန်းကစားနေတဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ။ အဲဒီတော့ ကွန်ပြူတာအသုံးများလွန်းပြီး မျက်စိပြဿနာတွေနဲ့ ကြုံရပြီပေါ့။ ကွန်ပြူတာအသုံးများလွန်းရင် မျက်စိက အများကြီးဒဏ်ခံရပါတယ်။ မျက်လုံးတွေေ၀၀ါးလာမယ်၊ ကြည့်ရတာလည်း အဆင်မပြေတော့ဘူး၊ မျက်လုံးအိမ်ခြောက်သွေ့လာမယ်၊ မျက်ရိုးကိုက်၊ မျက်ရည်ပူတွေကျမယ်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဇက်ကြောတွေလည်းတက်မယ်၊ မျက်မှန်သမားတွေဆိုရင်လည်း မျက်မှန်က ကြည့်ရတာအဆင်မပြေတော့ဘူး။ ဒါဆိုရင်တော့ မျက်စိက အလုပ်လုပ်ရလွန်းလို့ ဒဏ်မခံနိုင်တော့ဘဲ ဆန္ဒပြလာပြီပေါ့။ မျက်စိပါဝါတိုးမှာကလည်း သေချာသလောက်ပဲနော်။ ကံကောင်းထောက်မစွာနဲ့ပဲ ဒီလိုအခြေအနေတွေကို ရှောင်လွှဲနိုင်မယ့်နည်းလမ်းတွေ အများကြီးရှိပါတယ်။ အရမ်းလွယ်တယ်နော်။ လုပ်ကြည့်ကြရအောင်..။

Use Flat LCD Monitor


- အရင်သုံးနေတဲ့ Tube Monitor တွေအစား Flat LCD Monitor ကို ပြောင်းသုံးပါ။
- Flat LCD Monitor တွေမှာ အလင်းတာကိုလျှော့ချပေးနိုင်တဲ့ မျက်နှာပြင်ပါရှိလို့ မျက်စိကို ထိခိုက်မှုနည်းစေပါတယ်။
- ဒါကြောင့် ကွန်ပြူတာကို အကြာကြီးသုံးနေရတဲ့သူတွေဟာ Flat LCD Monitor ကိုပဲ သုံးသင့်တယ်နော်။

Clean The Screen Regularly

- ကွန်ပြူတာမျက်နှာပြင်ပေါ်က ဖုန်မှုန့်လေးတွေကြောင့် သင့်မျက်စိထိခိုက်နိုင်တယ်ဆိုရင် အံ့သြသွားမှာပဲနော်။
- ကွန်ပြူတာမျက်နှာပြင်က အမြဲထုတ်လွှင့်နေတဲ့ လျှပ်စစ်လှိုင်းတွေရဲ့ တွန်းကန်အားကြောင့် ကွန်ပြူတာမျက်နှာပြင်ပေါ်က ဖုန်မှုန့်လေးတွေက သင့်မျက်လုံးဆီကို တန်းတန်းမတ်မတ်ကို ရောက်လာမှာပဲလေ။
- အဲဒီဖုန်မှုန့်လေးတွေ မျက်စိထဲဝင်သွားပြီဆိုရင် မျက်စိထဲမှာ ခိုးလိုးခုလုတွေဖြစ်မယ်။ မျက်စိကလည်း ပိုဒဏ်ခံရတာပေါ့။
- အဲဒီတော့ ကွန်ပြူတာမသုံးခင် ကွန်ပြူတာမျက်နှာပြင်ကို အရင်ဆုံး သေချာသုတ်လိုက်နော်။


Position Your Monitor At the Proper Distance & Angle

- ကွန်ပြူတာက သင့်ရှေ့တည့်တည့်မှာပဲရှိပါစေ။
- သင့်မျက်နှာနဲ့ ကွန်ပြူတာက ၂ပေလောက် ကွာနေရမယ်နော်။
- ပြီးတော့ ကွန်ပြူတာရဲ့မျက်နှာပြင်က သင့်မျက်လုံးနေရာထက် နိမ့်ရမယ်။
- ကွန်ပြူတာရဲ့အပေါ်ဘောင်က သင့်မျက်လုံးနဲ့တစ်တန်းတည်းဖြစ်နေရင်တော့ အကောင်းဆုံးပဲပေါ့။
- ဒါမှ သင့်မျက်လုံးနဲ့ လည်ပင်းက ပုံမှန်အနေအထားမှာရှိနေပြီး အားစိုက်စရာလည်းမလိုတော့ဘူးလေ။

Turn Down your Screen’s Brightness & Turn Up The Contrast


- ကွန်ပြူတာမျက်နှာပြင်က အရမ်းလင်းနေရင် မျက်စိကိုထိခိုက်နိုင်ပါတယ်။
- တကယ်လို့ အရောင်ကို အဖြူနဲ့အမည်းကြားမှာ သေချာစွာမချိန်ထားဘူးဆိုရင်တော့ အရောင်တွေကို သေချာခွဲခြားနိုင်ဖို့ အားစိုက်ကြည့်နေရတာနဲ့ မျက်စိကဒဏ်ဖြစ်လာတော့မှာပါ။
- ဒါကြောင့် ကွန်ပြူတာရဲ့ အလင်းရောင်နဲ့ အရောင်တွေကို ကြည့်လို့ကောင်းပြီး သင့်တော်တဲ့အနေအထားရအောင် သေချာလေးချိန်ပေးဖို့ လိုတယ်နော်။

Books And Papers Directly Next To Screen

- တကယ်လို့ စာရွက်တွေ၊ စာအုပ်တွေထဲက စာတွေကို ကွန်ပြူတာထဲ ကူးရိုက်ရမယ်ဆိုရင်တော့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ကွန်ပြူတာရဲ့ဘေးကပ်လျက်မှာ ထားသင့်ပါတယ်။
- သင့်မျက်လုံးတွေ များများလှုပ်ရှားစရာ မလိုအောင်ပေါ့။
- သင်ဟာ ကွန်ပြူတာကိုမကြည့်ဘဲ စာတွေကိုအလွတ်ရိုက်နိုင်လား။ ဒါဆိုရင်တော့ အကောင်းဆုံးပဲနော်။
- စာကူးရိုက်နေတုန်း စာအုပ်ကိုပဲကြည့်ပြီး အမှားစစ်မယ့်အချိန်လောက်ပဲ ကွန်ပြူတာကိုကြည့်ပါ။

Create An Environment That Has Lighting Similar To That Of Your Monitor

- အလုပ်လုပ်ဖို့ အဆင်အပြေဆုံးနေရာမှာ စူးရှတဲ့အလင်းရောင်တွေ မရှိရဘူး။
- သင့်တင့်တဲ့ သဘာဝအလင်းရောင် ရှိရမယ်။
- ရောင်ပြန်နိုင်တဲ့ပစ္စည်းတွေလည်း မရှိရဘူး။
- အခန်းရဲ့အလင်းရောင်ဟာလည်း ကွန်ပြူတာရဲ့အလင်းရောင်နီးပါး လင်းနေရမယ်နော်။
- ပြီးတော့ ပြတင်းပေါက် (သို့) အရမ်းလင်းနေတဲ့နေရာနဲ့ မျက်နှာခြင်းဆိုင် မနေမိစေဖို့လည်း သတိထားပါအုံး။

Take A Rest

- လူတွေတောင် အလုပ်အရမ်းလုပ်ရရင် ပင်ပန်းနွမ်းနယ်လာရောလေ။
- နူးညံ့တဲ့ မျက်လုံးလေးတွေဆိုရင်တော့ ပိုဆိုးပြီပေါ့။
- မျက်လုံးကို ခဏအနားပေးကြရအောင်နော်။
- ကွန်ပြူတာကို ၁၅မိနစ်ကြည့်ပြီးတိုင်း အဝေးတစ်နေရာကို တစ်မိနစ်လောက် စူးစိုက်ကြည့်ပါ။
- ၁နာရီကြာတိုင်းလည်း မျက်လုံးကိုခဏမှိတ်ထားပြီး အနားပေးလိုက်ပါ။Blink More
- မျက်စိပြသနာတစ်ချို့ဟာ မျက်တောင်ခတ်နည်းရာကနေ မျက်လုံးအိမ်ခြောက်သွေ့လာလို့ ဖြစ်တာပါ။
- ကွန်ပြူတာ သို့မဟုတ် တစ်ခုခုကို စူးစိုက်ကြည့်နေစဉ်မှာ မျက်တောင်ခတ်ဖို့ မေ့နေတတ်ကြတယ်လေ။
- ဒါကြောင့် နာရီဝက်ကြာတိုင်း မျက်တောင်အခါ၂၀ ခတ်ပေးသင့်တယ်နော်။ Use Eyeglasses With The Proper Prescription
- သင်ဟာ မျက်မှန်တပ်ရသူဆိုရင်တော့ ကိုယ့်မျက်စိပါဝါနဲ့ကိုက်ညီတဲ့ မျက်မှန်ကိုပဲ တပ်ဆင်သင့်တယ်နော်။
- မျက်မှန်မှာ ရောင်ပြန်ပါတဲ့မှန်ကို အသုံးပြုပြီးတော့လည်း ကွန်ပြူတာကြောင့်မျက်စိထိခိုက်ခြင်းကနေ ကာကွယ်နိုင်ပါတယ်။
- မျက်မှန်တပ်စရာမလိုတဲ့ မျက်စိကောင်းသူတွေလည်း ပါဝါမပါဘဲ ရောင်ပြန်ပါတဲ့ မျက်မှန်လေးနဲ့ ကွန်ပြူတာကြောင့် မျက်စိထိခိုက်တဲ့ဒဏ်ကနေ ကာကွယ်နိုင်ပါတယ်။


Do Eye Exercise

- မျက်လုံးလေးတွေကို အားရပါးရ အသုံးချပြီးရင် မျက်လုံးလေးတွေလည်း ညောင်းနေမှာပဲလေ။
- အဲဒီတော့ မျက်လုံးကြွက်သားလေးတွေ အညောင်းပြေအောင် လေ့ကျင့်ခန်းလေးလုပ်ပေးကြရအောင်နော်။
- အလွယ်ဆုံးနဲ့ အကောင်းဆုံးလေ့ကျင့်ခန်းကတော့ ဖြေလျော့တဲ့လေ့ကျင့်ခန်းပါပဲ။
- လက်ဝါးနှစ်ဘက်ကို ပူနွေးလာတဲ့အထိ ပွတ်ပေးပါ။
- ပူနွေးလာရင် မျက်စိမှိတ်ပြီး မျက်လုံးလေးတွေပေါ် ဖွဖွလေးတင်လိုက်ပါ။
- အားနဲ့တော့ မဖိလိုက်နဲ့နော်။
- ပြီးတော့ လက်ချောင်းလေးတွေကြားကနေ အလင်းရောင်မ၀င်နိုင်လောက်အောင်လည်း လက်ချောင်းလေးတွေကို ကပ်ထားရပါမယ်။
- ဒါဆိုရင်တော့ သင့်မျက်လုံးလေးတွေ အညောင်းပြေသွားလောက်ပြီနော်။


ကြာကြာဝါးမယ့်သွားက ဘာစားစား အရိုးကြည့်ရှောင်ရမယ်လေ။ ဒီလိုပဲ မျက်လုံးတွေကိုလည်း တသက်လုံး ကောင်းကောင်းသုံးနိုင်ဖို့ မျက်စိကို ဒဏ်ဖြစ်စေမယ့်အရာတွေကို ရှောင်မှဖြစ်မယ်နော်။ အဲဒီတော့ အထက်ပါနည်းလမ်းလေးတွေကိုလည်း လိုက်နာမယ်၊ မျက်စိအားကောင်းစေတဲ့အစားအစာတွေကိုလည်း အများကြီးစားသုံးပေးမယ်ဆိုရင် သင့်မျက်လုံးလေးတွေဟာ တစ်သက်လုံးအန္တရာယ်ကင်းနေမှာ သေချာပါတယ်။

www.myanmarskylink.com မှပြန်လည်မျှဝေပါသည်

အင်တာနက်သုံးသူတိုင်းသတိထားကြစေချင်ပါသည်

ငှက်လေး | 3:27 PM | Best Blogger Tips
အင်တာနက် ကဖီးတွေမှာ သွားသုံးတဲ့အခါ အထူးသတိထားရမယ့် အရေးကြီး အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ ကိုယ်သုံးမယ့် KeyBoard ကြိုးနဲ့ ကွန်ပျူတာ System Unit နဲ့ ချိတ်မယ့် ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီကွန်ပျူတာမှာ မသုံးတော့နဲ့။ အဲဒီBlack Device က ကိုယ်ရိုက်သမျှ အက္ခရာ ဂဏန်းတွေ အားလုံးကို သိုမှတ် သိမ်းဆည်းလိုက်တဲ့အတွက် သုံးတဲ့သူKeyboard မှာ ရိုက်သမျှ အားလုံးမှတ်ထားလိုက်ရော။ ကိုယ့်ရဲ့ E-mail Password အပါအဝင် အဲဒီနေ့ သုံးသမျှ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အားလုံး ခိုးယူထားခံရပြီသာ မှတ်။ ခရက်ဒစ်ကတ်တို့၊ ဘဏ်စာရင်းတို့သုံးပြီး Online ပေါ်မှာ ဝယ်ချင်တာ ဝယ်လို့ရတဲ့ နိုင်ငံတွေမှာတော့ ပိုဆိုးတာပေါ့။ ခရက်ဒစ်ကတ်နံပါတ်တို့၊ ဘဏ်စာရင်းနံပါတ်တို့ ရိုက်ထည့်လိုက်တာနဲ့ ခိုးပြီးသားပဲ။ နေ့မကူးခင် အင်တာနက်ကဖီးတွေမှာသုံးရင် သတိထား။ ဘဏ်ထဲကရှိတဲ့ ကိုယ်ပိုင်ငွေ ပြောင်ဖို့သာပြင်။ ဒီBlack Device ကို နိုင်ငံအချို့မှာတော့ ဟိုတယ်တွေ၊ ကုန်စည်ြပပွဲတွေ၊ လေဆိပ်တွေနဲ့ အင်တာနက်ကဖီးတွေမှာ အများအားဖြင့် သုံးကြတယ်။ မြန်မာနိုင်ငံမှာတော့ အင်တာနက်ကဖီးတွေမှာ သုံးဖို့များတယ်။ သေချာစစ်ကြည့်ပြီးမှ သုံးပေါ့။ သေချာအောင် ပုံပါထည့်ပေး လိုက်တယ်။ အောက်ကလင့်ခ်လေးနှစ်ခုကိုနှိပ်ကြည့်လိုက်နော်..။
Link.1
Link.2

အနာဂတ်ကြယ်ပွင့်လေးများ မှပြန်လည်မျှဝေပါသည်

ဗိုလ်ချုပ်အောင်ဆန်း၏ ဂန္တ၀င်စံတင်မည့် မိန့်ခွန်းစကားများ

ငှက်လေး | 3:07 PM | Best Blogger Tips

ဗိုလ်ချုပ်အောင်ဆန်း၏ ဂန္တ၀င်စံတင်မည့်မိန့်ခွန်းစကားများ


၁။ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ကြ။
အင်အားမရှိဘဲနဲံ စာရွက်ပေါ်မှာ အချုပ်အခြာ အာဏာပိုင်နှင့် လွတ်လပ်သော နိုင်ငံကို ဘယ်လိုကြီး ရေးသားထား ပေမယ့် ထို၏နောက်မှာ အင်အားကောင်းမရှိလျှင် ဘာမှအဓိပ္ပါယ်မရှိဘူး။ ( နိုင်ငံရေး ရှင်းလင်းပွဲ မိန့်ခွန်း ၁၉၄၇ မတ်လ (၁၉)ရက်)

၂။ပြည်တွင်းပြည်ပအန္တရာယ်ကိုကာကွယ်ကြ။
တိုင်းသူပြည်သား လူအများဟာ ဥမကွဲသိုက်မပျက်တညီတညွတ်တည်း စည်းကမ်း တကျ ရှိဖို့လိုတယ်၊ မလိုတဲ့သူ တွေဘယ်လို တိုက်တိုက်၊ ရှို့ ရှို့ ၊ စစ မိမိအဓိက ပန်းတိုင် ကိုမျက်ခြေပြတ်မခံနဲ့၊ လမ်းမလွဲအောင်ကြိုးစားဖို့ လိုတယ်၊နယ်ချဲ့ သမားကို တ ကယ် တိုက်မယ် ဆိုတဲ့ လူအချင်းချင်းဟာ အချင်းချင်း တိုက်နေဖို့မလိုဘူး တစ်ဦးနှင့် တစ်ဦးဘယ်လိုပဲ သဘောထား ကွဲလွဲ နေပင်မယ့်နယ်ချဲ့ သမား ကို တိုက်ခိုက်တဲ့တပ်ဦးလွန်မှ နယ်ချဲ့ သမားထောက်ခံလမ်းတွေ မလိုက်မိဖို့ လိုတယ်။ (အသံလွှင့်ဟောပြောချက် ၁၉၄၇၊ဇန်န၀ါရီ(၁)ရက်ည၇း၄၀မိနစ်)

