Friday, September 30, 2011

ပြည့်ဝနိုင်ေ​သာအချစ်

ငှက်လေး | 11:55 AM | Best Blogger Tips
သူတို့ မင်္ဂလာဆောင်ခဲ့တာ အခုဆို နှစ်နှစ်ကျော်ပါပြီ။ ကောင်လေးက စာပေပိုင်းမှာ အားသန်တော့ နက်ပေါ်မှာ စာတွေ ရေးပြီး တင်လေ့ရှိတယ်။ ဒါပေမယ့် သူ့စာကို ဖတ်ဖူးတဲ့လူက ခပ်ရှားရှားရယ်။ ဓါတ်ပုံရိုက်တဲ့ အလုပ်နဲ့လည်း အသက်မွေး ၀မ်းကျောင်းတယ်။ မင်္ဂလာပွဲတွေ လိုက်ရိုက်တာပဲ များတယ်။ ကောင်လေးက ကောင်မလေးကို အရမ်းချစ်တယ်။ ကောင်မလေးလည်း အပြန်အလှန်ပေါ့။ ကောင်မလေးက စိတ်မြန် လက်မြန်နဲ့ ဒေါသလည်း အထွက်မြန်တယ်။ ဒေါကြီးမောကြီးနဲ့ ကောင်လေးကို အမြဲ ဆက်ဆံတတ်ပေမယ့် ကောင်လေးကတော့ အမြဲလိုလို ခွင့်လွှတ်ပေးနိုင်ခဲ့တယ်။

ဒီနေ့လည်း ကောင်မလေး ကမူးရှူးတိုး လုပ်ပြန်ပြီ။

မ - မင်း ဘာလို့ ငါ့သူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ ဓါတ်ပုံ မရိုက်ပေးနိုင်ရတာလဲ။ သူ ပိုက်ဆံပေးမယ်လို့ ငါ့ကို ကတိပေးထားတယ်။
က - ငါ အဲဒီနေ့ အချိန် မရှိဘူး။
မ - အန်
က - ဘာဖြစ်
မ - အချိန်မရဘူး ?? ဒီ ဝတ္ထုတွေ လျှော့ရေးပါလား။ ဒါဆို လိုအပ်သလောက် အချိန်တွေ ရပြီပဲ။
က - ငါ .... တချိန်ချိန်မှာ တစ်ယောက်ယောက်ကတော့ ငါရဲ့ အရေးအသားတွေကို အသိအမှတ် ပြုလာမှာပါ။
မ - ဟမ် ငါ အဲဒါ ဂရုမစိုက်ဘူး။ အဲဒီပွဲကို မင်း ဓါတ်ပုံ သွားရိုက်ကို ရိုက်ပေးရမယ်။
က - ဟင့်အင်း
မ - တစ်ခါတည်းတောင် မရဘူးပေါ့။
က - ဟင့်အင်း
ဒီထက် ဘာမှ ဆက်ညှိနှိုင်းစရာ မရှိတော့ဘူး။ ဒါနဲ့ ကောင်မလေးက နောက်ဆုံး အနေနဲ့ သတိပေးလိုက်တယ်။ "သုံးရက်အတွင်း အင်း ဆိုတဲ့ အဖြေပဲ ကြားချင်တယ်။ အဲလို မဟုတ်ရင်တော့လား ......"

ပထမနေ့ ... ကောင်မလေးက မီးဖိုချောင်၊ ကွန်ပြူတာ၊ ရေချိုခန်း၊ ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက်၊ DVD ဖွင့်စက် စတဲ့ ပစ္စည်းတွေ အားလုံးကို လုံးဝ ပေးမထိတော့ဘူး။ နှစ်ယောက်အိပ် ကုတင်ကလွဲလို့လေ။ သူ့ရဲ့ စာနာစိတ်ကို ပြချင်လို့ပဲ ထင်စရာရှိတယ်နော်။ ဘယ်ကလာ။ ဒီကုတင်မှာ သူလည်း အိပ်ရဦးမှာကိုး။

ဒါပေမယ့် ကောင်လေးက မှုတဲ့ပုံ မပေါ်ဘူး။ အိတ်ကပ်ထဲမှာ ပိုက်ဆံ ကျန်နေသေးတာပဲ အေးဆေးပေါ့။

ဒုတိယနေ့ ... ကောင်မလေးက ဖြတ်လေးဖြတ်အပြင် အိတ်ကပ်ထဲမှာ ရှိသမျှ အကုန် သိမ်းပစ်လိုက်ပြီး သတိပေးလိုက်တယ်။ ကိုယ့်ဖာသာ သူများ အကူအညီ တောင်းပေတော့။ မင်းကုသိုလ်နဲ့ မင်းပဲ။

ကောင်လေး အခုတော့ တိုင်ပတ်ပြီ။ ညရောက်တော့ သူ့ကို ခွင့်လွှတ်ဖို့ တောင်းပန်ရှာတော့တယ်။ ဒီကိစ္စ ရပ်တန်းက ရပ်ဖို့ပေါ့။ ကောင်မလေးကတော့ ခွင့်လွှတ်ဖို့ အစီအစဉ် မရှိ။ သူ ဘာပြောပြော ဟင့်အင်းပဲ။ သဘောမတူမချင်းပေါ့။

တတိယနေ့ ည ... ကုတင်ပေါ်မှာ ကောင်လေးက လှဲနေပြီး တစ်ဘက်ကို ငေးကြည့်နေတယ်။ ကောင်မလေးလည်း ကုတင်ပေါ်လှဲပြီး တခြားတစ်ဘက်ကို ငေးမောနေတယ်။

က - ငါတို့ ပြောဖို့ လိုလာပြီ။
မ - မင်္ဂလာဆောင် ကိစ္စ မဟုတ်ရင် မပြောနဲ့။
က - အတော်လေး အရေးကြီးတဲ့ ကိစ္စ မို့ပါ။
ကောင်မလေး ငြိမ်နေတယ်။
က - ငါတို့ လမ်းခွဲရအောင်။
ကောင်မလေး သူ့ရဲ့ နားတွေကို မယုံနိုင်အောင် ဖြစ်သွားတယ်။
က - ငါ မိန်းကလေး တစ်ယောက်ကို သိကျွမ်းခဲ့တယ်။
ကောင်မလေး တော်တော်ကို တင်းသွားတယ်။ သူ့ကို ရိုက်ပစ်လိုက်ချင်ပေမယ့် မြှောက်လိုက်တဲ့ လက်တွေက အတော်လေး လေးလံနေတော့ ကောင်လေးဆီ မရောက်ဘဲ သူ့ဘေးနားတင် ပြန်ကျသွားတယ်။ သူ့ကို ဘာမှ ဆက်မပြောစေချင်တော့ဘူး။ သူမရဲ့ မျက်လုံးတွေကလည်း စိုစွတ်နေပြီ။ ကောင်လေးဟာ ဓါတ်ပုံတစ်ပုံကို သူ့ ဗိုက်နားကနေ ဆွဲထုတ်လိုက်တယ်။ အတွင်းခံ အိတ်ထဲမှာ ထည့်ထားပုံပဲ။ အေးလေ။ ကောင်မလေး မနေ့က ဒီလောက် မွှေနေတာ သူ မနှိုက်ကြည့်မိတာ ဆိုလို့ အဲဒီ အိတ်ကပ်ပဲ ရှိမှာပေါ့။ ပေါ့ဆလိုက်တာ ...