၃။ တစ်မျိုးသားလုံး အစွမ်းကုန် ညီညွတ်ကြပါ
တစ်တိုင်းပြည်လုံး ကြီးပွားစေလိုရင် လူအား၊ ငွေအား၊ပစ္စည်းအားနဲ့ စုပေါင်း ပြီးအင်တိုက်၊အားတိုက် လုပ်နိုင်မှ အကျိုးခံစား ခွင့်ရှိကြမှာပဲ၊ဗမာကတစ်မျိုး၊ကရင်ကတစ်ဖုံ၊ရှမ်း၊ကချင်၊ချင်းက တခြားအကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ် ဘူး၊စုပေါင်းမှသာအကျိုးရှိနိုင်တယ်။ ( ပင်လုံစော်ဘွား ညစာစားပွဲ မိန့်ခွန်း ၁၉၄၇.၂.၁၁ ည )

၎။ စည်းကမ်းရှိကြပါ
လွတ်လပ်ရေးဆိုတဲ့အဓိပ္ပါယ်ဟာ စည်းမဲ့ကမ်းမဲ့သဘောမျိုး မဟုတ်ဘူး၊စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ရှိမှသာလျှင် လွတ်လပ်ရေးဆိုတာဖြစ်နိုင်တယ်၊အဲဒီတော့လွတ်လပ်ရေးဆိုတာ ကိုကျွန်တော်တို့ရတဲ့အခါမှာပဲ နားလည်ရမှာက ငါတို့တိုင်းပြည်ဟာ ပိုပြီးစည်းကမ်း ရှိဖို့လိုတယ်၊ရှေ့ကိုလွတ်လပ်ရေးအရသာကို ခံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊စည်းကမ်းရှိကြဖို့၊အခုကတည်းကခင်ဗျားတို့ကိုယ်တိုင် အကျင့်ဆိုးတွေ၊အကျင့်ဟောင်းတွေပြင်ကြဖို့ လိုပြီ။
((မြို့တော်ခန်းမ မိန့်ခွန်း မိန့်ခွန်း ၁၉၄၇ ဇန်န၀ါရီ (၁၃))

၅။ အားလုံးနဲ့သက်ဆိုင်တဲ့အလုပ်
သူတစ်ပါးနိုင်ငံက ကိုယ့်နိုင်ငံကို လာစော်ကားလို့ အသက်စွန့်ပြီးမလျော့တမ်း ကာကွယ်တိုက်ခိုက်တာမျိုးကတော့ အားလုံးနဲ့သက်ဆိုင်တဲ့အလုပ်မျိုးဖြစ်တယ်၊ (ပင်လုံညစာစားပွဲတွင် မြွတ်ကြားသည့် မိန်ခွန်း)

၆။ ဗမာပီပီ ဗမာ့သွေးကိုပြ
ရဲဘော်တို့-----
ကျုပ်အကျယ်ချဲ့ပြီး ရှည်ရှည်ဝေးဝေးမပြောလိုဘူး၊အခုရဲဘော်တို့စစ်မြေပြင်ကိုစစ်ထွက်မယ်၊ဆင်းရဲမယ်ငတ်မယ်၊ အဆင်းရဲ ကို ဂရုမစိုက်နဲ့၊ ရင်မြေကတုတ် လုပ်၊ အောင်ပွဲရအောင် ကြိုးစားဗမာပီပီ ဗမာ့သွေးကိုပြ၊ (မတ်လ၉၂၇)ရက် တော်လှန်ေ၇း ပန်းခြံ တပ်ထွက် မိန့်ခွန်းမှ)

၇။ လူထုအတွက် လုပ်
ကျုပ်အခု နိုင်ငံရေး ဆောင်ရွက်နေတာဟာ သရဖူကြီး လိုချင်လို့ပဲ၊ ကျုပ်ဆောင်း ဖို့မဟုတ်ဘူး၊ လူထုအားလံုး ဆောင်း ရမယ့် လွတ်လပ်ရေးဆိုတဲ့သရဖူကြိးပဲ။ (နေသူရိန် အစည်းအဝေး မိန့်ခွန်း)

၈။ အလုပ်လုပ်ကြ
ပဒေသာပင်ပေါက်အောင်ဆိုရင် ကျွန်တော်တို့အလုပ်လုပ် မှဖြစ်ဆိုတာခင်ဗျားတို့ ခင်ဗျားတို့ နားလည်စေချင်တယ်။ (၁၉၄၇၊ ဧပြီ (၅)ရက်အသံလွှင့်မိန့်ခွန်း)

၉။ သတိထားကြ
တိုင်းပြည်မှာ လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် ဘယ်လိုလူမှစိတ်မချနဲ့။ သူတို့မလိမ်နိုင်အောင် ကြိုးချည်ထားပါ လို့ ပြောချင်တယ်။
(ရန်ကန်ုမြို့လုံးဆိုင်ရာ ဖဆပလ ညီလာခံမိန်ခွန်း)

၁၀။ ကြိုးစားကြ
အတော့်ကိုပြဲအောင်ကြိုးစားလုပ်နိုင်မှအဲဒါ အတော်ကို ကုန်းနိုင်မှ အနှစ် (၂၀)လောက်ရှိတဲ့အခါ တော်ကာကျမယ်။
(အသံလွှင့် မိန့်ခွန်း ၁၉၄၇၊ဧပြီ (၅)ရက်)

ဖတ်မိ သလောက်စုစည်း တင်ပြလိုက်ပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းကြပါစေ

mm-flashsongs မှ ပြန်လည်မျှဝေပါသည်

Monday, January 23, 2012

ကလေးများအတွက်......ဆောင်ရန်..ရှောင်ရန်များ

ငှက်လေး | 6:37 AM | Best Blogger Tips
သူငယ်ချင်းတို့အားလုံး မင်္ဂလာပါခင်ဗျာ

ကျွန်တော့်ရဲ့ဘလော့လေးကို လာရောက်အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်နော်

ဒီဘလော့လေးက သူငယ်ချင်းတို့အတွက် ဗဟုသုတရမယ့် စာစုလေးတွေကို သူငယ်ချင်းတို့နေ့စဉ် ဖတ်နိုင်အောင်ကျွန်တော် ကြိုးစားတင်ပေးပါ့မယ်ခင်ဗျာ

ဒီတခါတော့ သူငယ်ချင်းတို့ဟာ တနေ့ ဖေဖေ မေမေ ဖြစ်လာကျမှာပါ။အဲဒီအခါ ကိုယ့်သားသားမီးမီးလေးတွေကို ဂရုစိုက်ပုံ နည်းလမ်းလေးတွေကို ပုံလေးနဲ့ တင်ပြလိုက်ပါတယ်နော်

အမှားပါတာ အဆင်မပြေတာများရှိရင် ခွင့်လွှတ်နားလည်ပေးကျပါနော် :)













သြော်........မှတ်သားလောက်တယ်နော်....... :P

GTU online မှပြန်လည်မျှဝေသည်

ယောက်ျားလေး နဲ. မိန်းကလေး ကွာခြားချက်

ငှက်လေး | 6:27 AM | Best Blogger Tips

၁) မိန်းကလေးရဲ့ ဦးနှောက်ဟာ ယောက်ျားလေးထက် သေး တယ် ဆိုသော်ငြားလည်း မိန်းကလေးတွေရဲ့ မှတ်ဥာဏ်က ယောက်ျားလေးထက် ၃%မြင့်ကြောင်း စမ်းသပ်မှုအရ သိရ တယ်။ ဒါပေမယ့် မိန်းကလေးအများစုက ကိုယ့်ချစ်သူ
ပိုထက်တယ်လို့ ထင်မြင်စေအောင် လူအများရှေ့မှာ တုံးအချင် ဟန်ဆောင် တတ်ကြသည်။

၂) မိန်းကလေးတွေက ရေတာဖမ်းစက်နဲ့ တူတယ်။ သူတို့ရှေ့မှာ လိမ်ဖို့ ကြိုးစားလို့ မရဘူး။ မိန်းကလေးတွေရဲ့ ဦးနှောက်မှာ ခန္ဓာစကား (body language) ကို နားလည်တဲ့ အစွမ်းရှိတာ ကြောင့် ယောက်ျားလေးတွေကို ကိုယ်အမှုအရာတွေနဲ့
လှည့်စား လို့ရတယ်။

၃) မိန်းကလေးတွေက တစ်ဖက်မှာ စကားကို အကျယ်ကြီး ပြောရင်း တစ်ဖက်မှာ စဉ်းစားတယ်။ ယောက်ျားလေးတွေက အဲဒီလို မဟုတ်ဘူး။ ဒါကြောင့်ယောက်ျားလေးတွေက မိန်းကလေးတွေကို ပစိပစပ်များတယ်လို့ ထင်ကြတယ်။

၎) မိန်းကလေးတွေက သူတို့မကျေနပ်တာ၊ စိတ်ညစ်တာတွေကို ရင်ဖွင့်တာဟာစိတ်ဖိအားကို လျော့စေချင်လို့ဖြစ်တယ်။ ယောက်ျားလေးတွေ ဆီကနေ အကြံဥာဏ်ရချင်လို့ မဟုတ်ပါဘူး။ သူတို့ရင်ဖွင့်တာကို
နားထောင်ပေးမယ့်လူရှိဖို့ပါပဲ။

၅) ယောက်ျားလေးတွေက ကိုယ့်ချစ်သူကို ချစ်တဲ့အကြောင်း စိတ်ခံစားမှုကိုစာစီပြီး မဖွဲ့နွဲ့ပြတတ်ဘူး။ဒါကြောင့် ကိုယ့်ချစ်သူကို ကတ်လေးတွေ လက်ဆောင်ပေးတဲ့အခါ ကိုယ်ရေးဖို့နေရာမရှိအောင် စာတွေ
အများကြီးပါတဲ့ ကတ်ကိုပဲ ရွေးဝယ်တတ်ကြတယ်။

၆) မိန်းကလေးတွေက စပြီး လမ်းခွဲစကား ပြောတာဟာ ယောက်ျားလေးတွေ ပေးကမ်းတဲ့ လက်ဆောင် ပစ္စည်းတွေ မလုံလောက်လို့ မဟုတ်ဘူး။ သူတို့အတွက် အချစ်တွေ မလုံလောက်ဘူးလို့ ထင်လို့ပါ။

၇) မိန်းကလေးတွေက တစ်နေ့ကို စကားလုံးပေါင်း ၂သောင်းကျော် သုံးပြီး စကားပြောတတ်ကြတယ်။ ယောက်ျားလေးတွေက ၇ထောင်ကျော်ပဲ သုံးတယ်။

၈) အချစ်ရေးမှာ အဆင်မပြေတဲ့ မိန်းကလေးတွေက အလုပ်ကို စိတ်ဝင်တစား မလုပ်တတ်ကြဘူး။ အလုပ်အဆင်မပြေတဲ့ ယောက်ျားလေးတွေက အချစ်ရေးကို စိတ်ဝင်မစားကြဘူး။

၉) ယောက်ျားလေးတွေက တစ်ကြိမ်မှာ အလုပ်တစ်ခုပဲ လုပ်နိုင်တယ်။

ဥပမာ ကားရပ်ပြီး ကားကက်ဆက်ကို ပိတ်ပြီးမှ လမ်းညွှန် မြေပုံကို ကြည့်တတ်ကြတယ်။ မိန်းကလေးတွေက တစ်ကြိမ်ထဲမှာ အလုပ်အများကြီး လုပ်နိုင်တယ်။

ဥပမာ တီဗွီကြည့်ရင်း ဖုန်းပြောရင်း လက်သည်းတွေ ပြင်နေတတ်သလို ဖုန်းပြောရင်းကြော်လှော်နေလို့ရတယ်။

၁၀) ယောက်ျားလေးအများစုက ကိုယ့်ချစ်သူနဲ့ ဈေးဝယ်ထွက်ပြီး မိနစ်၂၀ ကြာရင် ဦးနှောက် သွေးယိုစီးတဲ့ လက္ခဏာ ဖြစ်တတ်တယ်။

၁၁) ယောက်ျားလေးတွေရဲ့ ဦးနှောက်ထဲမှာ ၁၅% ကနေ ၂၀% အထိလောက်က မိန်းကလေးဆန်တဲ့ အစိတ်အပိုင်းရှိပြီး မိန်းကလေးတွေမှာ ၁၀% လောက်သာ ယောက်ျားဆန်တဲ့ အစိတ်အပိုင်းရှိတယ်။ ဒါကြောင့် ယောက်ျားလိင်တူ
ချစ်ကြိုက်နှုန်းဟာ မိန်းကလေးလိင်တူ ချစ်ကြိုက်နှုန်းထက် များခြင်းဖြစ်တယ်။

အိမ်လွမ်းသူ မှပြန်လည်မျှဝေသည်

Sunday, January 22, 2012

.....ဆရာမ နဲ့ သူ့တပည့်များ..... ဟာသလေးပါ:P

ငှက်လေး | 9:05 AM | Best Blogger Tips
ဆရာမ မရှိတော့ ပွတ်လောရိုက်နေကြ၏။ မကြာခင်မှာတစ်ကျောင်းလုံးကကြောက်သော မျက်နှာထားတင်းတင်း ဆရာမ အတန်းထဲဝင်လာ၏။ မီးကိုရေနဲ့ ငြိမ်းလိုက်သလို ချက်ချင်း တိတ်ဆိတ်ငြိမ်ကျသွား၏။
"ဂွတ်မောနင်း တီချာ"
' ဘာလဲ၊ မင်းတို့က ဒါပဲတက်သလား၊ နေ့ခင်း ညနေခင်း တစ်နေ့လုံးအတွက်ပါသွားအောင် မပြောတက် ကြတော့ဘူးလား'
ထိုအခါ တပည့်လေးများက
"ဂွတ်မောနင်း၊ အားဖတားနွန်း၊ အီးဗီးနင်း "ဟု ညီညီညာညာ ရွတ်ပြလိုက်ကြ၏။
'မကောင်းဘူးရှည်တယ်၊ တစ်နေ့လုံးပါသွားအောင် အကောင်းဆုံး စဉ်းစားကြ'
ခဏကြာတော့ တပည့်လေးများက
"ဂွတ်ဟိုးလ်ဒေး တီချာ"
အေး၊ အဲဒါမှန်တယ်၊ ကဲ စာသင်မယ်၊ ငါက စကားတစ်လုံး၊ ဒါမှမဟုတ် ၀ါကျတစ်ကြောင်း ရွတ်ပြလိုက်မယ်၊ မင်းတို့က ဆန့်ကျင်ဘက် ၀ါကျကို ပြန်ပြောရမယ်၊ ကဲ စပြီ ၊ လိမ်မာသော...
တပည့်လေးများက မဆိုင်းမတွပင် မိုက်သော ဟု ညီညီညာညာ ပြောလိုက်ကြသည်။
ဆရာမက' မြင့်သော'
တပည့်လေးများက "နိမ့်သော"
'ကျဉ်းသော'
"ကျယ်သော"
'၀သော'
"ပိန်သော"
'ပေါ်ပျူလာဖြစ်သော'
"ပေါ်ပျူလာမဖြစ်သော"
'မဟုတ်ဘူး၊ မှားတယ်'
"ဟုတ်တယ်၊ မှန်တယ်"
'ဟာ၊ အမိုက်အမဲလေးတွေ"
"ဟာ၊ အလိမ်မာကြီးတွေ"
'အို၊ ဘုရားသခင်'
"အို၊ ကျေးကျွန်"
'ဟဲ့၊ ငါမေးနေတာ မဟုတ်ဘူး'
"ဟဲ့၊ ငါဖြေနေတာ မဟုတ်ဘူး"
'အမလေး၊ သေတော့မှာပဲ'
"အမလေး၊ ရှင်တော့မှာပဲ"
'ဟေ့ ရပ်တော့'
"ဟေ့ စတော့"
'တော်ပြီ၊ သင်တန်းပြီးပြီ'
"တော်သေးဘူး၊ သင်တန်းစပြီ"
'နင်တို့ဟာ နင်တို့ စစ မစစ ငါသွားပြီ'
တပည့်များ ဆန့်ကျင်ဘက်ဝါကျ စဉ်းစားမရခင်မှာ ဆရာမ အတန်းအပြင်ဘက် ရောက်သွားတော့၏။

ချစ်သူနဲ့ အမြဲအဆင်ပြေနိုင်ဖို့သိသင့်တဲ့ အချက်များ

ငှက်လေး | 9:00 AM | Best Blogger Tips
၁. အကယ်၍ သင်ဟာ သင့်ချစ်သူကို တကယ်ချစ်မိပြီဆိုရင် အရာရာကို ပေးဆပ်ရပါတော့မယ်..
ဒါပေမယ့် ကိုယ်ဟာမိန်းကလေးဆိုရင် ချစ်သူတောင်းဆိုတိုင်းမလိုက်လျေ
ာ့သင့်ပါဘူး
ယောက်ျားလေးတယောက်ဆိုရင်လည်း ချစ်သူကို တကယ်ချစ်ရင် ရမ္မက်ပါတာမျိုးကို မတောင်းဆိုသင့်ပါဘူး.။ကိုယ့်ချစ်သူကို တန်ဖိုးထားသင့်ပါတယ်..။
မိန်းကလေးတွေဘက်ကလည်း ကိုယ့်ကိုကိုယ်မှ တန်ဖိုးမထားရင် ဘယ်သူကမှ တန်ဖိုးမထားတော့ဘူးဆိုတာ သဘောပေါက်ထားပါ..။

၂. အကယ်၍ သင်ဟာ ချစ်သူကို စိတ်ဆိုးစေမယ့်အရာတစ်ခုခုကို လုပ်မိတယ်ဆိုရင် ချစ်သူ စိတ်ဆိုးပြေတဲ့အထိ ရှင်းပြပါ.. ဖြေရှင်းချက်ပေးပါ... ။ တစ်နေ့နေ့ နားလည်လာပါလိမ့်မယ် တကယ်ချစ်ရင် ခွင့်လွှတ်မှာပေါ့ဆိုတဲ့ ရူးကြောင်ကြောင် အတွေးမျိုးတွေကို ဖျောက်ဖျက်ထားပါ...