က - တကယ်တော်တဲ့ မိန်းကလေးပါ။

ကောင်မလေး မျက်ရည်တွေ ဖြိုင်ဖြိုင် ကျလာပြီ။

က - စိတ်ရင်းလေးလည်း ကောင်းရှာတယ်။
ကောင်မလေးရဲ့ အသည်း အစိပ်စိပ် အမွှာမွှာ ကွဲပြီ။ ကောင်လေးရဲ့ နှလုံးသားနဲ့ အနီးဆုံးမှာ တခြား မိန်းကလေးတစ်ယောက် ရောက်နေပြီလေ။
က - သူက ပြောတယ်။ ငါတို့ လက်ထပ်ပြီး ကြရင် ငါ့ရဲ့ စာပေပိုင်း လိုက်စားမှုတွေကို အပြည့်အ၀ အားပေး ထောက်ပံ့မယ်တဲ့။
ကောင်မလေး တော်တော် သ၀န်တိုသွားတယ်။ သူလည်း ဟိုးအတိတ်ရဲ့ တချိန်က ဒီလိုပဲ ပြောခဲ့တာလေ။
က - သူ ငါ့ကို တကယ် နှစ်နှစ်ကာကာ ချစ်တာပါ။
"ငါကတော့ မဟုတ်လို့လား ... " လို့ ကောင်မလေး ထအော် ပစ်ချင်စိတ်တွေ တဖွားဖွား ပေါ်နေတယ်။
က - ဒါကြောင့် ငါ မလုပ်ချင်တဲ့ အလုပ်တွေကို အတင်းအကျပ် တွန်းအားပေးပြီး သူ မလုပ်ခိုင်းလောက်ဘူး။
ကောင်မလေး စဉ်းစားရပြီ။ ဒါပေမယ့် ဒေါသတွေကတော့ မငြိမ်မသက်နဲ့။
က - ငါ ရိုက်ပေးထားတဲ့ သူ့ရဲ့ ဓါတ်ပုံလေးကို မင်း ကြည့်ကြည့်မလား။
မ - ..... !
ဓါတ်ပုံကို ကောင်မလေးရဲ့ မျက်စိနား ရွှေ့ပေးလိုက်တယ်။ ဝေဝါးနေတဲ့ မျက်စိ၊ တောက်လောင်နေတဲ့ ဒေါသ အဟုန်နဲ့ ကောင်လေးရဲ့ လက်ကို ပုတ်ချ ပစ်လိုက်တယ်။ နောက်ပြီး "ဖြန်း" ဆိုတဲ့ အသံနဲ့အတူ နီးမြန်းသွားတဲ့ ပါးတစ်ဖက်။

ကောင်လေး သက်ပြင်း ချလိုက်တယ်။ ကောင်မလေး ငိုနေတယ်။
သူ ဓါတ်ပုံကို သူ့ အိတ်ကပ်ထဲ ပြန်ထည့်လိုက်တယ်။

ကောင်လေး မီးကို ပိတ်ပြီး အိပ်ပစ်လိုက်တယ်။ ကောင်မလေး မီးကို ဖွင့်ပြီး ထ ထိုင်လိုက်တယ်။ ကောင်လေး အိပ်ပျော်သွားပြီ။ ကောင်မလေးတော့ အိပ်ချင်စိတ်ကို လုံးလုံး မရှိတော့ဘူး။ သူရဲ့ မာကျောခဲ့တဲ့ ဆက်ဆံမှုတွေကို ပြန်လည် မြင်ယောင်နေမိတယ်။

သူ ထပ်ငိုပြန်တယ်။ အကြောင်းအရာ အတော်များများကို စဉ်းစားပြီးနောက် ကောင်လေးကို နှိုးလိုက်ချင်တယ်။ သူတို့နှစ်ယောက် နွေးနွေးထွေးထွေး စကားပြောကြရအောင်ပါ။ နောက်နောင် ဖိအားမပေးတော့ဘူးပေါ့။ ကောင်လေးရဲ့ ဗိုက်ကို လှမ်းကြည့်မိတယ်။ ဟိုမိန်းကလေး ဘယ်လိုပုံပါလိမ့် ဆိုတာလည်း သိချင်လာတယ်။

ဓါတ်ပုံကို ဆွဲထုတ်လိုက်တယ်။ ကောင်မလေး တအားကို ငိုချင်သွားတယ်။ နောက်ပြီး ရယ်လည်း ရယ်နေတယ်။ နှပ်ချေးရွှဲရွှဲ ပြုံးဖြဲဖြဲ နဲ့ ဆိုတာ ဒါမျိုးထင်တယ်။

ဓါတ်ပုံ ရိုက်ထားတာ အတော်လေး ကောင်းတယ်။ ကောင်မလေးကို ရိုက်ပေးထားတဲ့ ဓါတ်ပုံလေ။ သူ ဒူးကို ကွေးချလိုက်ပြီး ကောင်လေးရဲ့ ဗိုက်ကို အနမ်းလေးနဲ့ တန်ဆာဆင်လိုက်တယ်။

သူက တလျှောက်လုံး အိပ်ချင်ယောင် ဆောင်နေတာလေ။ သူ ပြုံးနိုင်ရှာပြီပေါ့။
ဘယ်လိုချစ်မလဲ သင်ယူမှာလား။
ပြီးပြည့်စုံတဲ့လူကို မရှာပါနဲ့။
မပြည့်စုံတဲ့သူကို ပြည့်ပြည့်၀၀ မြင်တတ်ဖို့ပဲ သင်ယူပါ။
--

From http://gtuonlinefriends.ning.com/profiles/blog/show?id=2660565%3ABlogPost%3A825924&xgs=1&xg_source=msg_share_post

Thursday, September 29, 2011

ဘဝအမောပြေဟာသ(3)

ငှက်လေး | 10:03 AM | Best Blogger Tips
> 1.လှုံ့ဆော်စာ
>
> ရန်ကုန်မြို့ ဆူးလေကားဂိတ်တွင် လူတစ်ယောက်သည် စာရွက်လွတ်များကို ကျဲချနေသည်။
> ဤသည်ကို မြင်သောအခါ ရဲများက၎င်းကိုဖမ်းပြီး ရဲစခန်းသို့ခေါ်လာသည်။
> ရဲမှူးက အသံမာမာနှင့် မေးသည်။
> “ဟေ့လူ . . . ခင်ဗျား ဘာလုပ်တာလဲ”
> “ဘာလုပ်ရမလဲ။ လှုံ့ဆော်စာ ဝေနေတာလေ”
> “ကျုပ်ကို အကြောင်လာရိုက်မနေနဲ့။ စာရွက်ပေါ်မှာ ဘာမှမရေးထားဘူး”
> “ဘာရေးစရာလိုလဲ ဗျာ။ ဒီအတိုင်းလဲ ရှင်းနေတာပဲ ဥစ္စာ”