၃. ကိုယ့်ချစ်သူက မှားကြောင်းဝန်ခံပြီး ဖြေရှင်းချက်ပေးတာက အကျိုးအကြောင်းသင့်လျော်ရင် ခွင့်လွှတ်ပေးလိုက်ပါ.. တစ်ခုတော့ ရှိပါတယ် သစ္စာမရှိတဲ့ လုပ်ရပ်ဆိုရင်တော့ ပြန်စဉ်းစားလိုက်ပါတော့.....။

၎. သင်ဟာ သင့်ချစ်သူကို စိတ်ဆိုးခဲ့ပြီဆိုရင်လည်း သူ ဘာ့ကြောင့် ဒီလိုဖြစ်တယ်.. သူ့ကို ဘာကြောင့် စိတ်ဆိုးတယ်ဆိုတာကို ပြောပြပါ... သူက အကြားအမြင်ရနေတဲ့ လူတစ်ယောက်မဟုတ်သလို သင့်စိတ်ထဲကိုလည်း သူအကုန် ၀င်ကြည့်လို့ မရပါဘူး သင်မှ မပြောရင် သူမသိနိုင်ပါဘူး ..

၅. စိတ်ဆိုးလို့ ဖုန်းမကိုင်တာ အဆက်အသွယ် မလုပ်တာမျိုးတွေကို ရှောင်ပါ.. သူ့ဖြေရှင်းချက်ကို ဆုံးအောင်နားထောင်ပြီးမှ ဆုံးဖြတ်ပါ.. တစ်ခဏ အတွေးတိမ်ခြင်းဟာ ဘ၀တစ်ခုလုံး အတွက် နောင်တရစရာဖြစ်နိုင်လို့ပါ.

၆. ချစ်သူကို စိတ်ချမ်းသာအောင်ထားပါ။ သင့်ကြောင့် စိတ်ဆင်းရဲ စေမယ်ဆိုရင် ကြာရင် စိတ်ကုန်သွားပြီး နောက်ထပ် အသစ်ရှာသွားနိုင်လို့ပါပဲ..။စိတ်ချမ်းသာအောင်ဆိုတဲ့နေရာမှာလည်း သူ့နေရာနဲ့ သူ့အတိုင်းကို ဆိုလိုခြင်းဖြစ်ပါတယ်..။

၇. ချစ်သူအချင်းချင်း ကိုယ့်ဘက်က မှားတာရှိရင် တောင်းပန်ဖို့ ၀န်မလေးပါနဲ့..။မိန်းကလေးမို့ ယောက်ျားလေးကပဲ ချော့ရမယ်ဆိုပြီး မတောင်းပန်တာမျိုးကိုရှောင်ပါ...။ယောက်ျားလေးမို့သိက္ခာကျတယ်ဆိုပြီး မတောင်းပန်တာမျိုး မလုပ်မိပါစေနဲ့..။ချစ်သူတွေမှာ ကိုယ်နာတာ သူသာတာမရှိပါဘူး ..

၈. ဆွယ်တော်ရွက်လိုသဘောထားနိုင်ပါစေ...။၂လွှာပေါင်းမှ တရွက်ဆွယ်တော်ရွက်လိုပဲ ချစ်သူ၂နှစ်ကလည်း ၂ယောက်ပေါင်းမှ တစ်ဘ၀ဆိုတာ အမြဲသတိရနေပါ.။ စိတ်ညစ်စရာကအစ ပျော်စရာအဆုံး ဖွင့်ဟနိုင်အောင်လုပ်ပါ. မိသားစု အရေးက အစ နှစ်ဖက် ပွင့်ပွင့်လင်းလင်း ပြောပါ.. ဘာလို့လဲဆိုတော့ တစ်နေ့ဒီလူနှစ်ယောက်ပဲ တစ်သက်လုံးပေါင်းဖက်မှာ မို့လို့ပါပဲ..။ရှက်စရာမဟုတ်သလို သရော်လှောင်ပြောင်ရမယ့် ကိစ္စလည်း မဟုတ်ပါဘူး .။

၉. ရိုးသားပွင့်လင်းကြပါ..။တစ်ယောက်နဲ့တစ်ယောက်လျှို့ဝှက်ချက်မထားပါနဲ့..။အခု မသိလည်း နောင်သိမယ့် ကိစ္စတွေပဲဆိုတာ သတိရပါ...။

၁၀. စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့ ကိစ္စမှန်သမျှကို ရှင်းပါ.. ။ အခုရှုပ်မှ နောင်ရှင်းမည်ဖြစ်သည်..( အခုရှင်းမှ နောင်မရှုပ်မည်... :P )
မသိချင်ယောင်ဆောင်မနေပါနဲ့ .။ ရင်ထဲက အလုံးတွေများလာရင် တစ်ချိန်ချိန်မှာ အစုလိုက်အပုံလိုက်ပေါက်ကွဲထွက်ပြီးတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်စရာတွေ ဖြစ်လာပါလိမ့်မယ်.. ။ တစ်ခုကို တစ်ခု ဖြစ်ဖြစ်ချင်းရှင်းတတ်ကြပါစေ.....

၁၁. ကိုယ့်ရဲ့ ချစ်သူရည်းစားမှာ ယောက်ျားလေး သူငယ်ချင်း မိန်းကလေးသူငယ်ချင်းဆိုတာ အနည်းနဲ့ အများရှိမှာပဲလေ.. ချစ်သူကို ယုံကြည်တယ်ဆိုရင် သိပ်မချုပ်ချယ်ပါနဲ့.။ စိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ရဲ့ သစ္စာတရားကို အထင်မလွဲမိပါစေနဲ့..။ပညာရှိနည်းသုံးပြီး သူ့သူငယ်ချင်းအားလုံးကို ကိုယ်နဲ့ ခင်အောင်ပေါင်းထားပေါ့..။ သူ့အကြောင်းတောင် စုံစမ်းလို့ရသေး :P

၁၂. မိမိကိုယ်တိုင်လည်း သစ္စာရှိပါစေ.. ။ ချစ်သူက ဘယ်လောက်ပဲ သစ္စာရှိနေပါစေ..။ ကိုယ်က ရှုပ်နေခဲ့မယ်ဆိုရင် အဲ့လိုအချစ်မျိုးက ကြာကြာခံမယ် မထင်ပါနဲ့..။ မင်းတစ်ယောက်တည်းကိုပဲ ချစ်တာပါ ကျန်တဲ့ချစ်သူတွေက အလကားပါလို့ ပြောတိုင်း မယုံမိပါစေနဲ့..။ ပါးစပ်ပါရင် စကားဆိုတာဖြစ်မှာပါ..။ကိုယ်တိုင်သစ္စာရှိမှ ချစ်သူက သစ္စာရှိနိုင်မယ်ဆိုတာ အမြဲတွေးထားပါ..။

၁၃. ကြားစကားများကို တတ်နိုင်သလောက်မယုံမိအောင်ကြိုးစားပါ..။ ပတ်ဝန်းကျင်ဆိုတာ လိုတဲ့လူတွေ ရှိသလို မလိုတဲ့လူတွေ မနာလိုတဲ့လူတွေဆိုတာကလည်း ရိုက်သတ်လို့ ကုန်မယ်မထင်ပါဘူး.။ ဒီတော့ ကိုယ်ကိုကိုယ် ချင့်ချိန် စဉ်းစားပြီးမှ ယုံပေါ့...။ မျက်စိနဲ့ တပ်အပ်မြင်တာမျိုးဖြစ်ဖြစ် သက်သေ အထောက်အထား ခိုင်ခိုင်မာမာ ပြနိုင်တာမျိုးပဲဖြစ်ဖြစ် ကိုယ်တကယ် ကိုယ့်အပေါ်ကောင်းစေချင်တဲ့ လူမျိုးက ပြောမှ ယုံသင့်ပါတယ်..။ ကြားလေသွေးလို့ ဝေးသွားရတာမျိုးမဖြစ်စေရအောင် ကိုယ့်ဦးနှောက်နဲ့သေချာစဉ်းစားပြီး ယုံသင့်ပါတယ်.။

၁၄. နားလည်မှုရှိတတ်ကြပါစေ..။ချစ်သူတွေကြားမှာ အရေးကြီးဆုံး က နားလည်မှုပါပဲ..။ နားလည်မှုနဲ့ အရာရာကို တည်ဆောင်နိုင်လို့ပါပဲ။ ကိုယ့်ချစ်သူကို အချစ်စစ်နဲ့ချစ်တယ်ဆိုရင် နားလည်မှု တတ်နိုင်သလောက်ပေးပြီး အစစ အရာရာ အတွက် ညှိနှိုင်းဖြေရှင်းနိုင်ကြပါတယ်...။

၁၅. အကောင်းမြင်တတ်ပါစေ။ ကိုယ်က ချစ်နေတဲ့လူဆိုရင် ကိုယ့်ချစ်သူ ဘာပဲ လုပ်လုပ် ကောင်းတယ်လို့ ဖြစ်တတ်ကြတာသဘာဝ ပါပဲ..။ချစ်သူရဲ့ အပြုအမူတိုင်းဟာ ကိုယ့်အတွက် ချစ်ဖို့ကောင်းပြီး လုပ်သမျှ အကောင်းမြင်လို့ရနေရင် သေချာပါပြီ ကိုယ်ဟာ သူ့အပေါ်အကောင်းမြင်ဝါဒီစွဲ တစ်ယောက်ဖြစ်ခြင်းမသိဖြစ်နေပါပြီ...။

၁၆. ကိုယ့်ချစ်သူနဲ့ပတ်သတ်ပြီး အရာရာ အလေးအနက်ထားတတ်ပါစေ..။သင်ဟာ ယောက်ျားလေး ဖြစ်စေ မိန်းကလေးဖြစ်စေ သင့်ချစ်သူနဲ့ ပတ်သတ်တဲ့ အရာတိုင်းကို အလေးအနက်ထားပါ..။
ဥပမာ- ချစ်သူရဲ့ မွေးနေ့ ၊ အမှတ်တရ ရက်စွဲများ ၊ နှစ်ပတ်လည်များကို တတ်နိုင်သလောက် မမေ့ပါစေနဲ့..။ ချစ်သူရဲ့ အလေးအနက်ထားတတ်ခြင်းက ချစ်ခံရသူရဲ့ စိတ်ကို 90% လောက်အထိ အချစ်တွေ တိုးတက်လာစေပါတယ်...


အားလုံး ချစ်ရသူနဲ့ အဆင်ပြေပြီး ထာဝရ လက်တွဲသွားနိုင်ကြပါစေ...။


မိုးသောက်ကြယ်

င်္Forward mail မှ ပြန်လည်ဝေမျှသည်

ကျွန်တော်တို့၏ ပထမဆုံး အလုပ်တွင် ရှောင်လွှဲရမည့် အမှား (၈) ရပ်

ငှက်လေး | 8:50 AM | Best Blogger Tips
ကဲ...ကျွန်တော်တို့ တက္ကသိုလ်ကနေ ဘွဲ့တစ်ခုရပြီး ၊ စီးပွားရေးတွေကျဆင်းနေတဲ့ ကြားထဲက အလုပ်တခုရပြီနော် ၊ ဂုဏ်ယူပါတယ်။ အခုမှ တကဲ့လုပ်ငန်းခွင် ဘဝစမှာပါ။ အခု ပထမဆုံး အလုပ်မှာ ပိတ်မိမနေဘဲ နောက်နောင် ယခုထက်ပိုကောင်းတဲ့ အလုပ်တွေရပြီး၊ အောက်ပါပြောထားတယ့် အလွဲရှစ်ရပ်ကို ရှောင်ကျဉ်ဖို့လိုပါတယ်ခင်ဗျာ..... :)

(က) ဆန္ဒစောခြင်း

ပထမဆုံး အလုပ်ခွင်ဝင်တဲ့နေ့မှာ ကိုယ့်အစွမ်းအစကို သိအောင်ထုတ်ပြချင်တာကတော့ သဘာဝပါပဲ။ ဒါပေမယ့် အများအမြင်မှာ ကိစ္စတစ်ခုကို တက်တက်ကြွကြွ ဦးဆောင်လုပ်တာနဲ့ လူတွင်ကျယ်အောင်လုပ်တာနဲ့ သိပ်မကွာဘူးဖြစ်နေတတ်တယ်။ "They Don't Teach Corporate in College" စာအုပ်ကို ရေးသားသူ Alexandra Levit ကတော့ ဒီလိုဆိုပါတယ်။ "ကိုယ့် နာမည်ရဖို့ ကိစ္စတွေကို ချက်ချင်း ဝုန်းဒိုင်း ဝုန်းဒိုင်း ထမလုပ်ပါနဲ့ ၊ သူများတွေ ဘယ်လိုအလုပ်လုပ်တယ် ၊ သူတို့ စိတ်ကူးတွေကို ဘယ်လို တင်ပြတယ်ဆိုတာကို အရင် လေ့လာပါ။ ဘယ်လို အလုပ်လုပ်ကြတယ် ဆိုတာကို သေချာသိပြီဆိုမှ သင့်ရဲ့ အကြံကို တင်ပြပြီး သူရဲ့ထင်မြင်ယူဆချက်ကို တောင်းခံပါ။"

(ခ) အချိန်ယူလွန်းခြင်း

ကိုယ့်ရဲ့ပထမဆုံး ဌာနတွင် အစည်းအဝေးကို ပြုပြင်ပြောင်းလဲစရာတွေ ရေးမှတ်ထားတဲ့ စာရွက်ကြီးနဲ့ မသွားသင့်သလို၊ အလုပ်စလုပ်တဲ့ပထမတလလုံး အခန်းထဲမှာငုတ်တုတ်ထိုင်ပြီး တခြားလူတွေက လာမိတ်ဆက်မှာကို စောင့်မနေသင့်ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးမှုရယူပြီး သူတို့ဘာတွေ လုပ်တယ်ဆိုတာလေ့လာသင့်ပါတယ်။ လူတွေက ကိုယ့်ကိုလျှစ်လျူရှုထားတယ်ဆို ပြီး အမြင်မစောင်းသင့်ပါဘူး။

(ဂ) နည်းပညာကို တလွဲသုံးခြင်း

အစည်းအဝေးလုပ်နေတုန်း text message ပို့လို့ရလား ၊ ရုံးချိန်အတွင်း Facebook သုံးလို့ရလား အလုပ်လုပ်ရင်းနဲ့ i-pod နားထောင်လို့ ရလား။ ဒီကိစ္စတွေကို ကုမ္ပဏီ တခု နဲ့ တခု ခွင့်ပြုတာခြင်း မတူကြပါဘူး။ တခြားလူတွေ ဘယ်လို နည်းပညာကို သုံးနေကြတယ်ဆိုတာကို ဂရုစိုက်လေ့လာပါ။

(ဃ) အစတည်းကတည်းက ယဉ်သကို

အဝတ်ဝတ်တာကအစ ၊ လက်ဆွဲနှုတ်ဆက်တာအဆုံး အခြားလူတွေကလူသစ်ဖြစ်တဲ့သင့်ကို သတိထားစောင့်ကြည့်နေလိမ့်မယ်။ Levit ကလူတွေနဲ့ ပထမဆုံးတွေတဲ့အချိန်မှာသင်ဘယ်လို ပြုမူတယ်ဆိုတာကို အထူးသတိထားဖို့အဆိုပြုထားပါတယ်။

(င) သင့်အထက်လူကြီး လိုအပ်ချက်များအား
လေ့လာခြင်း

အလုပ်ခွင်ဝင်ဝင်ခြင်းပထမသုံးလအတွင်း သင့်အထက်လူကြီးက သင့်ထံမှဘာတွေ မျှော်လင့်ထားတယ်ဆိုတာ သိအောင်လုပ်ဖို့လိုပါတယ်။ အလုပ်အကိုင်အကြံပေး Peter Jacobs ကတော့သင်ရဲ့လူကြီးနဲ့ ပုံမှန်တွေဆုံဆွေးနွေးပြီး နှစ်ဦးနှစ်ဖက်လိုအပ်ချက်တသားထဲဖြစ်အောင် လုပ်ဖို့လိုကြောင်း တိုက်တွန်းပြောဆိုထားပါတယ်။

(စ) သင့်အထက်လူကြီးကို နားမလည်ခြင်း

သင်နှင့်သင့် အထက်လူကြီး ပြောဆိုဆက်ဆံပုံ စတိုင်ချင်း တူခြင်မှတူပါလိမ့်မယ်။ သူဘယ်လိုပြုမှုပြောဆိုဆက်ဆံတာကို နှစ်သက်တယ်ဆိုတာ သိအောင်လေ့လာပါ။ သင့်လူကြီးက သတင်းအချက်အလက်တွေကို နှစ်သက်တယ်ဆိုတာ သိအောင်လေ့လာပါ။ သင့်လူကြီးကသတင်းအချက်အလက်တွေကို အီးမေးနဲ့လိုချင်တာလား၊ အစီရင်ခံစာနဲ့လိုချင်တာလား၊ ဘယ်လိုပုံစံနဲလိုချင်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ အမြဲတမ်းအစီရင်ခံနေဖို့လိုလား၊ အရေးကြီးအကြောင်းအရာတွေကိုပဲသိချင်တာလား၊ ဆိုတာသိအောင်လုပ်ဖို့လိုပါလိမ့်မယ်။

(ဆ) အထီးကျန်စွာ နေထိုင်ခြင်း

သင့်အထက်အရာရှိသည် လွန်စွာအသုံးဝင်သော အရင်းအမြစ်တခုဖြစ်ပါသည်။ သို့သော်လည်း ခိုင်မာသော အသက်မွေးဝမ်းကြောင်း အလုပ်တခုတည်ဆောက်နိုင်ရန် လူအများအပြားထံမှ အကြံဥာဏ်များရယူရန်လိုအပ်သည်။ မိမိအားနည်းမှန်လမ်းမှန်ကို ညွှန်ပြပေးနိုင်မည့်ဆရာကောင်းများ၊ တိုင်ပင်ဆွေးနွေစရာပုဂ္ဂိုလ်များရှာဖွေထားရန်လိုသည်။

(ဇ) အလုပ်ကို တန်ဖိုးမထားခြင်း

သင်၏လက်ရှိအလုပ်က အရမ်းကောင်းတာပာုတ်ချင်မှပာုတ်ပါလိမ့်မည်။ ဒါပေမဲ့ လက်ရှိအလုပ်မှာ အတတ်ပညာသစ်တွေကို ရနိုင်တဲ့အခွင့်အရေး၊ စီးပွားရေးအခွင့်အရေးလောကအကြောင်းကို လေ့လာနိုင်တဲ့အခွင့်အရေး၊ အသိမိတ်ဆွေအသစ်တွေကိုရနိုင်တဲ့အခွင့်အရေးအဖြစ် ရှုမြင်နိုင်မယ်ဆိုရင် အကျိုးရှိပါလိမ့်မယ်။ယခုအချိန်ကို သိမှတ်စရာတွေ သင်ယူရတဲ့ အချိန်အဖြစ် သဘောထားပြီး ပျော်ပျော်နေလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအချိန်ကို နောင်ဘယ်တော့မှ ပြန်ရနိုင်မှာမပာုတ်တော့လိုပါ။


Forward mail မှပြန်လည်မျှဝေသည်

အသက်ရှင် နေထိုင်မှု ၁၀ ချက်.....

ငှက်လေး | 8:30 AM | Best Blogger Tips
သူငယ်ချင်းတို့ အားလုံးမင်္ဂလာပါ

ကျွန်တော်တို့ဟာ အကြောင်းအမျိုးမျိုးနဲ့ အသက်ရှင်နေထိုင်ပီ ဘဝကိုရှေ့ဆက်ကျရပါတယ်
အဲဒီလိုရုန်းကန်နေကျတဲ့ကျွန်တော်တို့ဟာ ဘဝမှာအဓိပ္ပါယ်ရှိရှိ နေထိုင်နိုင်ဖို့ အချက်လေး(10)ချက်ကို လိုက်နာမယ်ဆိုရင် ကျွန်တော့်တို့ဟာ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်မယ့် လူတော်လူကောင်းလေးတွေဖြစ်လာမှာ မလွဲဧကန်ပါ....:)

အဲဒီအချက်လေး(10)ချက်ကတော့

The most selfish ONE letter word "I" - Avoid it.
The most satisfying TWO letter word "WE" - Use it.
The most poisonous THREE letter word "EGO" - Kill it.
The most used FOUR letter word "LOVE" - Value it.
The most pleasing FIVE letter word "SMILE" - Keep it.
The fastest spreading SIX letter word "RUMOUR" - Ignore it.
The hardest working SEVEN letter word "SUCCESS" - Achieve it.
The most enviable EIGHT letter word "JEALOUSY" - Distance it.
The most powerful NINE letter word "KNOWLEDGE" - Acquire it.
The most essential TEN letter word "CONFIDENCE" - Trust it.
(1)The most selfish one-letter word is' I ' . Avoid it. အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကတော့ `ငါ´ ပါ။ အဲဒါကို ရှောင်ကျဉ်ပါ ... တဲ့။
(2)The most satisfying two-letter word is' We ' . Use it. အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး စကားလုံးကတော့ `ငါတို့´ ပါ။ အဲဒါကို အသုံးပြုပါ တဲ့။

(3)The most poisonous three-letter word is' Ego ' . Kill it. အက္ခရာသုံးလုံးနဲ့ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံးစကားလုံးဟာ `အတ္တ´ ပါ။ အဲဒါကို သတ်ပစ်ပါ။

(4)The most used four-letter word is' Love ' . Value it. အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့ `ချစ်ခြင်းမေတ္တာ´ ပါ။ အဲဒါကို တန်ဖိုးထားပါ။

(5)The most pleasing five-letter word is' Smile '. Keep it. အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာအကောင်းဆုံးစကားလုံးကတော့ `အပြုံး´ ပါ။ အဲဒါကို ဆောင်ထားပါ တဲ့။

(6)The fastest spreading six-letter word is' Rumour '. Ignore it. အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံးပျံ့နှံ့လွယ်တဲ့စကားလုံးကတော့ `ကောလဟာလ´ ပါ။ အဲဒါကို လျစ်လျှူရှုပါ တဲ့။

(7)The hardest working seven-letter word is' Success '. Achieve it. အက္ခရာခုနှစ်လုံးနဲ့ဖွဲ့စည်းထားပြီး အပြင်းထန်ဆုံးကြိုးစားရယူရတဲ့စကားလုံးကတော့ `အောင်မြင်မှု´ ပါ။ အဲဒါကို အရယူပါ တဲ့။

(8)The most troublesome eight-letter word is ' Jealousy '. Distance it. အက္ခရာရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံးစကားလုံးကတော့ `မနာလိုဝန်တိုမှု´ ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ တဲ့။

(9)The most powerful nine-letter word is ' Knowledge '. Acquire it. အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံးစကားလုံးကတော့ `အသိပညာဗဟုသုတ´ ပါ။ အဲဒါကို ကြိုးစားရယူပါ တဲ့။

(10)The most essential ten-letter word is ' Confidence '. Build it. အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံးစကားလုံးကတော့ `ယုံကြည်မှု´ ပါ။ အဲဒါကို တည်ဆောက်ယူပါ တဲ့။

http://gtuonline.org/ မှပြန်လည်မျှဝေပါသည်

Wednesday, October 12, 2011

ကင်ဆာရောဂါ မဖြစ်အောင် နေထိုင်ရမည့် နည်းလမ်းများ

ငှက်လေး | 5:07 PM | Best Blogger Tips

(၁) ရေဘုံဘိုင်ခေါင်းမှရတဲ့ ရေကိုစစ်ပြီး အသုံးပြုပါ

ဒီလိုအသုံးပြုတာကြောင့် ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ Carcinogen နဲ့ဟော်မုန်းကိုအနှောင့်အယှက်ပေးတဲ့ ဓာတုပစ္စည်းတွေနဲ့

ထိတွေ့မှုနည်းသွားနိုင်ပါတယ် ။

ရေသန့်စင်စက်ကိုအသုံးပြုပြီးဘုံဘိုင်မှ ရေကိုအသုံးပြုတာဟာ ရေသန့်ဘူးတွေလောက် အရည်အသွေးမကောင်းပေမယ့်

အန္တရာယ်ပိုကင်းပါတယ်။ ဓာတုပစ္စည်းနဲ့ ထိတွေ့မှုနည်းအောင် ပလက်စတစ်ဘူးတွေနဲ့ ရေထည့်သောက်မယ့်အစား စတီး

ဒါမှမဟုတ် ဖန်ဘူးတွေအသုံးပြုပါ။


(၂) ဓာတ်ဆီတိုင်ကီမှာ ဆီပြည့်နေရင် ဆီထည့်တာကို ရပ်လိုက်ပါ


ဆီဆိုင်မှာ ဓာတ်ဆီ ဒါမှမဟုတ် gas ပြည့်နေစဉ် သင်ဝယ်ထားတဲ့ဆီအမှတ်မရောက်သေးဘဲ ဆီတိုင်ကီပြည့်သွားရင်

ဆက်မပြည့်ပဲရပ်လိုက်ပါ။ ဆီတွေလျှံကြလာတာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ အဆိပ်ပစ္စည်းတွေ လေထဲပျံ့နှံ့သွားနိုင်ကာ

သင့်အရေပြား ဒါမှမဟုတ်အဆုတ်ထဲရောက်သွားနိုင်လို့ပါ။

(၃) အသားတွေကို မကင်ခင်နှပ်ထားပါ

အသား၊ ငါးတွေကို မီးသွေးနဲ့ကင်စားရင် အသားကင်ပေါ်က မီးခိုးမှိုင်းတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့

Heterocy-clic amines HCAS တွေ ရှိနေတတ်ပါတယ်။

ဒါကြောင့် အသားငါးတွေမကင်ခင်မှာ အနည်းဆုံး တစ်နာရီခန့်ကြိုတင်ပြီး မဆလာနဲ့နှပ်ထားပါ။

မဆလာမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ HCAS ကို ၈၇ ရာခိုင်နှုန်းခန့်လျော့ချနိုင်တယ်လို့ Karsas

တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။


(၄) နေ့တိုင်းကော်ဖီသောက်ပါ


နေ့စဉ်ကော်ဖီကို ငါးခွက် ဒါမှမဟုတ် ဒါထက်ပို သောက်သူတွေဟာ ကော်ဖီအနည်းဆုံးသောက်သူတွေထက်

ဦးနှောက်ကင်ဆာဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း လျော့နည်းတယ် လို့ အင်္ဂလန်မှ၂၀၁၀ အတွင်း လေ့လာမှုအရ သိရပါတယ်။

နေ့စဉ် ကော်ဖီငါးခွက်သောက်တာဟာ ခံတွင်းနဲ့ လည်မျိုကင်ဆာ လည်းဖြစ်နိုင်ခြေ လျော့ချနိုင်တယ်လို့ ဆိုပါတယ်။

လက်ဖက်ရည်ဟာ ကော်ဖီလောက်ကာကွယ်နိုင်စွမ်းမရှိဘူးလို့လည်း သုတေသီတွေက ပြောကြပါတယ်။

(၅) ရေများများသောက်ပါ

ရေနဲ့ အခြားအရည်တွေကို များများသောက်တာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ အဆိပ်တွေ ဆီးအတွင်းမှာ

Dilute ဖြစ်သွားပြီး ဆီးအိမ်မှ မြန်မြန်ထွက် သွားစေတာကြောင့် ဆီးအိမ်ကင်ဆာ ဖြစ် နိုင်ခြေနည်းသွားနိုင်ပါတယ်။

နေ့စဉ် ရေရှစ်ခွက်အနည်းဆုံးသောက်ပါ။


(၆) အစိမ်းရောင် ဟင်းသီးဟင်းရွက် များများစားပါ

ဟင်းသီးဟင်းရွက်ကို အစိမ်းရောင်ဖြစ်စေတဲ့ ကလိုရိုဖီးမှာ မဂ္ဂနီစီယမ်များစွာပါဝင်တာကြောင့်

အမျိုးသမီးတွေမှာအူမကြီးကင်ဆာဖြစ်နိုင်ခြေလျော့နည်းနိုင်ပါတယ်။ အစိမ်းရင့်ရောင်အရွက် တွေကို များများစားပေးပါ။

ချက်ပြီးသား ဟင်းနုနယ်ခွက်တစ်ဝက်စာမှာ မဂ္ဂနီစီယမ် ၇၅မီလီဂရမ်ပါဝင်ပါတယ်။ နေ့စဉ်လိုအပ်ချက်ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းပါ။


(၇) အခွံမာသီးစားပါ

အခွံမာသီးမှာ ပါဝင်တဲ့ ဆီလီနီယမ်တွေဟာ ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေကိုလျော့ချနိုင်ပါ တယ်လို့

Dartmouth ဆေးတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။

အခြားလေ့လာမှု အရလည်း သွေးတွင်း ဆီလီနီယမ်ပါဝင်မှုများ သူတွေဟာ အဆုတ်နဲ့

အူမကြီးကင်ဆာကြောင့် သေဆုံးနှုန်းကျဆင်းသွားတယ်လို့ တွေ့ရှိခဲ့ပါတယ်။

ဆီလီနီယမ်ဟာ Cell တွေကို ဓာတ်တိုးပစ္စည်းမှ ကာကွယ်ပေးနိုင်ရုံမက ခုခံအားလည်း ကောင်းမွန်စေကာ

ကင်ဆာအကျိတ်တွေကို အာဟာရ ပေးမယ့် သွေးကြောတွေမပေါ်ပေါက်အောင်လည်း ဖိနှိပ်ပေးပါတယ်။

(၈) သားမြတ်ကင်ဆာမဖြစ်အောင် လေ့ကျင့်ခန်းလုပ်ပါ


လမ်းမြန်မြန်လျှောက်တာလိုမျိုးအသင့်အတင့်လေ့ကျင့်ခန်းကို တစ်ပတ်မှာ နှစ်နာရီလုပ်တာကြောင့်

သားမြတ်ကင်ဆာဖြစ်နိုင်ခြေ ၁၈ ရာခိုင်နှုန်း လျော့ချနိုင်ပါတယ်။ လေ့ကျင့်ခန်းပုံမှန် လုပ်တာကြောင့်

ကင်ဆာဖြစ်စေနိုင်တဲ့ အီစထရိုဂျင်ကိုထုတ်လုပ်ပေးတဲ့ အဆီတွေ လောင်ကျွမ်းစေတာကြောင့် ဖြစ်နိုင်ခြေလျော့သွားတာပါ။


(၉) အ၀တ်ကို အခြောက်မလျှော်ပါနဲ့


အခြောက်လျော်သန့်စင်ရည်မှာ ပါဝင်တဲ့ perchloroethylene ဓာတုပစ္စည်းဟာ

အသည်းနဲ့ကျောက်ကပ်ကင်ဆာနဲ့ သွေးကင်ဆာဖြစ်စေနိုင်တယ်လို့ ၂၀၁၀ ပြည့်နှစ်စောစောပိုင်းက

Na-tional Academies Of Science ကသုတေသီတွေ တွေ့ရှိခဲ့ပါတယ်။

ဆပ်ပြာရည်အပျော့စားနဲ့ အ၀တ်လျှော်ပြီးလေထဲမှာ အခြောက်ခံပါ။ အစွန်းအထင်းရှိနေရင်လည်း ရှာလကာရည်နဲ့ဖျက်ပါ။


(၁၀) လက်ကိုင်ဖုန်း (Cell Phone) ကြောင့် အန္တရာယ်မရှိအောင်


လက်ကိုင်ဖုန်းကို စကားတိုတိုပြောဖို့ ဒါမှမဟုတ် Message ပို့ဖို့သာ အသုံးပြုပါ။

ဒါမှမဟုတ်ရင်လည်း နားကျပ်တပ်ဆင်ပြီးပြောပါ။ လေ့လာမှုတွေအရ လက်ကိုင်ဖုန်း အသုံးပြုသူတွေ ဟာ

ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေများတယ် လို့ တွေ့ရှိထားပါတယ်။