> 2.ဘာမှ မရှိတော့ဘူး
> ရွေးကောက်ပွဲ ပြုလုပ်နေသည့် ကာလဖြစ်သည်။
> လူကြီးတစ်ယောက် အသားဆိုင်ထဲသို့ ၀င်ပြီးမေးသည်။
> “ဘာသား ရှိလဲ ဗျာ”
> “ဘာသားမှ မရှိဘူး”
> လူကြီး ဆိုင်မှ ထွက်ပြီးမှတ်စုစာအုပ်တွင် . . .
> “အသားဆိုင်တွင် ဘာသားမှ မရှိ”
> ဟု ရေးသည်။
> ထို့နောက် ၀က်အူချောင်းဆိုင်သို့ ၀င်သည်။
> “၀က်အူချောင်းရှိလား”
> “မရှိဘူး”
> လူကြီး ၀က်အူချောင်းဆိုင်မှ ထွက်ပြီး မှတ်စုစာအုပ်တွင်ရေးသည်။
> “၀က်အူချောင်းဆိုင်တွင် ၀က်အူချောင်းမရှိ”
> လူကြီးနောက်မှ ကားတစ်စီးလိုက်လာပြီး အရပ်ဝတ်နှင့် လူနှစ်ယောက်က
> ၎င်းကိုကားပေါ်ဆွဲတင်ကာ ထောက်လှမ်းရေး ရုံးသို့ ခေါ်သွားသည်။
> ရုံးခန်းထဲတွင် အရာရှိဖြစ်သူကပြောသည်။
> “ဒီ (ရွေးကောက်ပွဲ) ကာလသာမဟုတ်ရင် ခင်ဗျားလိုလူမျိုးကို အဆုံးစီရင်ပစ်တယ်။
> အခု ခင်ဗျားကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တယ်။ သွားတော့”
> အပြင်ဘက်တွင် လူကြီးသည် မှတ်စုစာအုပ်ကို ထုတ်ပြီး ရေးသည်။
> “ထောက်လှမ်းရေးတွင်လည်း ကျည်ဆံမရှိ”

> 3.အကြောင်းအရင်း
> ကိုဘမောင်တစ်ယောက် ဗမာနိုင်ငံမှ အပြီးအပိုင်ထွက်ခွါရန် လျှောက်လွာတင်သည်။
> အဘယ်ကြောင့်ထွက်ခွါချင်သနည်းဟု တာဝန်ရှိသူက မေးရာ၎င်းက ဤသို့ဖြေသည်။
> “အကြောင်းအရင်း နှစ်ခု ရှိပါတယ်။ ပထမ အကြောင်းကဘာလဲဆိုတော့
> ကျနော့ ညာဘက်အခန်းကလူက စစ်အာဏာရှင်စနစ် ပြိုကွဲ ကျဆုံးသွားရင်
> ကျနော်နဲ့ ကျနော့ မိသားစုကို လည်လှီးသတ်မယ်လို့ ပြောတယ်”
> “ဒါများ အရေးလုပ်လို့ စစ်အာဏာရှင် စနစ်ဘယ်တော့မှ မကျဆုံးဘူးဆိုတာ
> ခင်ဗျားလဲ သိသားနဲ့”
> “အဲ့ဒါက ဒုတိယအကြောင်းအရင်းပါ”

>4. ပြစ်မှုမမြောက်ပါ
>
> အရက်သေစာသောက်စားမှုကို တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဆန့်ကျင်နေကြသည်။
> အရက်ခိုးချက်သည့်အမှုကို ပြည်သူ့တရားရုံးတစ်ခုတွင်စစ်ဆေးနေသည်။
> “ခင်ဗျားရဲ့အိမ်မှာ အရက်ခိုးချက်တဲ့ ကိရိယာတွေတွေ့တယ်ဆိုတာ အမှန်ပဲလား”
> “မှန်ပါတယ်”
> “ဒါဆို အရက်ခိုးချက်ခဲ့တယ်ပေါ့ . . .”
> “မချက်ပါဘူး”
> “ချက်တဲ့ကိရိယာ ရှိနေမှတော့ ခင်ဗျား မချက်ပဲ နေပါ့မလား”
> “မချက်ပါဘူး”
> စဉ်းစားရန် ရုံးတော်ကို ခေတ္တရပ်နားလိုက်သည်။
> ပြန်စသည်နှင့်စီရင်ချက်ကို တရားသူကြီးက ဖတ်ကြားသည်။
> “အရက်ခိုးချက်မှုဖြင့် တရားခံအား ထောင်ဒဏ်7နှစ် ချမှတ်လိုက်သည်။
> ကိုင်း ! တရားခံကို နောက်ဆုံးပြောချင်တာ ရှိရင် ပြောခွင့်ပြုပါတယ်”
> “ကျနော့ကို အဓမ္မကျင့်မှုနဲ့လည်း အပြစ်ဒဏ်ပေးစေလိုပါတယ်”
> “ဘာလဲ။ ခင်ဗျား တစ်ယောက်ယောက်ကို အဓမ္မကျင့်ခဲ့လို့လား”
> “မကျင့်ပါဘူး။ ဒါပေမယ့် . . . ကိရိယာနေတယ်လေ

> 5.ထူးဆန်းလိုက်တာ
>
> ကိုမင်းမင်းတစ်ယောက် အရက်ဘားထဲသို့ ၀င်လာပြီး ၀ီစကီ ငါးပက် မှာသည်။
> စာပွဲထိုးလာချပေးသည်နှင့် တစ်ရှိန်ထိုးမော့ချလိုက်သည်။
> နောက် လေးပက်မှာသည်။
> ရောက်လာသည်နှင့် စောစောကကဲ့သို့ တစ်ရှိန်ထိုးမော့ချလိုက်ပြန်သည်။
> နောက် သုံးပက်မှာသည်။
> မနားတမ်းသောက်ချလိုက်သည်။
> နောက်ထပ် နှစ်ပက်ထပ်မှုာသည်။
> ရောက်လာသော ခွက်တွေကို ကြည့်ရင် လျှာလေး အာလေးဖြင့်ပြောလိုက်သည်။
> “တော်တော်ထူးဆန်းတာပဲ။ လျှော့သောက်လေလေ- မူးလေလေပါလား . . .”