(၁၁) နေလောင်ဒဏ်ကိုအရောင်နဲ့ ကာကွယ်ပါ


သင်အိမ်ပြင်ကိုထွက်ရင် အရောင် ရွေးပြီး ၀တ်ဆင်တာဟာ အရေပြားကင်ဆာကို ကာကွယ်နိုင်ပါတယ်လို့

စပိန်မှသိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အပြာရောင်နဲ့ အနီရောင်အ၀တ် တွေဟာ အ၀ါရောင်နဲ့

အဖြူရောင်အ၀တ်တွေထက် နေရောင်ခြည်ရဲ့ UV rays ဒဏ် သိသိသာသာပိုမိုကာကွယ်နိုင်တယ်လို့ သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။

ဦးထုပ်ဆောင်းဖို့လည်း မမေ့ပါနဲ့။ မှဲ့ကင်ဆာဟာ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ ပိုဖြစ်နိုင်လို့ပါ။

ဦးခေါင်း ဒါမှမဟုတ်လည်ပင်းမှာ မှဲ့ကင်ဆာရှိသူတွေဟာ အခြားနေရာမှာရှိသူတွေထက်

သေဆုံးနှုန်းနှစ်ဆပိုများတယ်လို့ North Caro-lina တက္ကသိုလ်က သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။


(၁၂) သန့်ရှင်းတဲ့အစာစားပါ


ပဋိဇီဝဆေးနဲ့ ဟော်မုန်းဆေးအသုံးမပြုတဲ့ အသားတွေသာ ၀ယ်စားပါလို့ ကင်ဆာအသင်းဥက္ကဋ္ဌက ပြောပါတယ်။

ဒါ့အပြင် ပိုးသတ်ဆေး အသုံးမပြုထားတဲ့ ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေ အသုံးပြပါ ဒါမှမဟုတ်

ဟင်းသီးဟင်းရွက်ပေါ် ပိုးသတ်ဆေး အကြွင်းအကျန်တွေ ကုန်စင်အောင် ဆေးကြောပြီးမှ အသုံးပြပါ။

မုန်ညှင်း၊ စတော်ဘယ်ရီ၊ ပန်းသီး၊ မက်မွန်သီးနဲ့ Blueberries တွေမှာ ပိုးသတ်ဆေး အများဆုံးဖျန်းထားတတ်ပါတယ်။

ပိုးသတ်ဆေးမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းအမျိုးပေါင်း ၄၀ ကျော်ပါဝင်တာမို့ ထိတွေ့မှုအနည်းဆုံးဖြစ်အောင် ကြိုးစားပါ။


(၁၃) သင့်သားမြတ်သိပ်သည်းဆကို မေးမြန်းပါ


သင်သားမြတ်ကို Mammogram ရိုက်ကြည့်ရင် သားမြတ်သိပ်သည်းဆ ဘယ်လောက်ရှိသလဲဆိုတာကို မေးကြည့်ပါ။

သားမြတ်သိပ်သည်းဆ ၇၅ ရာခိုင်နှုန်း ဒါမှမဟုတ် ဒါထက်များသူတွေဟာ သိပ်သည်းဆနည်းသူတွေထက်

ကင်ဆာဖြစ်နိုင်ခြေ လေးဆမှ ငါးဆခန့်ပိုများပါတယ်။ သားမြတ်သိပ်သည်းဆများတာဟာ အီစထရိုဂျင်အဆင့်တွေ

များတာကြောင့် ဖြစ်တာမို့ လေ့ကျင့်ခန်းပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်မှ အဆီ Cell တွေ ကျုံ့သွားတာကြောင့်

ကင်ဆာဖြစ်နိုင်တဲ့ Cell တွေ နည်းသွားနိုင်ပါတယ်။

ဖူးစာရှင်လေး မှ ကူးယူဖော်ပြသည်

Tuesday, October 11, 2011

ဂျနီဖာ လိုပက်(ဇ်) ဗုဒ္ဓဘာသာသို့ ပြောင်းလာလေပြီ

ငှက်လေး | 3:14 PM | Best Blogger Tips









လန်ဒန်၊ အောက်တိုဘာ ၉၊ ၂၀၀၄။ အကျော်အမော်တွေဟာ ဗုဒ္ဓဘာသာကို ထူးထူးဆန်းဆန်း စိတ်ဝင်စား စွဲမက်မှုရှိကြဟန်တူပါရဲ့။ ဒီတစ်ခါ ဗုဒ္ဓဘာသာကို ဆက်ခံသူကတော့ လက်တီလို ဒီဗာ ဂျနီဖာ လိုပက်(ဇ်) ပါပဲ။



သတင်းအရတော့ Wedding Planner မင်းသမီးဟာ တွဲဖက်သရုပ်ဆောင် ရစ်ချဒ် ဂေး (Richard Gere)နှင့် ဘာသာရေး ဆွေးနွေးပြောဆိုမှု အကြိမ်အတော်များများ အပြီးမှာ ရစ်ချဒ် ဂေးရဲ့ ဗုဒ္ဓဘာသာ အပေါ်မှာ စူးစိုက် နှစ်မြှုပ်ထားမှုက ဗုဒ္ဓဘာသာကို လက်ခံယုံကြည်ဖို့ လှုံ့ဆော်ပေးလောက်အောင်ကို သူမကို စွဲမက်စေပါတယ် လို့် သဆန်း သတင်းစာက ရေးပါတယ်။



"ဒို့တွေ ကကြရအောင်လား (Shall We Dance)" ဇာတ်ကားမှာ ဂေးနှင့် တွဲဖက်သရုပ်ဆောင်ထားသူ လိုပက်က သူမဟာ ပိုမိုမြင့်မားတဲ့ စွမ်းဆောင်ရည်နှင့် ကောင်းမြတ်တဲ့ လူသားတစ်ဦးဖြစ်ဖို့ရာ အလွန်တရာ အရေးကြီး ပါတယ်ဆိုတာတွေကို သတိထားမိလာပါပြီလို့ ဆိုပါတယ်။



"ကမ္ဘာလောကကြီးမှာ စွမ်းအားတစ်ခုရှိပါလားလို့ အခုတော့ ကျွန်မသိပါပြီ။ ကောင်းမြတ်မှုနှင့် မေတ္တာတရားကို ရှင်က ငြိမ်းသတ်လိုက်ရင် ငြိမ်းသတ်မှုက ရှင့်ထံပြန်လာမှာပဲဆိုတဲ့ စွမ်းအင်ရှိတယ်လေ။ အဲဒါကတော့ ကျမ အတွက် အလုပ်ဖြစ်တဲ့ အခြေခံတရားတစ်ခုပါပဲ" လို့ သူမရဲ့ဆိုစကားကို သတင်းက ကိုးကား ဖော်ပြပါတယ်။


Source: Sasana Abhiwurdhi မှ April 2009 တွင် ရိုက်နှိပ်ထုပ်ဝေသည့် Society How to Develop Happiness in Daily Living, Features & Interviews with Buddhist Celebrities စာအုပ်မှ Jennifer Lopez ကိုမြန်မာပြန်ဆိုပါသည်
ဒီက ယူပီ ကူးယူဖော်ပြခြင်းဖြစ်ပါသည်

ရယ်စရာဟာသပုံပြင်

ငှက်လေး | 10:10 AM | Best Blogger Tips
ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက
စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို
ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’

အမေ။ ။ ဒီ ‘‘i don't know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။
ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’
အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို
မသိရတာလဲ။
ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။
အမေ။ ။ ဒါတောင် ၀န်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$
^#&..
(တချီဆော်လိုက်တယ်...)

အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင်
သိတယ်မဟုတ်လား။ ပြောပြစမ်း။
ကွန်တော်။ ။ဟုတ်ကဲ့။ ‘‘ကျွန်တော်သိတယ်။’’
အမေ။ ။ သိရင်မြန်မြန်ပြောလေ။
ကျွန်တော်။ ။ ‘‘ကျွန်တော်သိတယ်’’ ဆိုနေမှ။

အမေ။ ။ နင်ပြဿနာရှာနေတာလား။ စောစောက အတီးခံရတာ နည်းတယ်ပေါ့၊ ဟုတ်လား။
ကျွန်တော်။ ။‘‘ကျွန်တော်သိပါတယ်’’ ဆိုနေ။
အမေ။ ။သိရင်ပြောလေ။ မတတ်တာကို တတ်ချင်ယောင် မဆောင်နဲ့။
&*$%^@$#!%$@^%#*$^^^##$%
(တချီထပ်ဆော်ပလော်တီးလိုက်တယ်..
.)

အမေ။ ။နင်သတိကြပ်ကြပ်ထားနော်။ ပိုက်ဆံတွေ ဒီလောက်အကုန်ခံပြီး တက္ကသိုလ်ပို့တာ၊
ကြည့်ပါဦး
အခုဘာဆိုဘာမှ မသိဘူး။ ဒီလောက် နည်းနည်းလေး တတ်တာနဲ့ မအေကို ဟိတ်ဟန်
လုပ်ချင်တယ်ပေါ့။ နင့်ကို နောက်ဆုံးတစ်ခုထပ်မေးမယ်။ ငါ့ကို ကောင်းကောင်း

ရှင်းပြ။
မပြောနိုင်လို့ကတော့ နင့်ကို ထပ်ဆော်မယ်။ ငါ့ကို ဒါဘာသာပြန်ပြစမ်း။ ‘‘i know,
but i don't
want to tell you’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။

ကျွန်တော် မူးလဲသွားတယ်။ ခေါင်းအုန်းယူပြီး ကိုယ့်ခေါင်းကို အချက် ၃၀ ရိုက်တယ။်

နံရံကို ခေါင်းနဲ့ အချက် ၄၀ ပြေးဆောင့်တယ်။ ကိုယ့်ပါးကို လက်နှစ်ဖက်နဲ့
အချက်
၅၀ လောက် အပြန်အလှန်ရိုက်တယ်။ ခြေထောက်နဲ့ စားပွဲစောင်းကို အချက် ၆၀ ကန်တယ်။
သွေးတွေအသားတွေ ထူပူလာတော့ အမေ့ကို မေးလိုက်တယ်။ ကဲ ကျေနပ်ပလား။ အဲဒီလဲကျရော

သူက ထပ်မေးပြန်တယ်။ ‘‘သားရယ်၊ i'm very annoyant, don't trouble me ဆိုတာ
ဘာအဓိပ္ပါယ်လဲကွယ်။’’

ကျွန်တော်။ ။‘‘ကျွန်တော် ဒေါသထွက်နေတယ်။ ကျွန်တော့်ကို လာမရှုပ်နဲ့။’’
အမေ။ ။‘‘အရိုက်ခံချင်တယ်ပေါ့။ မအေကို ဒီလို ပြောရလားဟဲ့’’ (အဲဒါနဲ့

ထပ်အဆော်ခံလိုက်ရတယ်။)
အမေ။ ။ ‘‘i hear nothing, repeat ဆိုတာ ဘာအဓိပ္ပါယ်လဲ’’။
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
အမေ။ ။ ‘‘i hear nothing, repeat.’’
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’

(နောက်ဆုံး ထပ်အဆော်ခံရပြန်ရော။)

အမေ။ ။ ‘‘what do you say ဆိုတာကိုရော ဘယ်လို ရှင်းပြလို့ရလဲ။’’
ကျွန်တော်။ ။ ‘‘ဘာပြောတာလဲ’’ (တခါထပ် အဆော်ခံရပြန်တယ်။)
အမေ။ ။ ‘‘look up in the dictionary ဆိုတာ ဘာအဓိပ္ပါယ်လဲ။’’

ကျွန်တော်။ ။ ‘‘အဘိဓါန်မှာရှာ။’’
အမေ။ ။‘‘အဘိဓါန်မှာ ရှာတတ်မှတော့ ငါကနင့်ကို ဘာဖြစ်လို့မေးနေတော့မှာလဲ။’’
(ထပ်အဆော်ခံရ.)

အမေ။ ။ ‘‘you had better asked somebody ဆိုတာကိုရော ဘယ်လို ဘာသာပြန်မလဲ။’’
ကျွန်တော်။ ။‘‘တခြားလူကို မေးတာပိုကောင်းမယ်။’’

အမေ။ ။ ‘‘နင်က ငါ့သားဟဲ့။ ငါ တခြားလူမေးပြီး ဘာလုပ်ရမှာလဲ။
အရိုက်ခံချင်နေပြန်ပြီ။’’
ကျွန်တော်။ ။ ‘‘အမလေး၊ ဘုရားသခင် ကယ်တော်မူပါ။’’
အမေ။ ။ ‘‘မအေကို ပြဿနာရှာတဲ့ကောင် ဘုရားသခင်လဲ နင့်ကို မကယ်နိုင်ဘူး။’’
(ထပ်ဆော်ခံရ...)


အမေ။ ။‘‘ငါထပ်မေးမယ်။ use your head, then think it over ဆိုတာရော
ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘ခေါင်းလေးဘာလေးသုံး။ ပြီးရင် သေချာထပ်စဉ်းစား။’’
အမေ။ ။ ‘‘အကောင်စုတ်၊ ငါ့ကိုများ ပြန်ပြောရတယ်လို့..’’ (တဆက်ထဲ
လက်ပါတော့မယ့်ဟန်ပြင်...)

ကျွန်တော်။ ။ ‘‘လောကမှာ အမေသာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပါယ်ပါ။’’
(အမြန်ဖြေလိုက်ရတယ်။)
အမေ။ ။‘‘အင်း၊ ဒါမှ ဟုတ်တုတ်တုတ်ရှိသေးတယ်။ ခဏနေကျရင် အမေစားစရာကောင်းကောင်းလေး
လုပ်ပေးမယ်။ မနက်ဖြန်ကျမှ ထပ်မေးတော့မယ်။’’........

http://www.fusarshinlay.com/profiles/blog/show?id=6384739%3ABlogPost%3A2414859&xgs=1&xg_source=msg_share_post
မှ ကူးယူဖော်ပြပါသည်

Monday, October 10, 2011

မျက်စိလျှင်ရင် မတူတာကိုရှာပေးပါ

ငှက်လေး | 7:14 AM | Best Blogger Tips


ဖွင့်ကြည့်လိုက်ပြီဆိုရင် တူတယ်လို့ထင်ရတဲ့ပုံလေးနှစ်ပုံကိုတွေ့ရပါလိမ့်မယ်

အဲဒီပုံလေးနှစ်ပုံထဲက မတူတဲ့အချက်လေးတွေကိုရှာကြည့်ပြီးတွေ့ခဲ့တဲ့အချက်လေးတွေကိုရေးထားခဲ့ပေါ့

မတူတာလေးတွေ အားလုံးရှာနိုင်တယ်ဆိုရင် သင်မျက်စိလျှင်တယ်ပေါ့။ ကိုယ့်မျက်စိကိုဆရာဝန်ဆီမှာသွားစစ်ဆေးဖို့မလိုအပ်တော့ဘူးပေါ့

သင်ရှာလို့ တွေ့ ပြီဆိုရင်ထူးခြားပါလိမ့်မယ်

ဒီလင့်လေးကိုကလစ်ပြီးရှာလိုက်ပါနော်၊

http://vn247.net/flash/Relax/Tim-3-diem-khac-biet.swf
နောက်ဆုံးမှာရင်ထဲကလျှက်တစ်ပြက်ဖြစ်ပေါ်လာတဲ့ ခံစားချက်လေး၊ပီတိလေးတွေကို ငှက်လေးကိုပြောပြခဲ့ပါနော်

Sunday, October 9, 2011

အီလက်ထရိုမြူးဇစ်ကို ဖန်တီးခဲ့သူ သားစိုးရဲ့ ငယ်ဘဝ

ငှက်လေး | 11:17 AM | Best Blogger Tips

“မြန်မာဂီတပညာရှင်တွေ ကိုယ်ပိုင်ဂီတဖန်တီးမှု အားနည်းနေပြီး ကော်ပီသီချင်းတွေ အရမ်းများနေလို့ ကျွန်တော်က နိုင်ငံတကာအလည်မှာ ကိုယ့်ဂီတကို လိပ်ပြာသန့်သန့်နဲ့ချပြ၊ ဖွင့်ပြနိုင်မယ့် ကိုယ်ပိုင်ဂီတတစ်ခု ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဂီတလမ်းကြောင်းသစ်ကို ဖောက်လုပ်ခဲ့တာပါ” လို့ဆိုလာသူက သားစိုးပါ။ သူက ခေတ်နဲ့အညီ ပေါ်ထွက်လာတဲ့ အမျိုးစုံတဲ့ ဂီတများစွာ အနက်ကမှ ရိုးရာနတ်ဒိုးကို အခြေခံတဲ့ အီလက်ထရိုမြူးဇစ် ပုံစံသစ်ကို ဖန်တီးပြီး ၂၀၀၆ နှစ်မှာ မြန်မာပရိသတ်များနဲ့ ထိတွေ့ခွင့်ပေးခဲ့သူပေါ့။

သူဖန်တီးတဲ့ အီလက်ထရိုနတ်ဒိုး ဂီတတေးသံစဉ်များက ခေတ်နဲ့ အညီ စီးမျောနေတဲ့ လူငယ်တွေကြား မှာ အတာသင်္ကြန်ရက်များနဲ့အတူ လေဟုန်မှာ ပျံ့လွင့်လေ့ရှိပါတယ်။ ၂၀၀၆ ခုနှစ်မှာ ဆိုင်းကြိုက်တဲ့မောင်၊ တောင်ပေါ်ကရှမ်းကလေး၊ Remix ကိုမှကြိုက်တယ်ဗျာ စတဲ့တေးသီချင်း တွေက သင်္ကြန်မှာ လွှမ်းမိုးမှုကောင်း ခဲ့တဲ့တေးသီချင်းတွေ ဖြစ်ခဲ့သလို ၂၀၀၇ ခုနှစ်မှာလည်း သူဖန်တီးတဲ့ နပန်းစံ၊ ရေခဲရေ စတဲ့ တေးသံစဉ် တွေက လူငယ်တွေ မြူးကြွကခုန်နေတဲ့ သင်္ကြန်မဏ္ဍပ်တိုင်းမှာ ပျံ့လွင့်အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၈ သင်္ကြန်ရက်တွေမှာ ကိုကြီးကျော်၊ ပျော်ရဲ့လားဟေ့ မောင်တို့ရေ သီချင်း၊ ၂၀၀၉ သင်္ကြန်မှာ၂၀၀၉ စာဥအလွမ်း သီချင်း၊ ၂၀၁၀ သင်္ကြန်မှာ အာရာပါး စတဲ့စတဲ့ သီချင်းများက သင်္ကြန်ရက်များနဲ့ တွဲဖက်လို့ သူ့ရဲ့ဂီတဖန်တီးမှု ကိုတစ်နှစ်ပြီး တစ်နှစ် အောင်မြင်စေခဲ့ တဲ့သီချင်းတွေပါ။


သူဖန်တီးတဲ့ ဂီတအပေါ် “လူငယ်ပီပီ လမ်းကြောင်းသစ်ဖောက်ပြီး ကြိုးစားဖန်တီးထားတာ လေးစား ဖို့ကောင်းတယ်”ရယ်လို့ လက်ခံချီး ကျူးအားပေးကြတဲ့ ပရိသတ်များစွာ ရှိသလိုပဲ “ဘာတွေလျှောက်လုပ် နေတာလဲ။ ရိုးရာဂီတကို ဖျက်ဆီးနေတယ်” စတဲ့ ဝေဖန်မှုမျိုးစုံနဲ့ မနှစ်မြို့သူတွေလည်း ရှိပါတယ်။

သူရဲ့နှလုံးသားထဲမှာ ဂီတမြတ်နိုးမှုတွေကို စတင် သန္ဓေတည်စေခဲ့တာက သူ့အသက် ဆယ်နှစ်အရွယ် ၅ တန်းကျောင်းသားလေး စိုးမွန်အောင် ဘ၀မှာပါ။ စီးပွားရေးရပ်ဝန်း က ဖခင်ဖြစ်သူ ဦးအောင်စန်းတင့်က သားကြီးဖြစ်တဲ့ သူ့ကို ကက်ဆက် တစ်လုံး လက်ဆောင် ၀ယ်ပေးခဲ့တယ်။ အဲဒီခေတ် အဲဒီအချိန်မှာ ရေဒီယိုက ထုတ်လွှင့်တဲ့ အင်္ဂလိပ်တေးသံတွေကို နားသောတဆင်ရင်း ဂီတကပေးစွမ်း တဲ့ ကြည်နူးမှုရသတွေကို နှစ်သက် ကျွမ်းဝင်လာခဲ့တဲ့အပြင် ဂီတသံစဉ် များကို ၀ါသနာပါတဲ့ မိဘနှစ်ပါးရဲ့ နေ့စဉ်ဖွင့်လှစ်နားဆင်ခဲ့တဲ့ တေးသံစဉ်တွေကလည်း သူတို့ညီအစ်ကို သုံးယောက်ရဲ့ရင်ကို ဂီတမြတ်နိုးစိတ်တွေ မွေးဖွားပေးခဲ့ပါတယ်တဲ့။


သူ ၇ တန်းကျောင်းသားအရွယ် ရောက်တော့ ၀ါသနာတူ သူငယ်ချင်းတွေနဲ့ပူးပေါင်းပြီး ဂီတအဖွဲ့အဖြစ် လှုပ်ရှားမှုတွေ စတင်ခဲ့တယ်။ အဲဒီအချိန်တွေက ပညာရေးတစ်ဖက်နဲ့ ၀ါသနာရှင်အဖြစ်သာ လှုပ်ရှားခဲ့ပေမယ့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန် မှာတော့ သူငယ်ချင်းဖြစ်သူ သုတအေး၊ ပြည်သာတို့နဲ့တွဲပြီး W.Y.W ဆိုတဲ့ ဂီတအဖွဲ့လေး ဖွဲ့ခဲ့တယ်။ အဲဒီ အဖွဲ့အနေနဲ့ အနည်းငယ် ကြမ်းတမ်းသယောင်ရှိတဲ့ ဟစ်ဟော့ပ်ဂီတသံစဉ် တွေကို Underground ရပ်ဝန်းမှာ ဟစ်ကြွေးခဲ့ကြပါတယ်။ အဲဒီအချိန် က Underground ရပ်ဝန်းမှာ သူတို့ အဖွဲ့နဲ့အတူ အက်စစ်အဖွဲ့ဖြစ်လာတဲ့ အနဂ္ဂတို့အဖွဲ့ကလည်း အက်စစ်မဟုတ်သော အမည်နဲ့ လှုပ်ရှားနေ သလို တခြားဂီတ အဖွဲ့ငယ်တွေလည်း များစွာရှိခဲ့တာပေါ့။ Underground ရပ်ဝန်းမှာ W.Y.W အဖွဲ့ရဲ့ရပ်တည်မှု က သိပ်မကြာခဲ့ပါဘူး။ အကြောင်းကြောင်းတွေကြောင့် ပြိုကွဲခဲ့ပြီးသားစိုး က ၁၉၉၇ ခုနှစ်မှာ ခင်မင်ခဲ့တဲ့ သူငယ်ချင်း ဘာဘူ ဖွဲ့စည်းထားတဲ့ Fi Gi- D အဖွဲ့ထဲ ၀င်ရောက် လှုပ်ရှားခဲ့တယ်။

၁၉၉၈ ခုနှစ်ဝန်းကျင်မှာ ဘာဘူဖွဲ့စည်းခဲ့တဲ့ Fi Gi- D ဂီတအဖွဲ့ မှာ သီရိဆွေ နုတ်ထွက်အပြီး သားစိုး နဲ့ကွိကွိတို့ အဖွဲ့ဝင်ဖြစ်လာချိန် နောက် ပိုင်း ၂၀၀၀ ပြည့်နှစ်မှာတော့ အဆိုရှင် အဲလက်စ်နဲ့တွေ့ဆုံပြီး အဲလက်စ်ရဲ့ ကူညီမှုတွေနဲ့ အဖွဲ့အမည်ကို Theory အဖွဲ့အဖြစ် ပြောင်းခဲ့ပြီး သားစိုး၊ ဘာဘူ၊ ကွိကွိနဲ့အဲလက်စ်တို့ ပါဝင်သီဆိုထားတဲ့ Theory စီးရီးကို၂၀၀၀ ပြည့်နှစ်မှာ စတင်ထွက်ရှိနိုင်ခဲ့ပါတယ်။ Theory မှာ သီဆိုခဲ့တဲ့သားစိုးရဲ့ ဟစ်ဟော့ပ် ဂီတသံစဉ်တွေက W.Y.W အဖွဲ့မှာ ဟစ်ကြွေးခဲ့တဲ့ သံစဉ်တွေထက်တော့ နူးညံ့ခဲ့ပါပြီ။

“Underground ရပ်ဝန်းမှာ နှစ် တော်တော်ကြာ လှုပ်ရှားဖြစ်တယ်။ ကျွန်တော်ဆယ်တန်းအောင်တော့ အင်္ဂလိပ်စာအဓိကနဲ့ ဒဂုံတက္ကသိုလ်မှာ ဒုတိယနှစ်ထိ တက်ခဲ့တယ်။ ဒုတိယနှစ်ဖြေပြီးတော့ နိုင်ငံခြားမှာ ဂီတနဲ့ ပတ်သက်တဲ့ ပညာရပ်သွားချင်တဲ့ အတွက် ၂၀၀၀ ပြည့်နှစ်မှာ လန်ဒန်ကိုသွားပြီး အဲဒီက SAE (School of Audio Engineering) ကျောင်းမှာ Audio Engineering ဘာသာကို သင်ယူခဲ့တယ်။ အဲဒီမှာစပြီး အီလက်ထရိုဂီတကို ကျွမ်းဝင်သိရှိပြီး ဆရာရှင်းပြတဲ့ DanceMusic ဂီတအကြောင်း ကိုစိတ်ဝင်စားခဲ့တယ်။ အဲဒီအချိန်က အင်္ဂလန်မှာ ဟစ်ဟော့ပ်တွေ ခေတ်မစားဘူး။ DanceMusic ဂီတက ခေတ်စားနေတဲ့ အချိန်ပေါ့။ ဒါကြောင့် ကျွန်တော်တို့ဂီတကိုလည်း တခြားနိုင်ငံတွေလို ဖန်တီးချင်စိတ်ဖြစ်ပြီး အင်္ဂလန်က အကြီးဆုံး စာကြည့်တိုက် မှာ မြန်မာနတ်ဒိုးနဲ့ ပတ်သက်တာတွေ နဲ့ ရှေးခေတ်ဂီတနဲ့ ပတ်သက်တာ တွေကို ဝေဖန်မှုတွေပါ ဖော်ပြထားတဲ့ စာအုပ်တွေအများကြီးမှာ ရှာဖွေဖတ် ရှုခဲ့ရတယ်”လို့ အီလက်ထရိုနတ်ဒိုး ဂီတအား ဖန်တီးလိုစိတ် ဖြစ်လာပုံကို သားစိုးက ဆိုပါတယ်။
အင်္ဂလန်မှာ သုံးနှစ်ခွဲဝန်းကျင် ပညာသင်ယူအပြီး ၂၀၀၂ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ ပါတယ်။ အဲဒီအချိန်ကစပြီး မြန်မာပရိသတ်တွေနဲ့ ရင်းနှီးမှုမရှိသေးတဲ့ ဂီတပုံစံသစ်ကို စွန့်ဦးတီထွင်ဖန်တီး ဖို့အတွက် တစ်ကိုယ်တော်စွန့်စားမှု ကို အစပြုခဲ့ပါတယ်။ သူယုံကြည်တဲ့ လမ်းကြောင်းသစ်ကို လျှောက်လှမ်း နိုင်ဖို့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း စတဲ့ ဒေသတွေမှာရှိတဲ့ ရိုးရာနတ်ပွဲတွေကို တစ်ကိုယ်တော်ခရီးစဉ်နဲ့ လေ့လာမှတ်တမ်းတင် ခဲ့ပါတယ်။ သူ့ရဲ့ဂီတဖန်တီးမှု ရုပ်လုံးပေါ်ဖို့အတွက် မြန်မာ့ဆိုင်းပညာရှင် စိန်လှငွေနဲ့ စိန် မြိုင်တို့ရဲ့ အကူအညီအပါအ၀င် Remix ကျွမ်းကျင်သူ ဥက္ကာဦးသာရဲ့ ကူညီပံ့ပိုး ဖန်တီးပေးမှုတွေနဲ့ ၂၀၀၆ ခုနှစ်မှာ ရောသမမွှေစီးရီးကို ပရိသတ်ရှေ့ တင်ပြနိုင်ခဲ့ပါတယ်။ ရောသမွှေစီးရီး ထွက်ရှိပြီးနောက်ပိုင်းမှာတော့ မြန်မာ့ဂီတနဲ့ ပေါင်းစပ်တဲ့ ဂီတလမ်းကြောင်းသစ်ကို တီထွင်ခဲ့တဲ့ သားစိုးကို နိုင်ငံတကာ သတင်းမီဒီယာကြီးတွေက အလေးထားမေးမြန်း ဖော်ပြခြင်းခံခဲ့ရပါ တယ်။ ရောသမမွှေစီးရီးထွက်ရှိ ပြီးနောက် ၂၀၀၇ ခုနှစ်မှာ ရောချင်ရောမရောချင်နေ၊ ၂၀၀၈ ခုနှစ်မှာ အမွှေစီးရီးနဲ့ ဖအေတူ မအေတူ စီးရီး (ညီဖြစ်သူ ဗုံဘုံနှင့်သီဆိုထားသည်)၊ ၂၀၀၉ ခုနှစ်မှာ မွှေလို့မ၀လို့၊ ၂၀၁၀ ပြည့်နှစ်မှာ ရောတယ်မွှေတယ် စီးရီး တွေကို နှစ်စဉ် ထွက်ရှိနိုင်ခဲ့ပါတယ်။ ၂၀၁၁ မှာတော့ အဲဒီစီးရီးတွေထဲက ဂီတပုံစံနဲ့ နွယ်တဲ့ ဂီတပုံစံသစ်အဖြစ် ဖန်တီးထားတဲ့ ငွေမြင်လျှင်လင်လုပ်မည် စီးရီးသစ်ကိုထွက်ရှိဖို့ စီစဉ်လျက် ရှိပါတယ်။ တစ်ကိုယ်တော်ခွေငါးခွေနဲ့ အတွဲခွေခုနစ်ခွေ ၀န်းကျင်ကို ဖြန့်ချိထားပြီးဖြစ်တဲ့ သားစိုးက ၂၀၀၉ ခုနှစ်မှာ မထက်ထက်ခိုင်နဲ့ လက်ထပ်ခဲ့ပါတယ်။

“လူဆိုတာမွေးကတည်းက သေဖို့မွေးလာတာပါ။ မသေခင် ကောင်းတာတွေလုပ်တာဟာ အကောင်းဆုံး ဖြစ်မှာပါ။ ကျွန်တော်က ကျွန်တော့် လမ်းကို ပုံမှန်လျှောက်လှမ်းမယ်။ ဘ၀မှာ မုန်တိုင်းလာလာ လေပြေလာ လာ အရာအားလုံးကို ကြံ့ကြံ့ခံနိုင်တဲ့ လူသားတစ်ယောက်အနေနဲ့ ရပ်တည် နေပါတယ်” လို့ဆိုလာသူ သားစိုးရဲ့ ရှေ့ဆက်မယ့်ခရီးကတော့ . . .

“ရှေ့ဆက်မယ့်ခရီးမှာ တီထွင်စရာတွေ အများကြီး ကျန်ရှိနေသေးတယ်လို့ ယူဆတဲ့အတွက် အခုလုပ်ဆောင်နေတဲ့ ဂီတနဲ့နွယ်တဲ့ ဂီတပုံစံ သစ်တွေကို ကျွန်တော်နဲ့အတူ လိုက်ပြီး တီထွင်မယ့် လူငယ်တွေလည်းရှိတဲ့အတွက် သူတို့တွေနဲ့တွဲပြီး တီထွင်မှုတွေ လုပ်ဆောင်သွားမယ်။ နောက် ပိုင်းမှာ စီးပွားရေးနဲ့ လူမှုရေးလုပ်ငန်းတွေကို ပိုလုပ်ဖြစ်မယ်”တဲ့ . . .

http://www.fusarshinlay.com/profiles/blog/show?id=6384739%3ABlogPost%3A2398821&xgs=1&xg_source=msg_share_post မှ ကူးယူဖော်ပြသည်


Saturday, October 8, 2011

ပြည်တွင်းမှ Gmail account ကို အလွယ်တကူ လုပ်နည်း . . .

ငှက်လေး | 5:22 AM | Best Blogger Tips
  • သူငယ်ချင်းတို့ရေ . . .မင်္ဂလာပါ . . . ဒီတစ်ခါတော့ ဂျီမေးလ်အကောင့်ဖွင့်နည်းလေးတစ်ခုကို ဝေမျှလိုက်ပါတယ် . . .

ခဏခဏပဲ ဂျီမေးလ်အကောင့်ဖွင့်နည်းတွေဖတ်နေရပါတယ် . . . ကိုယ်ပဲဥာဏ်မမှီလို့လားမသိဘူး နားမလည်တာ အဆင်မပြေတာ များပါတယ် . . . ဒီတစ်ခုကတော့ ရိုးရှင်းလွယ်ကူပြီးနားလည်လွယ်လို့သူငယ်ချင်းတွေအတွက်လဲ အသုံးကျမယ်ထင်လို့ပါ . . .

စမ်းကြည့်ကြပါဦး . . . အားလုံးအဆင်ပြေကြပါစေ . . .