> 6.အမြွှာပူးလားလို့
>
> သားဖွားဆေးရုံထဲသို့ ကိုမင်းမင်း ရောက်လာသည်။
> ဇနီးသည်၏ အခန်းထဲသို့ ၀င်သည်။ ဇနီးဘေးက မွေးခါစကလေးကို ကြည့်ပြီး
> ၀မ်းသာအားရအော်သည်။
> “ဟန်ကျတာပဲ။ အမြွှာပူးဟေ့”
> သူနာပြုဆရာမက လှမ်းပြောသည်။
> “အမြွှာပူးမဟုတ်ဘူး။ တစ်ယောက်ထဲပါ။ နောက်တစ်ခါလာရင် အရက်မသောက်ဘဲ လာခဲ့နော်”

> 7.ကုန်ပြီ
>
> အရက်ဘားထဲမှ ထွက်လာပြီး မဖြတ်ကူးရနေရာတွင် လမ်းကူးသူကို ယာဉ်ထိန်းရဲက
> နောက်မှ လှမ်းအော်သည်။
> “ဟေ့လူ! ပြန်လာခဲ့”
> ထိုလူက လျှာလေး အာလေးနှင့် ပြန်ဖြေသည်။
> “မလာနိုင်ဘူး။ ပိုက်ဆံကုန်ပြီ”

>8. အမိန့်နာခံတဲ့ သူ
>
> သူငယ်ချင်း နှစ်ယောက် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ထဲဝင်ရန်ရောက်လာကြသည်။
> လူတွေ့စစ်မေးရန် ပထမလူကိုခေါ်လိုက်သည်။
> တာဝန်ခံ အရာရှိက ပြောသည်။
> “ငါတို့ တပ်ဖွဲ့ဟာ အထက်အမိန့်ကို တစ်သွေမတိမ်း လိုက်နာဆောင်ရွက်တတ်တဲ့
> မူပေါ်မှာ အခြေခံထားတယ်။
> တပ်ဖွဲ့ဝင်တွေဟာ အထက်လူကြီးခိုင်းတဲ့အတိုင်း လုပ်ရတယ်။ ဘာဆင်ခြေမှ မပေးရဘူး။
> ကိုင်း! ခင်ဗျားကို စစ်ဆေးတဲ့ အနေနဲ့ ဟောဒီခြောက်လုံးပြူးကို ယူသွား။
> အပြင်မှာစောင့်နေတဲ့ သူငယ်ချင်းကိုပစ်သတ်လိုက်”
> ထိုလူက ထစ်ထစ်ငေါ့ငေါ့ဖြင့်ပြန်ပြောသည်။
> “ဟာ . . . ကျနော့သူငယ်ချင်းကို မလုပ်ရက်ပါဘူးဗျာ”
> “ဟေ့ . . . တပ်ထဲ ၀င်ချင်ရင် ခိုင်းတဲ့အတိုင်းလုပ်စမ်း”
> ထိုအခါ လေးလံသော ခြေလှမ်းများဖြင့် အပြင်ဘက်သို့ ထွက်သွားသည်။
> အတန်ကြာမှ တုန်တုန်ယင်ယင်ဖြင့် အခန်းထဲသို့ ပြန်ဝင်လာသည်။
> အရာရှိကပြောသည်-
> “ဘာတုန်တုန်ယင်ယင်ဖြစ်နေတာတုန်း။
> ငါတို့က သွေးဆာနေတဲ့ သားရဲတိရစ္ဆာတွေမဟုတ်ပါဘူးကွ။
> ခြောက်လုံးပြူးထဲကို ကျည်ဆံ ငါတို့ ထည့်မပေးလိုက်ပါဘူး။ မင်းကို စမ်းသပ်တာပါ။
> အပြင်မှာ တပ်ထားတဲ့ ကင်မရာကနေတဆင့် မင်းသေနတ်ခလုတ်နှိပ်လိုက်တာကို
> တို့တွေမြင်လိုက်ပါတယ်။
> မင်းအမိန့်အတိုင်းလုပ်တယ်ဆိုတာ သေချာသွားပြီ။ ငါတို့ ကျေနပ်တယ်။
> ကိုင်း! မင်းသူငယ်ချင်းကို အထဲလွတ်လိုက်တော့”
> “ခေါ်လို့ မရတော့ဘူး”
> “ဘာဖြစ်လို့လဲ”
> ““သေနတ်နဲ့ ပစ်တာ မသေတော့ ကော်ရစ်တာမှာရှိတဲ့ ကုလားထိုင်နဲ့ သူ့ကို
> ကျနော် ရိုက်လိုက်တာ ကိစ္စချောသွားပြီ။”

>9. နိုင်ငံခြားပြန် ကိုမောင်မောင်
>
> ကိုမောင်မောင် တစ်ယောက် မလေးရှားမှ ပြန်မည်။
> နေရပ်သို့ မပြန်ခင် ဘာဝယ်သွားရရင် ကောင်းမလဲ စဉ်းစာသည်။
> တီဗွီ၊ ရေဒီယိုနှင့် စည်သွပ်ဗူးဝယ်သွားမည်ဟု ဆုံးဖြစ်လိုက်သည်။
> နေရပ်သို့ ပြန်ရောက်သောအခါ ပထမဆုံး တီဗွီလိုင်းကို ဖွင့်လိုက်သည်။
> ပထမလိုင်းကို ဖွင့်လိုက်သည်။ ဗိုလ်ချုပ်မှူးကြီး မိန့်ခွန်းပြောနေပုံ ပေါ်လာသည်။
> ဒုတိယလိုင်းကို ဖွင့်လိုက်သည်။ ဘာမျှမထူး။ ဒီမှာလဲ စကားပြောနေသည်။
> သို့နှင့် - ရေဒီယိုကို ဖွင့်သည်။ မထူး။ ဒီမှာလဲ ထိုမိန့်ခွန်းကိုပဲ
> ထုတ်လွင့်နေသည်။
> ကိုမောင်မောင် စိတ်ညစ်လာသည်။
> နောက်ဆုံးလက်ကျန် စည်သွပ်ဗူးများဆီသို့ မျက်လုံးရောက်သွားသည်။
> ထို့နောက် တစ်ကိုယ်တည်း ပြောလိုက်သည်။
> “မဖွင့်ဘူးကွာ . . . .!”