ပြည်တွင်းက သူငယ်ချင်းများအတွက် အသုံးဝင်မယ့် နည်းလမ်းလေးမို့ ဝေမျှပေးလိုက်ပါတယ်။ စမ်းကြည့်စေချင်ပါတယ်။ အဆင်ပြေရင်လည်း အချင်းချင်း လက်တို့လိုက်စေချင်ပါတယ်။

အကောင့်ဖွင့်ရတာ မခက်ပါဘူး။ ကျပ် ၉ထောင် ပေးစရာမလိုပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖွင့်လို့ရတဲ့ နည်းလမ်းရှိပါတယ်။
၁။ ကိုယ့်မှာ Gmail account ရှိပြီးလျှင်သော်၎င်း၊ မရှိလျှင် သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး ကိုယ့် Email ကို ပြန်၍ Invite လုပ်ပါ။ [ Gmail ထဲက ဘယ်ဖက် Invite ဆိုတဲ့အကွက်မှာ လုပ်ပါ!

၂။ Invite လုပ်ပြီးရင်... Google မှ သင့်ထံ Account အသစ်ကို Create လုပ်ဖို့ Sign Up Link ပို့လိမ့်မယ်။
၃။ *Sign Up* ဆိုတဲ့ လင့်ကို (Right-Click, Copy Link Location)နှိပ်ပါ။

၎။ ***Internet Explorer ကိုဖွင့်၍ Address bar မှာ ခုနတုန်းက Copy လုပ်ထားတဲ့ Sign Up link ကို Paste လုပ်ပါ။
၅။ Account Create Page ပေါ်လာရင် လိုအပ်တာတွေဖြည့်စွက်ပါ။ (First Name, Last Name, Username, D.O.B, Security Question စသည် ဖြည့်လိုက်ပါ။
၆။ သတိ** Security Question မှာ ဖုန်းနံပါတ်ဆိုတဲ့ မေးခွန်းကို ရှောင်ပါ။ Secondary Email ကို ကိုယ့်သူငယ်ချင်းရဲ့ Email သို့မဟုတ်၊ ကိုယ့်ရဲ့ အရင် Gmail အဟောင်းကို ဖြည့်ပေးပါ။
၇။Location ဆိုတဲ့ နေရာ မြန်မာပြည်ကလွဲလို့ တခြား နိုင်ငံတွေကို ရွေးလိုက်ပါ။ စမ်းသပ်ချက်အရ- Thailand, Laos, Australia, Cambodia, Sri-Lanka, India စတဲ့နိုင်ငံတွေကို ရွေးပါ။ United States, UK, Japan, , Russia, Korea, China စသော နိုင်ငံတွေကိုရှောင်ပါ။

၈။ ကွက်လပ်များကို မှန်အောင်သေချာစစ်ပါ၊ နောက်တစ်ခါ ထပ်ဖြည့်ရတာမျိုးမဖြစ်ပါစေနဲ့။
၉။ ပြီးရင် Signup/ Register လုပ်လိုက်ပါ။

ဒါဆိုရင်တော့ မိမိတို့လိုချင်တဲ့ အကောင့်အသစ်တစ်ခု ရရှိလာမှာ ဖြစ်ပါတယ်။


http://www.fusarshinlay.com/ ပိုစ်မှ ဝေမျှအပ်ပါတယ်

Tuesday, October 4, 2011

ဟစ်တလာငိုတာကိုမမြင်ဖူးတဲ့သူငယ်ချင်းတွေအတွက်ပါ.

ငှက်လေး | 7:34 AM | Best Blogger Tips

ကျွန်တော်မပါဘူးနော်mailထဲကရတာ...... :P





(2011-2012) 10တန်း မေးခွန်းလွှာ

ငှက်လေး | 7:18 AM | Best Blogger Tips
( ၁ ) မှား ၊ မှန် ရွေးပါ ။ ( ၁၀ ) မှတ်
ဖြေဆိုချိန် ။ ။ ကြိုက်သလောက်အချိန် ။


( ၁ ) မိန်းမ များသည် ငွေမကြိုက်ပါ ။
( ၂ ) ယောကျာ်း များသည် အရှက်နည်းပါးသည် ။
( ၃ ) pep နို့ ( or ) pep နို့ထက် မိခင်နို့သည် သာရ်ျ ကောင်းသည် ။
( ၄ ) ဆံပင်ကောက်ခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်နိုင်သည် ။
( ၅ ) အာဒံ နှင့် ဧ၀ စားခဲ့သော အသီးမှာ ငှက်ပျောသီးဖြစ်သည် ။
( ၆ ) မိန်းမ များ၏ အလှဆုံး အချိန်မှာ ရှုရှုးပေါက်ချင်နေသော အချိန်ဖြစ်သည် ။
( ၇ ) မိန်းမ များထက် ယောကျာင်္း များသည် ခံနိုင်ရည်စွမ်း ပိုမို နည်းပါးသည် ။
( ၈ ) လူရှေ့သူရှေ့ တွင် အမျိုးသားများသည် အိနြေ္ဒ ရကြသည် ။
( ၉ ) မင်းကုသ ၏ ထုံး သည် ကွမ်း နှင့် စား ရ်ျ မရပါ ။
( ၁၀ ) လျက်ဆား ရောင်းသော အခြောက်သည် အကပညာ မကျွမ်းပါ ။
( ၂ ) ကွက်လပ်ဖြည့်ပါ ။ ( ၁၅ ) မှတ်

( ၁ ) ဟိုကောင်မလေး ညိုတိုတို------------သားကြိုက်လို့ဆို ။
( ၂ ) ဘုန်းကြီးကျောင်းက----------မြင်သမျှ ကြိုတယ်လေး ။
( ၃ ) -----------ငါ့ကို ကြိုက်တယ် ------------တော့ ။
( ၄ ) ဟယ် ဟိုအကိုကြီး-----------အား ရစရာကြီး ။
( ၅ ) ပွမ်ပွမ် မြည်တဲ့ ကားလေး-----------မှာ ။
( ၆ ) -------------လုပ်ပါ အကို ။
( ၇ ) ညီမလေး ဟာက သေးသေးလေး--------------လေ-------------။
( ၈ ) လာပါကွာ ဟိုကောင်-----------၊----------------ငိုမနေပါနဲ့ ။
( ၉ ) ------------လေး ၊ -----------------လေး ၊ --------------လေး ၊ ----------------လေး ။
( ၁၀ ) စိုးရိမ်တယ်-----------------၊ စိုးရိမ်တယ် ။
( ၃ ) အတိုဆုံး နှင့် အထိရောက်ဆုံးစာ ( ၅ ) ကြောင်းခန့် ရေးပါ ။ ( ၂၀ ) မှတ်
( ၁ ) ယောကျာ်းများသည် ချွေးထွက်များပြီး ၊ မိန်းမများသည် သွေးထွက်နည်းကြသည် မှာ အဘယ်ကြောင့်နည်း ။ ( ကျိုးကြောင်းဆီလျော်စွာရေးရန် နှင့် ရိုးရိုးတွေး ရ်ျ ညစ်ညမ်းမှု စာသား မပါရန် ။
( ၂ ) ဂိုးသွင်းကောင်းတဲ့ ကိုကို ဆိုလျှင် ဂိုးသွင်းခံရတာမည်သူနည်း ၊ မည်သည့် အချိန် ( နေ့ ၊ ည ) တွင်သွင်း ရ်ျ ဂိုးအရေအတွက်မည်မျှနည်း ။
( ၃ ) နင်နဲ့ငါနဲ့ ၊ ငါနဲ့နင်နဲ့ အိုးးးးးဆိုသည့် စာသား၏ အဓိပါယ်မှာ မည်သည်ကို ဆိုလိုပါသလဲ ။ ( ညစ်ညမ်းမှုမပါပဲဖြေပါ )
( ၄ ) ဗိုက်ကလေး ဆံပင်ကေ နှင့် ဒေးဗစ်ဘက်ခမ်း ဆံပင်ကေ တို့၏ အားသာချက် အားနည်းချက် ( ၃ ) ချက် ရှင်းပါ ။
( ၅ ) သေးသေးလေးပဲလား ၊ ကြီးကြီး လား ဆိုသည်မှာ သစ်သီးများကို ဆိုလိုခြင်း ဟုတ်မဟုတ် ခိုင်လုံစွာ ရှင်းပြပါ ။
( ၄ ) ၀ါကျ အမှန်ရေးပါ ။ ( ၁၅ ) မှတ်
( ၁ ) ထီးပျောက်သော ဗိုက်ပူမကြီးသည် သူ အား ကူညီ ရ်ျ လုပ်ပေးမှု ရှာဖွေပါသည် ။
( ၂ ) ကျွန်မ အနားကပ်မယ် ၊ ရှင် အကပ် မနားနဲ့ ။
( ၃ ) ဟိုကောင်းခြုံတယ် ၊ ရှင်းမယ်လေ ကိုခြုံတွေ ။
( ၄ ) ကနားရန် ၊ ပဒါးစွတ် ။
( ၅ ) လှုပ်တုတ် က ခြုံပုတ် ၊ ငုတ်တုတ်ကြည့်လိုက်တော့ ၊ အမလေး ။
( ၆ ) ဗြဲ.....ရယ်ရတယ်တော့ ၊ မသိဘူး ဘာကြီးလဲ ။
( ၇ ) အနား ကျွန်မ ကပ်လာတယ် ၊ လူ လူ လူ ဟင် ။
( ၈ ) ကြိုးပြတ်သော နွားသိုးသည် မြင်သမျှ မည်းမည်းတို့ကို ဆော်သည် ။
( ၉ ) အရောဝင် ပါးရက် နားရက် နဲ့ ခွေးလေး ။
( ၁၀ ) သူ့အမေကြီးက ခေါ်အော်သည် ၊ အေးမောင် လာထား ၊ အေးမောင် လာထား ဟု ။
( ၅ ) ဖော်ပြထားသောစကားပုံများ နှင့် အနီးစပ်ဆုံး စကားပုံ တစ်ခု နှင့် နှိုင်းယှဉ် ပြပါ ။ ( ၁၅ ) မှတ်
( ခေတ် နှင့် လျော်ညီ ရမည့် စကားပုံ ဖြစ်ရမည် ။ )
( ၁ ) ကြက်တူရွေးကတော်တော် ၊ ကိုအောင်မော်က ကဲကဲ ။
( ၂ ) ဖွတ်ထွက် မှ မာဆက်မှန်းသိ ။
( ၃ ) ရင်လောက်တင် မှ ၊ စကတ် နား ကျ ။
( ၄ ) စိန်နားကပ်ရောင် နဲ့ ပါးတောင်နေတယ် ။
( ၅ ) အရူးက နှာဗူးသာ ။
( ၆ ) ပါးကောင်းလို့ နှုတ်ခမ်းတောင်းတာလား ။
( ၇ ) ကျားကြီး ဘာ...ပါကြီး ။
( ၈ ) ပုဆိုး တန်းတင် ။
( ၉ ) ဒီအတွဲမြင်လို့ ဒီခြုံထွင် ။
( ၁၀ ) ငါးစိမ်းမြင် ၊ KTV ပစ် ။
( ၆ ) သင်၏ထင်မြင် ယူဆချက် စာလုံးရေ ( ၅၀ ) ခန့် ရေးပါ ။ ( ၁၀ ) မှတ်
( ၁ ) မီးပျက်သွားသော အခန်းထဲ တွင် ကောင်မလေး နှင့် ကောင်လေး တို့သည် ဘာလုပ်ကြသနည်း ။ ( သန့်သန့်ရှင်းရှင်း ရေးပါ ) ( ရေချိုးပြီး မှ ကိုမဆိုလိုပါ )
( ၂ ) အို ၊ ဟင် ဘာကြီးလဲ ၊ အမလေးနော် ၊ ဟင်း ဟင်း ၊ ဟူး ဟူး စသော အသံများသည် မည်သည့် အသံများဖြစ်သနည်း ၊ မည်သို့ ပြုမူရာမှ ထွက်ပေါ်လာသနည်း ။
( ၃ ) * အို ဘာမှန်းလဲ မသိဘူး ၊ လူဆိုး ၊ နေမကောင်းပါဘူးဆိုမှ ဇွတ် ၊ ကုတင်တိုင်တောင် ကျိုးသွားတယ် ဂျွတ် * ဆိုသည်မှာ ဘာကိုဆိုလိုပါသလဲ ။
( ၄ ) * လူကြီးတွေ နဲ့ အတင်းအကျပ်လုပ်ရင်* ဆိုသော သီချင်းအား သီဆိုသူ နှင့် * အကဲလေး အကဲလေး* ၊ * လူဆိုးလေး ၊ အဆိုးလေး * သီချင်းသီဆိုသူ ၊
* မောင့်အကြိုက် မောင့်လိုအင်တွေကို ငြိုငြင်တာမရှိဘူး* သီချင်းသီဆိုသူ တို့သည် ၄င်းတို့ ထိုသီချင်းများအားသီဆိုချိန်တွင် မည်သည့်ခံစားချက်နှင့် သီဆိုကြသနည်း ။
( ရိုးရိုးသားသား အနုပညာ ခံစားချက် နှင့် ဖြေဆိုပါ ။ )
( ၅ ) * မအေးရယ်..ချစ်လို့ပါကွယ်*ဆိုပြီးနောက် မည်သည့်အရာများ လာအုံးမည်နည်း ။
( ၇ ) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တစ်ခုအား စာစီကုံးပါ ။ ( ၁၅ ) မှတ်
( က ) ခွင့်ပြုပါ - ခွေးလွှတ်မယ် ( 0r ) စောမေတို့က နောကျေနေပြီ ( အမလေး ) ( ရင်ထဲ တောင် မကောင်း )
( ခ ) * ကိုကို လူဆိုး * ( 0r ) * မာဆက် အကျဉ်းသား *
( ဂ ) * ကောင်းလား ဟွန်း ၊ ဒီမေးခွန်းကို အချစ်ရယ် မေးရက်တယ် ကောင်းလား * ( 0r ) * နင်တစ်ယောက်ထဲလား *
( ယ ) * သမီးဗိုက်ထဲက အောင့်အောင့်လာတယ် * ( 0r ) * အမေ တို့ တုန်းကလည်း ဒီလိုပဲ*
( င ) * မန်ချက်စတာ ယူနိုက်တက် နဲ့ ကျွန်မ တစ်ထောင့်တစ်ည * ( 0r ) * ခြုံဘုတ် ကြီးက လှုပ်တယ်တော့ * ။








ပုံ/
***************
ဒိသာပါမောက္ခ
မျက်လုံးတစ်ထောင် ကိုဖိုးမောင်

Sunday, October 2, 2011

ဘဝအမောပြေဟာသ(၄)

ငှက်လေး | 11:36 AM | Best Blogger Tips
( ဆရာ နားမလည်လို့ပါ )

ဆရာ - မောင်ပု၊ မင်းအဖေ မှာ ပိုက်ဆံ ၁၀ ရှိတယ်။ မင်းက သူဆီက ၆ ကျပ်
မုန်.ဖိုးတောင်းရင်။ မင်းအဖေ ဆီမှာ ဘယ်လောက်ကျန်မလဲ။
မောင်ပု - ၁၀ ပါ ဆရာ။
ဆရာ - မင်း က သချာင်္ ကို နားမလည်ဘူးပဲ။
မောင်ပု - ဆရာ လဲ ကျွန်တော်.အဖေ ကို နားမလည်ပါဘူး။

( ငှက်တစ်ကောင်၏ နောက်ဆုံးဖြစ်အင် )

ပင်လယ်ကမ်းခြေတွင် ယောင်္ကျား လေး တစ်ယောက် ကိုယ်တုံးလုံး ဖြင်. နေပူစာ
လှုံ နေစဉ် သူ.ဆီကောင်မလေး တစ်ယောက် ဦးတည်၍ လျှောက်လာပါတယ်။ ဒါနဲ. သူကလဲ
ရှက်တာနဲ. သူ.ပစ္စည်း ကို သူဖတ်နေတဲ. သတင်းစာ နဲ.အုပ်ထားလိုက်ပါတယ်။

ကောင်မလေး - ရှင်.သတင်းစာ အောက်မှာ ဘာရှိလဲဟင်။
ကောင်လေး - ငှက်တကောင်ရှိတယ်။

အဲဒီနောက် ကောင်မလေး ကထွက်ပြေးသွားပြီး ကောင်လေး က အိပ်ပျော်သွားခဲ.တယ်။

ဒါနဲ. ကောင်လေး ကနိုးလာတော. နာကျင်စွာဖြင်. သူဆေးရုံရောက်နေမှန်းသိတော.တယ်။
ဒီတော. သူ.ကို ဆေးရုံခေါ်လာတဲ. ရဲက မေးပါတယ် ။

ရဲ - မင်းဘာဖြစ်လာတာလဲ။
ကောင်လေး - မသိဘူး၊ ကျွန်တော် ပင်လယ်ကမ်းခြေမှာ လဲလျှောင်းနေတုန်း
ကောင်မလေး တယောက် က ကျွန်တော့် ပစ္စည်းအကြောင်းလာမေးတယ်။
အဲ.နောက်မမှတ်မိတော.ဘူး။

အဲဒီတော. ရဲ က ပင်လယ်ကမ်းခြေ ရှိ ထိုကောင်မလေး ကို သွားရောက်မေးမြန်းပါတော.တယ်။

ရဲ - နင် ဟို ကိုယ်တုံးလုံးနဲ.ကောင်လေး ကို ဘာလုပ်လိုက်တာလဲ။
ကောင်မလေး - အော်သူ.ကိုလား။ ဘာမလုပ်ပါဘူး။ ကျွန်မ က
ငှက်ကလေးနဲ.ဆော.နေတုန်း ငှက်က ကျွန်မကို တံတွေးနဲ. ထွေးတယ်လေ။
ဒါနဲ.ကျွန်မလဲ စိတ်တိုပြီး ငှက်ရဲ.လည်ပင်းကို ချိုးပစ်တယ်၊ ငှက်ဥ ကို
ခွဲပစ်လိုက်ပြီး အသိုက်ကိုပါ မီးရို. ပစ်လိုက်တယ်။


( လေးခါယူပါ )

သာဓု - “ရုပ်ချော၊ ဉာဏ်ကောင်း၊ ဂရုစိုက်တတ်ပြီး
ပိုက်ဆံလည်း ချမ်းသာတဲ့ ယောက်ျားကို ယူချင်ရင် ဖြစ်မလား”

ပါပု - “ဖြစ်ပါတယ် ဒါပေမယ့် လင်လေးခါယူရမယ်”




(ဒါဟာအခွင့်ကောင်းပဲ )

ခြံထဲသို့ တဖက်ခြံမှ နွားမကြီး တစ်ကောင်ဝင်လာကြောင်းကို

သားဖြစ်သူက အဖေဖြစ်သူကို အပြေးအလွားလာသတင်ပေးတယ်...

" အဖေ အဖေ ဟိုဘက်ခြံက နွားမကြီး ကျွန်တော်တို့ခြံထဲကို ရောက်နေလို့ အဖေရ "

အဲ့ဒီအခါမှာ အဖေဖြစ်သူက " အားး.. ဒီငနွား အော်ကြီးဟစ်ကြယ်နဲ့ ပြောနေရလား

သွားမြန်မြန်လေး သူ့သခင်မသိခင် အသာလေး နို့သွားညှစ်စမ်း ''


( ငါ့များလား ???? )

အများသုံး အိမ်သာတစ်ခုထဲ လူတစ်ယောက် ၀င်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။
ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။
"ဟေ့လူ. နေကောင်းလား…"
ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။
မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့.
"ကောင်းပါတယ်. ကျေးဇူး"
အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး.
အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။
"ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ."
ဟာ… ဒီလူတော့ ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို
ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ….
စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။
"ခင်ဗျားလိုပဲပေါ့ဗျာ."
ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။
ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။
"ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား"

ဗုဒ္ဓေါ……. ဒီလူ ဘယ်လိုလူလဲ. ဂေးလား. ဂျော်ရကီးလား. ဘာကောင်လဲကွာ…
ဘာပဲဖြစ်ဖြစ်. ကိုယ်ကျင်လည်ကျက်စားနေရာ နေရာမဟုတ်၍ သတိတော့ ထားနေရသည်။
ထောင်းခနဲ ထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့်
ပြန်ဖြေလိုက်သည်။
"မလုပ်နဲ့လေဗျာ. ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ.."

ဒုန်းခနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ဟိုဖက်က ပြန်ပြောသည်။
"နောက်မှပဲ ပြန်ဆက်တော့မယ်. ဟိုဖက်အခန်းထဲက ပေါတောတောတစ်ယောက်ဗျာ ရူးသလို
နှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့….



(နှစ်ဦးသဘောတူ)

မောင်ရိုးဆိုသူ လူငယ်တစ်ဦးအားမိဘများက အိမ်ထောင်ပြုရန်ပြောသည်။
မိဘများသဘောတူနေသောမိန်းခလေး အရုပ်ဆိုးသောလည်း အလွန်ချမ်းသာသည်။
မောင်ရိုးကြိုက်နေသောမိန်းခလေးမှာ ဆင်းရဲသော်လည်းချောလှ၏။
ကဲ...မောင်ရိုး မင်းကြိုက်နေသောမိန်းခလေးးကိုယူမလား။ ငါတို့ပေးစားမဲ့မိန်းခလေးကိုယူမလား။
မောင်ရိုး သေချာစဉ်းစားပြီးမှ မိဘများကိုပြောလိုက်သည်....
အမေတို့သဘောတူတဲ့မိန်းခလေးအိမ်မှာထမင်းစားသောက်ပြီး
........သားကြိုက်တဲ့မိန်းခလေးအိမ်မှာအိပ်မယ်ဗျာ နော်....


(ခိုင်းနည်းသစ်)

ယောင်္ကျားဖြစ်သူသည် ဘာခိုင်းခိုင်းအလွန် အပျင်းထူသည်။ မိန်းမဖြစ်သူသည်အားလပ်ချိန်တွင်ယောကျာင်္းကိုခြံထဲဆင်းပြီး သစ်ပင်စိုက်စေချင်သည်။
သို့သော် တော်တော်နဲ့ခိုင်းလို့ရမည်မဟုတ်။တစ်နေ့တွင် အကြံရကာမိန်းမဖြစ်သူက......
`ရှင်ခြံထဲဆင်းပြီးဘာမှမလုပ်တော့ဘူးလား၊သြော်အင်းလေ မလုပ်နိုင်ရင်လဲနေပါစေ။
အသက်လည်းရလာပြီဆိုတော့ အဘိုးကြီးလည်းဖြစ်တော့မှာဘဲလေ´
မကြာမီ သူ၏ယောင်္ကျားထပြီးခြံထဲဆင်း အလုပ်လုပ်လေသည်။

(လက်ထပ်လျင်)

အမျိုးသမီးနှစ်ယောက် တစ်နေ့လက်ထပ်ရင် ဘယ်လိုယောင်္ကျားမျိုးကိုရှာပြီး လက်ထပ်ရမည့် အကြောင်းပြောနေကြသည်။
ပထမမိန်းမ။ ။ငါယူတဲ့ယောင်္ကျားကချမ်းသာတဲ့သူဖြစ်ရမယ်။သဘောကောင်းတဲ့သူဖြစ်ရမယ်။ရုပ်ချောတဲ့သူဖြစ်ရမယ်။
ဒုတိယမိန်းမ။ ။အို..........ဒါဆို နင်ကယောင်္ကျား ၃ ယောက်တောင်ယူမှာလား

(ကြိုက်နေလို့ပါ)

ဒီအမျိုးသမီးကို ခင်များ ဘာလို့အဓမ္မ ကျင့်ရတာလဲ" တရားခံကို တရားသူကြီးကမေးသည်..။
"သူ့ကို ကျနော်ကြိုက်လို့ပါ"ဟုတရားခံက မျက်လုံးနှစ်ဖက် ကို လက်နှင့်ပိတ်ရင်းပြန်ဖြေသည်..။
"ဒီယောက်ျားကိုရော ဘာဖြစ်လို့အဓမ္မ ကျင့်ရပြန်တာလဲ "ဟုတရားသူကြီးကထပ်မေးသည်..။
"သူ့ကိုကျနော်ကြိုက်လို့ပါ "ဟုတရားခံကမျက်လုံးနှစ်လုံးကို လက်ဝါးဖြင့်ပိတ်ရင်းပြန်ဖြေသည်။
'ဒါနဲ့နေပါအုံး ခင်များဘာဖြစ်လို့ မျက်လုံးကိုလက်နှစ်ဖက်နဲ့ ပိတ်ပြီးဖြေနေရတာတုန်း "
"တရားသူကြီးမင်းကိုလည်းကျနော်ကြိုက်နေလို့ပါ..။"


(မထူးပါဘူး)

လမ်းတွင် ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်မှား စီးလာသော ကလေးတစ်ဦးကိုတွေသဖြင့် လူကြီးတစ်ဦးက...
`ဟေ့ချာတိတ် မင်းဖိနပ်အနီတစ်ဖက် ၊အနက်တစ်ဖက် ဖြစ်နေတယ်၊ အိမ်ပြန်လဲလိုက်အုံး´
ဟာ...အိမ်ပြန်လည်း မထူးပါဘူး ဦးဦးရာ...
`ဘာဖြစ်လို့လဲကွ`
`အိမ်မှာလည်း ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်ပါဘဲဗျာ.

(ညီမျှသလိုပဲ)

အသက်၄၀ခန့်ရှိသောလူပျိုသိုးကြီးသည် မိဘများအား အိမ်ထောင်ပြုချင်ကြောင်း ဖွင့်ဟပြောသည်။
ထိုအခါမိဘဖြစ်သူတို့က ရိုးအသော သားအကြာင်းသိသဖြင့် ဒါဆိုမေမေတို့က
မင်းနဲ့ရှေ့သွားနောက်လိုက်ညီမဲ့ အသက်၃၀ကျော်မိန်းခလးတစ်ယောက်ရှာပေးမယ်နော်။
ထိုအခါလူပျိုသိုးကြီးက မျက်နှာငယ်လေးဖြင့်.......့် မေမေတို့စကားလည်းနားထောင်ပြီးသားဖြစ်အောင် သားလိုချင်တာလည်းဖြစ်အောင်
အသက်၁၆နှစ်အရွယ် နှစ်ယောက်ယူလို့မရဘူးလားမေမေ...

(လက်တည့်လာလို့ပါ)

လင်မယားနှစ်ဦးကွာရှင်းပြတ်ဆဲမည်ဟု ရုံးတော်သို့ရောက်လာသည်။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမအားကွာရှင်းချင်ပါတယ်...
တရားသူကြီးက.....သီးမခံနိုင်အောင်ဘာကြောင့်များလဲ
ယောင်္ကျားဖြစ်သူက...ဒီမိန်းမနဲ့လက်ထပ်ပြီးတဲ့နှစ်၂၀လုံးလုံးမှာ
သူစိတ်တိုင်းမကျရင်တွေတဲ့အရာနဲ့ကောက်ကောက်ပေါက်ပါတယ်။ဒါကြောင့်သီးမခံနိုင်တာပါ။
တရားသူကြီးက....နှစ်၂၀လုံးသီးခံပြီးမှဘာလို့ရုံးတော်ကိုလာတိုင်ရတာလဲ။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမရဲ့လက်ကအခုမှပိုပြီးလက်တည့်လာလို့ပါ...

(မှီနိင်သေးတယ်)

အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။
``ဒိမှာခင်ဗျာ၊ ဒိမှာခင်ဗျာ´´
အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။
``ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´
``ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´
အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
``ဟုတ်ပါရဲ့ ကျွန်မ ထီးမေ့ကျန်ခဲ့တယ်´´
``အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´´

(သူဌေးနှင့်နွား)

လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။
သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကို
စေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည်
ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။
စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။
သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
``ငါသိပါတယ်ကွာ´´
သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´

(မရှိရင်ပိုကောင်းသေး)

မိန်းမဖြစ်သူသည်ယောင်္ကျား၏ ပုဆိုးအပြဲကိုချုပ်ပေးနေရင်းလှမ်းပြောသည်။
မိန်းမ၊ ၊`ရှင်တို့ယောင်္ကျားတွလေ ကျမတို့မိန်းမတွေမရှိရင် တော်တော်စိတ်ညစ်ရမယ်၊
မိန်းမတွေရှိနေလို့သာရှင်တို့ ပုဆိုးတွေ၊ ဘောင်းဘီ၊အင်္ကျီတွေချူပ်ပေးမဲ့သူရှိတာ´
ယောင်္ကျား၊ ၊`အိုမရှိမဖြစ်ဟုတ်ပါဘူးကွာ၊ငါတို့ အဲဒီဘောင်းဘီ၊ပုဆိုးတွေ ၀တ်ရတာလည်း မင်းတို့မိန်းမတွေရှိနေလို့ကွ၊မိန်းမတွေမရှိရင် ငါတို့ဘာမှဝတ်စရာ
မလိုဘူးကွ´

(အပါအ၀င်၂၃ ယောက်မြောက်)

တခါက အရူးတွေကို ခုနှစ်ထပ်ရှိတဲ့အရူးထောင်မှာထား တယ်တဲ့ တနေ့ကျတော့ အရူးတွေက အော်နေကြ တယ် " ၂၂ " ဆိုပြီးတော့ အဲဒါနဲ့တာဝန်ကျဆရာဝန်ကလည်း ထူးဆန်းတယ်ဆိုပြီး

မြေညီထပ်ကအရူးတွေကိုသွားမေးတယ် အရူးတွေကအပေါ်ထပ်ကအော်လို့အော်ရတာပါတဲ့ ဒါနဲ့ ဆရာဝန်လည်း ဒုတိယထပ်ကိုတက်သွားပြီးမေးပြန်တယ် ဒုတိယထပ်က

အရူးတွေကကျတော့နဲနဲအဆင့်မြင့်လာတယ် စာတန်းတွေဘာတွေနဲ့ပေါ့ သူတို့ကလည်းအပေါ်ကအော်လို့အော်ရတာပါလို့ဖြေပြန်တယ် ဒါနဲ့ထပ်တက်ပြန်တာပေါ့ တတိယထပ်ကျတော့

မိုက်ကရိုဖုန်းတွေဘာတွေနဲ့အော်နေကြတာပေါ့ သူတို့ကလည်း အပေါ်ကအော်လို့အော်ရတာပါလို့ပြောပြန်ကော ဒီလိုနဲ့ တစ်ထပ်ပြီးတစ်ထပ်တက်ရင်းတက်ရင်းနဲ့ နောက်ဆုံးထပ်

ခုနှစ်လွာကိုရောက်တော့ အဲအထပ်မှာက ဂိုဏ်းစတား အရူးတွေကြီးပဲရှိတယ် ဒါနဲ့ဆရာဝန်ကထုံးစံတိုင်းမေးပြန်ရောတဲ့ အရူးတွေကဘာမှမပြောဘူး ပြတင်းပေါက်ကို လက်ညိုးထိုးပြတယ်

ဆရာဝန်ကလည်းဘာများလည်းဆိုပြီးသွားကြည့်တာပေါ့ အဲချိန်မှာအရူးတွေက ဆရာဝန်ကိုခြေထောက်ကနေကိုင်ပြီး ပြတင်းပေါက်ကနေပစ်ချလိုက်ကြတယ် ပြီးတော့
သူတို့အားလုံးအော်လိုက်တာက ၂၃ ၂၃ တဲ့


(အဲ့ဒါလဲကောင်းပါတယ်)

မိန်းခလေးနှစ်ယောက် စားသောက်ဆိုင်တွင်စကားပြောနေကြသည်။
ပထမ မိန်းခလေး......ငါ့မှာရည်းစားနှစ်ယောက်ရှိတယ်။တစ်ယောက်ကချမ်းသာတယ်၊
တစ်ယောက်ကရုပ်ချောတယ်။ဒါဆိုဘယ်သူ့ကိုရွေးရမလဲဟင်။
ဒုတိယမိန်းခလေး......လွယ်ပါတယ်။ရုပ်ချောတဲ့သူနဲ့ ဆက်တွဲနေပေါ့။
လက်ထပ်တဲ့ခါမှ ချမ်းသာတဲ့သူနဲ့လက်ထပ်လိုက်။


(အထီးအမခွဲခြားနည်း)

"မေမေ၊ ကျွန်တော် ယင်ငါးကောင်ကို သတ်လိုက်တယ်၊ နှစ်ကောင်က အထီး၊ သုံးကောင်က အမ" ဟု ငါးနှစ်သား လူငယ်လေးက သူ့မိခင်ကိုပြောလိုက်သည်။
"ဟုတ်လား၊ ဒါနဲ့သားက ယင်ကောင် အထီးနဲ့ အမ ဘယ်လိုခွဲသလဲကွဲ့။"
"အော်…ဒါလား နှစ်ကောင်က ဘီယာပုလင်းပေါ်မှာ၊ သုံးကောင်က ကြည့်မှန်ပေါ်မှာ နားနေကြတာလေ"

(ကောင်းပါတယ်)

မောင်ချစ်။ ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား?
ဇနီးဖြစ်သူ။ ။ ဟင့်အင်း... ကျွန်မညီမနဲ့ပဲ နေမှာ။ ဒါနဲ့ ရှင်ကော ကျွန်မ သေသွားရင် နောက် အိမ်ထောင် ပြုမှာလား?
မောင်ချစ်။ ။ ဟင့်အင်း... ငါလဲ မင်းလိုပဲ မင်းညီမနဲ့ပဲ နေမှာပေါ့။