> 10.ပြောတော့ မပြောတော့ဘူး
>
> လူကြီးတစ်ယောက် လမ်းလျှောက်လာသည်။
> ရုတ်တရက် ခေါ်သံလိုလိုကြားလိုက်ရသည်။
> “ဟေ့! လူယုတ်မာ”
> အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ ကြက်တူရွေးတစ်ကောင်ကိုတွေ့သည်။
> လမ်းပေါ်တွင် မည်သူတစ်ယောက်မှ မရှိသဖြင့် မိမိကို ရည်ညွန်းသည်ဟု
> လူကြီးသဘောပေါက်လိုက်သည်။
> သို့သော် တိရစ္ဆာန်နှင့်ရန်ဖြစ်လျှင်လူကြားလို့ ကောင်းမည်မဟုတ်သဖြင့်
> ဘာမျှမပြောဘဲ ဆက်သွားလိုက်သည်။
> နောက်တစ်နေ့ မနေ့ကလမ်းအတိုင်းလျောက်လာသည်။
> မနေ့ကအတိုင်း “ဟေ့လူ . . .”ဆိုသော စကားကို ကြားရသည်။
> လှည့်ကြည့်လိုက်ရာ မနေ့ကကြက်တူရွေးပင်ဖြစ်နေသည်။
> နောက်တစ်နေ့လျှောက်လာပြန်၏။
> ဆိုခဲ့သည့် အိမ်ရှေ့အရောက်တွင် “ဟေ့! လူယုတ်မာ” ဆိုသော အသံထွက်ပေါ်လာသည်။
> လှည့်ကြည့်သည်။ အရင်နေ့တွေက ကြက်တူရွေးပါပဲ။
> ဒေါသကို အတတ်နိုင်ဆုံး ချိုးနှိမ်ပြီး လူကြီးဆက်လျောက်လာသည်။
> ရဲစခန်းသို့သွားသည်။ ဖြစ်သည့်အကြောင်းကို ရှင်းပြသည်။
> ရဲကြပ်တစ်ယောက်လိုက်လာပြီး “
> မွေးထားသော ကြက်တူရွေးဆီက ရုန်းရင်းကြမ်းတမ်းသောစကား
> နောက်တစ်ခါပြောသံ ကြားရပါက ဒါဏ်ငွေငါးထောင်ရိုက်မည်။
> ကြက်တူရွေးကို တိရစ္ဆာန်ရုံသို့ ပို့မည်”ဟု သတိပေးပြောကြားလိုက်သည်။
> နောက်တစ်နေ့။
> ရဲကို သွားတိုင်သည့်လူကြီး မနေ့ကလမ်းအတိုင်း လျှောက်လာသည်။
> “ဟေ့လူ”
> လူကြီှးလှည့်ကြည့်သည်။
> အရင်ရက်တွေက ကြက်တူရွေးကို မြင်သည်။ သည်တစ်ခါ လူကြီးက ပြန်မေးသည်။
> “ဟေ့ကောင်! ဘာလဲကွ”
> အတန်ငယ်ကြာ ဘာသံမှ မကြားရဘဲ တိတ်ဆိတ်နေသည်။
> ပြီးမှ ကြက်တူရွေးက ပြောသည်။
> “ကျုပ်ပြောချင်တဲ့စကားခင်ဗျားသိပါတယ်” တဲ့။

ဘဝအမောပြေဟာသ(2)

ငှက်လေး | 9:44 AM | Best Blogger Tips
> 1.ပိုင်ရှင်
>
> တရားရုံးတွင် လင်မယားကွာရှင်းပြတ်စဲလိုမှုကို ကြားနာနေသည်။
> ကွားရှင်းပြီးးသည့် အခါ သားသမီးများကို မည်သူက
> ပိုင်ဆိုင်သင့်ကြောင်းနှင့် ပတ်သက်၍ နှစ်ဖက်ရှေ့နေများ လျှောက်လဲ ကြသည်။
> ယောက်ျားဘက်က ရှေ့နေက ပြောသည်။
> “ရုံးတော်ကို မေးခွန်းတစ်ခု မေးပါရစေ။ ဆိုကြပါစို့ . . . .
> စက်ထဲကို လူတစ်ယောက်က ပိုက်ဆံ ထည့်လိုက်တယ်။
> စက်က စီးကရက်ဘူးကို ပြန်ထုတ်ပေးလိုက်တယ်။
> အဲ့ဒီ စီးကရက်ဘူးကို ဘယ်သူက ပိုင်သလဲ
> ပိုက်ဆံ ထည့်တဲ့သူလား၊ စက်လား”
>
> တရားသူကြီးကပြောသည်။
> “ပိုက်ဆံထည့်တဲ့သူပေါ့”
> “အဲ့ဒါဆို ကလေးတွေကို ကျနော့ အမှုသည်ရဲ့လက်ထဲကို အပ်လိုက်ပါ”

> 2.မကောင်းတဲ့သတင်း
>
> မိန်းမကယောက်ျားကို ပြောသည်။
> “ရှင့်ကို သတင်းနှစ်ခုပြောစရာရှိတယ်။
> တစ်ခုက ကောင်းတဲ့သတင်း၊ နောက်တစ်ခုကမကောင်းတဲ့သတင်း”
>
> “နိဒါန်းပျိုးမနေနဲ့။ ပြောစရာ ရှိတာပြောစမ်းပါ”
> “ကျမ ရှင်နဲ့ မနေတော့ဘူး”
> “အဲ့ဒါဆို မကောင်းတဲ့သတင်းကရော”

>3.စတုတ္ထအကြောင်း
>
> ဆေးတက္ကသိုလ်တွင် ကလေး ဆေးပညာဘာသာရပ်ကို စစ်ဆေးနေသည်။
> မွေးခါနီး ကလေးငယ်ကို မှန်မှန်ကန်ကန် ဖွံ့ဖြိုးကြီးထွားစေရန် မည်ကဲ့သို့
> ပြုစုရမည်နှင့် ဆက်စပ်သည့် မေးခွန်းတွေကို ဖြေရမည်ဖြစ်သည်။
> သို့သော် ကောင်းမွန်စွား ပြင်ဆင်ကျက်မှတ်ထားခြင်းမရှိသြ ဖင့်
> စာမေးပွဲခန်းထဲမ၀င်ခင်ကတည်းက စိတ်လှုပ်ရှားနေသည်။
> ထင်သည့်အတိုင်းပင်။ ဘယ်မေးခွန်းမှ မလွယ်။
> အခက်ဆုံးမှာ “စက်ရုံထုတ်နို့ဘူးနှင့် နှိုင်းယှဉ်လျှင် မိခင်နို့၏
> အားသာချက်လေးခုကို ဖေါ်ပြပါ”
> ဆိုသည့် မေးခွန်းပင် ဖြစ်သည်။
> အဖြေကို ဆေးကျောင်းသား မသိ။ အမျိုးမျိုး စဉ်းစားကြည့်သည်။ မရ။
> အချိန်အတန်ကြာသွားမှ အားသာချက် သုံးခု ပေါ်ထွက်လာသည်။
> ၄င်းတို့ကို စာရွက်ပေါ်ချရေးသည်။
> (၁) မိခင်နို့ကို ကျိုချက်ရန်မလို။
> (၂) ဘယ်အချိန်သောက်သောက် အန္တရာယ်မရှိ။
> (၃) လိုတဲ့အချိန်မှာရသည်။
> စတုတ္ထအားသာချက် အဘယ်နည်း။
> ဖြစ်နိုင်တာတွေတွေးကြည့်သည်။
> ဘာမှ မယ်မယ်ရရပေါ်မလာ။
> သတ်မှတ်ထားသော အချိန်ကုန်ဖို့ တဖြည်းဖြည်းနီးလာသည်။
> စဉ်းစား၍ မရသေး။
> ကျောင်းသား နဖူးမှာ ချွေးစို့လာသည်။
> ဗြုန်းဆို ဘေးနားမှာ ထိုင်နေသော ကျောင်းသူတစ်ယောက်သည် ထိုင်နေရာမှ ထလိုက်သည်။
> မိမိအဖြေလွှာကို အပ်ရန် ဒေါက်ဒေါက် ဒေါက်ဒေါက်နှင့် တစ်ကိုယ်လုံးကို
> လှုပ်ခါပြီး လျှောက်ထွက်သွားသည်။
> သူမကို ကြည့်ပြီး ကျောင်းသာ၏မျက်လုံး အရောင်လက်လာသည်။
> ခေါင်းထဲကို အတွေးတစ်ခု ဖျတ်ကနဲ ၀င်လာသည်။
> အဲ့ဒီအတွေကို ချက်ချင်းပင် ချရေးလိုက်သည်။
>
> “ (၄) ဘယ်လိုပင် ပါကင်ထုတ်ထား ထုတ်ထား တအားကြည့်လို့ကောင်းသည်။

> 4.အပြစ်
>
> လူကြီးတစ်ယောက် အာပတ်ဖြေရန် ခရစ်ယာန်ဘုရားကျောင်းသို့ ရောက်လာသည်။
> ဘုန်းကြီးကို ပြောသည်
> “ကျွန်တော် အပြစ်လုပ်ခဲ့မိပါတယ်”
> “ဘာလုပ်ခဲ့လဲ ပြော။ ဖာသာ နားထောင်နေပါတယ်”
> “ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျူးတစ်ယောက်ကို နာဇီတွေလက်က လွတ်အောင်
> ကျနော့ရဲ့ မြေအောက်ခန်းထဲမှာ ၀ှက်ထားခဲ့ပါတယ်”
> “အဲ့ဒါ အပြစ်မဟုတ်ဘူး ငါ့သား”
> “ဒီလိုပါ ဖာသာ။ အဲ့ဒီလူဆီက တစ်ပတ်ကို ရူဘယ်နှစ်ဆယ် ယူခဲ့ပါတယ်”
> “အင်း . . . ဒါအပြစ်ပဲ၊ ဒါပေမယ့် သိပ်ကြီးလေးတဲ့အပြစ်မဟုတ်ပါဘူး၊
> ဘုရာသခင် ခွင့်လွှတ်မှာပါ။ ကိုင်း . . . စိတ်အေးအေးထားပြီးသာပြန်ပေတော့”
> “နောက်ထပ်မေးပါရစေဦး ဖာသာ”
> “မေးပါ . . . ဖာသာ နားထောင်နေပါတယ်”
> “ဒုတိယ ကမ္ဘာစစ် ပြီးပြီဆိုတာ သူ့ကိုပြောလိုက်ရတော့မလားဟင် . . .”

>5. တွေ့မယ့် တွေ့တော့
>
> ထောက်လှမ်းရေး အရာရှိကြီးက လက်အောက်ဝန်ထမ်း အရာရှိငယ်ကို ညွှန်ကြားနေသည်။
> “N နိုင်ငံကိုသွား။ အဲ့ဒီမှာ 16ရာစုနှစ်က ဆောက်ထားတဲ့ ဘုရားကျောင်းကို
> တွေ့အောင်ရှာ . . .
> တွေ့ရင် ဘုရားကျောင်းကို ကျောခိုင်းရပ်လိုက်။ အဲ့ဒီနောက် ရှေ့တည့်တည့်ကို
> လျှောက်သွား။
> လမ်းဆုံးရင် ဘယ်ဘက်ကို ကွေ့လိုက်။ လူနေတိုက်သုံးတိုက်ကျော်လိုက်။
> အဲ့ဒီနောက် ညာဘက်ကွေ့၊ ဆယ်မိနစ်လောက် လမ်းလျှောက်ပြီရင် လမ်းကျယ်ကြီးတစ်ခု တွေ့မယ်
> ဘယ်ဘက်ကို ကွေ့လိုက်။ ပြီးရင် ငါးမိနစ်လျှောက်။ အဆောက်အဦကြီးတစ်ခုကို မြင်မယ်
> အဲ့ဒါ အနုမြူလက်နက်ထုတ်စက်ရုံပဲ။ ဘာလက်နက်ထုတ်တယ် ဆိုတာ အတိအကျ သိအောင်စုံစမ်းခဲ့။”
>
> ထောက်လှမ်းရေးသမား N နိုင်ငံသို့သွားသည်။ 16 ရာစု ဘုရားကျောင်းကို လိုက်ရှာသည်။
> ဘယ်လိုမှ မတွေ့ချေ။ ရှာတာကြာလာတော့မောလာသည်။ စိတ်လည်းပျက်လာသည်။
> တစ်နေရာတွင် အဘွားကြီးတစ်ယောက်ကို တွေ့သည်နှင့် မေးလိုက်သည်။
> “အဘွား . . . 16ရာစုက ဆောက်ထားတဲ့ ဘုရားကျောင်း ဘယ်မှာရှိသလဲခင်ဗျာ”
> “ဟောဒီအဆောက်အဦကို မောင်ရင် ကျော်ခိုင်းရပ်လိုက်။ ဒါအနုမြူ စက်ရုံပဲ။
> နူးကလီးယား ထိပ်ဖူးတွေထုတ်တယ်။ ဒီကနေ တည့်တည့်လျှောက်။ ငါးမိနစ်ကြာရင်
> ညာဘက်ကို ကွေ့၊ ဆယ်မိနစ်လောက်လမ်းလျှောက်။
> ပြီးရင်ဘယ်ဘက်ကွေ့ လူနေတိုက်သုံးတိုက်ကျော်။ ညာကွေ့ . . .
> လမ်းဆုံးထိလျှောက်။ အဲ့ဒါမင်းရှာနေတဲ့ ဘုရားကျောင်းပဲ”

> 6.စဉ်းစာကြည့်ပေါ့
>
> ရှေးဟောင်း တရုတ်တွေးခေါ်ရှင် ကွန်ဖျူးရှပ်ထံ ထိုခေတ်တစ်ဦး ရောက်လာပြီးမေးသည်။
> “မျက်နှာများတဲ့ မိန်းမကို ပတ်ဝန်းကျင်က ၀ိုင်းပြီး ရှုတ်ချကြတယ်။
> မိန်မပွေတဲ့ ယောက်ျားကျတော့ ဂုဏ်ရှိတယ်။ လေးစားခံရတယ်။ ဘာဖြစ်လို့တုန်း”
>
> ကွန်ဖျူးရှပ်က ဘာမှမပြောဘဲ ကရားထဲ လက်ဖက်နှပ်သည်။
> အဆင်သင့်ဖြစ်သောအခါ ကရားကို ယူပြီး ခွက်ခြောက်ခွက်ထဲ လောင်းထည့်သည်။
> အမျိုးသမီးက ခွက်တွေကို ကိုင်ပေးသည်။
> “ လက်ဖက်တစ်အိုးက ခွက်ခြောက်ခွက်ထဲ မျှထည့်တာ အဆင်ပြေတယ်နော်”
> “ ပြေပါတယ်ရှင့်”
> ကွန်ဖျူးရှပ် ပြုံးသည်။
> “ ပြေမှပေါ့။ အိုးတစ်လုံးကနေ ခွက်ခြောက်လုံးထဲကို ထည့်တာသဘာဝကျတယ်လေ။
> အဲ...... ခွက်တစ်ခွက်ထဲကို အိုးခြောက်လုံးက လောင်းထည့်မယ်ဆိုရင် ဘယ်သဘာဝကျပါမလဲ။
> မဟုတ်ဘူးလား”

> 7.အားကြီးမုန်းတယ်
>
> လူသုံးယောက် ငါးမျှားနေကြသည်။
> ရွှေငါးလေးတစ်ကောင်ကို ဖမ်းမိသည်။
> ရွှေငါးလေးက သူ့ကို လွှတ်ပေးပါ။ ဆန္ဒတစ်ခုစီဖြည့်ပေးပါမည်ဟု ပြောသည်။
> ပထမလူက ပြောသည်။
> “ငါဆီမှာ အစစပြည့်စုံနေတာပဲ။ ဘာမှ မလိုပါဘူး။
> အေးလေ။ ဘာပဲဖြစ်ဖြစ် ယာဉ်ထိန်းရဲတွေကို ပေးဖို့ တစ်ဒေါ်လာတန် ငွေစက္ကူ
> အိတ်ပြည့် ရအောင် လုပ်ပေးကွာ . . .ကဲ”
> “ရပါစေ့မယ်။ စိတ်ချ”
> ဒုတိယလူက ပြောသည်။
> “ငါ့ဆီမှာလည်း အရာရာ ပြည့်စုံပြီးသားကွ။ ငါဘာမှ မလိုပါဘူး”
> “ခင်ဗျားအိမ်မှာ ကြွက်မရှိဘူးလား”
> “အိမ်ပေါ်မှာ မရှိဘူး။ အေး . . . ကားဂိုဒေါင်ထဲမှာတော့ ဒီကောင်တွေ
> တော်တော်သောင်းကျန်းတယ်ကွ”
> “ရော့ . . . ကြွက်သားလေး တစ်ကောင်။ ဒီကောင်က ကျန်တဲ့ ကြွက်တွေအားလုံးကို
> ကိုက်စားလိမ့်မယ်။
> အဲ့ဒီနောက်သူ့ဟာသူ သေသွားလိမ့်မယ်”
> တတိယမြောက် လူကပြောသည်။
> “ငါ့အိမ်မှာ ပိုးဟပ်တွေအများကြီး”
> “ရော့ ပိုးဟပ်သေးသေးလေးတစ်ကောင်။ ကျန်တဲ့ပိုးဟပ်တွေကို ဒင်းကိုက်စားလိမ့်မယ်။
> ပြီးရင် ဒင်းဟာဒင်းသေသွားလိမ့်မယ့်”
> ပထမလူက ကမန်းကတန်း ၀င်ပြောသည်။
> “တစ်ဒေါ်လာတန်တွေဘာလုပ်ဖို့လဲ . . . မယူတော့ဘူး။
> ငါ့ကို ယာဉ်းထိန်းရဲ သေးသေးလေး ပဲပေးတော့”

>8. ဘာလုပ်ဖို့လဲ
> ကုလားအုပ်ငယ်လေးက အမေ့ကို မေးသည်။
> “မေမေ . . . ကျွန်တော်တို့ ကျောကုန်းမှာ ဘာဖြစ်လို့ ဘုကြီးရှိနေရတာတုန်း”
> “သဲကန္တာရထဲကို ဖြတ်တဲ့အခါ ရေကို သယ်ဖို့ပေါ့ကွယ်”
> “မေမေ . . . ကျနော်တို့ ခြေထောက်တွေက ဘာဖြစ်လို့ အရှည်ကြီးဖြစ်နေရတာတုန်း”
> “သဲကန္တာရထဲ ဖြတ်တဲ့ အခါ ခြေထောက်တွေသဲထဲ မြုပ်မသွားအောင်ပေါ့ကွယ်”
> “မေမေ . . . ကျနော်တို့ရဲ့ အမွေးတွေ ဘာဖြစ်လို့ဒီလောက်တောင်ထူ၊
> ဒီလောက်တောင် မာနေရတာတုန်းဟင်”
> “နေမလောင်အောင်ပေါ့ သားရယ်”
> “ကျနော်တို့က တိရစ္ဆာန်ရုံထဲ မှာနေနေတာပဲ။
> အဲ့ဒါတွေအားလုံး ကျနော်တို့ ဘာလုပ်ဖို့လဲဗျာ”

>9. ဆက်ထား
> ဘာသာရေးတရားဟောဆရာ “ရာဘိုင်” ထံ ရာဘင်နိုဗစ်ခ်ျ ရောက်လာသည်။
> “ရာဘိုင်၊ ကျနော်တော့ စိတ်ညစ်လှပြီ။ မိန်မက အလိုက်ကန်းစိုးမသိ။
> ကလေးတွေက စာညံ့၊ အလုပ်အကိုင်က အဆင်မပြေ၊
> ဘယ်လိုလုပ်ရမယ်မှန်တောင် မသိပါဘူး။ အကြံလေးပေးပါဦး”
> “အိမ်ဝင်ပေါက်မှာ
> - ဒီလို အမြဲတမ်းဖြစ်နေမည်မဟုတ် -
> ဆိုတဲ့ စာတမ်းလေး ချိတ်ထားလိုက်”
> တစ်လတိတိအကြာတွင် မနက်အစောကြီး ရာဘင်နိုဘစ်ခ်ျ ရောက်လာပြီး ၀မ်းသာအားရပြောသည်။
> “ရာဘိုင် - ကျနော့အခြေအနေ အဆင်ပြေလာပြီဗျ။
> မိန်းမက အစစနားလည်မှု ရှိလာပြီ။
> ကလေးတွေ အတန်းမှာ ဂရိတ်ဖိုက်တွေ ရနေကြပြီ။
> အရောင်းအ၀ယ်ကောင်းလို့ စီးပွားရေးလဲ တက်လာပြီ။
> ချိတ်ထားတဲ့ စာတမ်းဖြုတ်လိုက်ရတော့မလား”
> “မဖြုတ်နဲ့။ အဲ့ဒီတိုင်း ချိတ်ထားလိုက်ဦး”

>10. မေးခွန်းငါးခု
>
> ရဲချုပ်ခင်ရီသည် အထက်တန်းကျောင်းတစ်ခုသို့ လေ့လာရန် ရောက်လာသည်။
> စာသင်ခန်းတစ်ခုသို့ ၀င်ပြီးလျှင် ကျောင်းသားများကို ဗမာပြည်ကြီး
> ဒီမိုကရေစီ ရရေး ကြိုးပမ်းနေပုံကို ရှင်းပြနေသည်။
> ကျောင်းသားတွေ လုံးဝ စိတ်မ၀င်စားကြ။
> ဤသည်ကို သတိထားမိသည်နှင့် ရဲချုပ် ခင်ရီ ကပြောသည်။
> “ကိုင်း ! မေးစရာ ရှိရင် မေးကြပါ”
> ကျောင်းသားများ လှုပ်ရှားသွားကြသည်။
> အောင်အောင် အမည်ရှိ ကျောင်းသားတစ်ယောက်က အရဲစွန့်ပြီးထမေးသည်။
> “ကျနော် မေးခွန်းသုံးခု မေးစရာ ရှိပါတယ်။
> တစ် - ဗိုလ်ချုပ် တင်ဦးကို ဘယ်သူ လုပ်ကြံသလဲ။
> နှစ် - ကျနော်တို့တွေ ဘာလို့ ဒီလောက်တောင် ဆင်းဆင်းရဲရဲ နေနေကြရတာလဲ။
> သုံး - ဘာဖြစ်လို့ ကျနော်တို့ ပြောချင်တာ ပြောခွင့် မရှိရတာလဲ။”
>
> ရဲချုပ်ခင်ရီ ရုတ်တရက်ဘာပြန်ဖြေရမလဲ မသိတော့။
> ချွေးပင်စို့လာသည်။ ကံကောင်းချင်တော့ ငါးမိနစ်အားလပ်ချိန်ခေါင်းလောင်းမြည်လာသည်။
> ကျောင်းသားတွေအားလုံး အခန်းထဲက ပြေးထွက်သွားကြသည်။
> အတန်းပြန်စသောအခါ စောင့်နေသည့် ရဲချုပ်ခင်ရီက စောစောကအတိုင်းပြောသည်။
> “ကိုင်း! ဘယ်သူမေးစရာ ရှိသေးလဲ မေးပါ”
> ကျောင်းသား မောင်မောင်က နေရာက ထသည်။
> “ကျနော်မေးခွန်းငါးခု မေးစရာ ရှိပါတယ်။
> တစ် - ဗိုလ်ချုပ် တင်ဦးကို ဘယ်သူ လုပ်ကြံသလဲ။
> နှစ် - ကျနော်တို့တွေ ဘာလို့ ဒီလောက်တောင် ဆင်းဆင်းရဲရဲ နေနေကြရတာလဲ။
> သုံး - ဘာဖြစ်လို့ ကျနော်တို့ ပြောချင်တာ ပြောခွင့် မရှိရတာလဲ။
> လေး - အားလပ်ချိန် အချက်ပေးခေါင်းလောင် ဘာလို့ မိနစ် 20 စောပြီး ထိုးရတာလဲ။
> ငါး - ကျနော့ သူငယ်ချင်း အောင်အောင် ဘယ်ရောက်သွားသလဲ”

Wednesday, September 28, 2011

ကွန်ပျူတာဟာသ

ငှက်လေး | 10:17 AM | Best Blogger Tips
မေး။ ။ကွန်ပျူတာ မှာ ဗိုင်းရပ်စ်တွေ မ၀င်အောင် ဘယ်လို ကာကွယ်ရမလဲဆရာ။
ဖြေ။ ။ ကွန်ပျူတာကို ပိတ်ထားပါ။ပို ပြီးသေချာအောင် ကွန်ပျူတာမီးပလက်ကိုပါဖြုတ် ထားလိုက်ပါ။

မေး။ ။ကွန်ပျူတာ ထဲကို ဗိုင်းရပ်စ်ဝင်လာပြီးဆိုရင် ဘယ်လို ရှင်းထုတ်ရသလဲဆရာ။
ဖြေ။ ။ hack disk ကို ဖြုတ်ပါ။ ပြီးနောက် ရေနွေးပူပူထဲ ထည်.ပြုတ်ပါ။ပိုပြီးသေချာ သွားအောင် တူဖြင်.ထုပါ။

မေး။ ။အင်တာနက်ကဖေးဆိုတာဘာလဲဆရာ။
ဖြေ။ ။ အင်တာနက်ကဖေးဆိုတာ အင်တာနက် အသုံးပြုခနဲ.နေ.တွတ်မကိုက်လို. ကော်ဖီပါတွဲရောင်းနေရတဲ.အင်တာနက်ဆိုင်ထင်ပါရဲ.။


မေး။ ။အွန်လိုင်းဆိုတာ ဘာလဲဆရာ။ ဖြေ။ ။အွန်လိုင်းဆိုတာ အွန်စောရဲ. ညီမပေါ.ကွယ်။



မေး။ ။vzo မှာကိုယ်.ရုပ်သွင်ပေါ်လာအောင်ဘယ်လိုလုပ်ရမလဲဆရာ။
ဖြေ။ ။ ၀က်ကန်တပ်လိုက်ပါ။ အဆင်မပြေသေးရင်တော.ဆင်ကန်တပ်ဖို.လိုအပ်ပါ လိမ်.မယ်။

မေး။ ။ ဆရာ သမီးရဲ.စက်ထဲမှာ နိုးနိုးဂျက်မ ဗိုင်းရပ်စ် ၀င်လာတယ်ဆရာ။ဘယ်လို ဖြေရှင်းရမလဲ။
ဖြေ။ ။သမီးရဲ. စက်ထဲကို ဟောင်ကောင် ဂျက်မ အခွေသာထည်.လိုက်ပါ.။ ဟောင်ကောင်ဂျက်မ က နိုးနိုး ဂျက်မကို တိုက်ခိုက်ပါလိမ်.မယ်။


မေး။ ။ကွန်ပျူတာဆို တာ ဘာလဲဆရာ။သူရဲ.အလုပ်လုပ်ပုံလေးပြောပြပါဦး။
ဖြေ။ ။ ဆရာအမြင်ကတော. ကွန်ပျူတာဆို တာ ရုံးခန်းတွေထဲမှာ သော.ခတ်ထားတဲ.ကောင်ပါ။ အအေးခန်းနဲ. တောင်ထားရသေးတာ ။ သူကဘာအလုပ်မှလုပ်တာလည်းမတွေ.မိဘူး။


မေး။ ။အန်တီ ဗိုင်းရပ်စ်(antivirus) တွေမနို်င်တဲ.ဗိုင်းရပ်စ်တွေရှိသလားဆရာ။ဖြေပေးပါဦး။
ဖြေ။ ။အန်တီ ဗိုင်းရပ်စ်မနိုင်တာ အဖြစ်နိုင်ဆုံးကတော.အန်ကယ်ဗိုင်းရပ်စ် ဘဲဖြစ်မယ် ထင်ပါတယ်။

မေး။ ။သမီးကွန်ပျူတာ ထဲက ဖိုင်တွေမှာ " မင်းကိုချစ်တယ်" ဗိုင်းရပ်စ် ၀င်လာတယ်ဆရာ။ ကွန်ပျူတာ ကို ၀င်းဒိုး ပြန်တင်လိုက်မှ ရမလားဆရာ။အကောင်းဆုံးနည်းလမ်းကို ပေးပါဦးဆရာ။
ဖြေ။ ။ အကောင်းဆုံးနည်းလမ်းကတော. သူ.ကိုချစ်တယ်လို.ပြန်ဖြေလိုက်ပါ ။

Online ပြတိုက်ကနေ ဆွဲလာတာပါ
သယ်ရင်းတို့ပြုံးပျော်နိုင်ကျပါစေ..... :)

ချစ်သူ့ဆေးညွန်း :P

ငှက်လေး | 9:43 AM | Best Blogger Tips

Monday, September 26, 2011

ခေါင်းဆောင် မတင်ထိုက်သူများ

ငှက်လေး | 11:35 AM | Best Blogger Tips
သယ်ရင်းတို့ ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်
သယ်ရင်းတို့ ခေါင်းဆောင်အရွေးမမှားရအောင် ကျွန်တော်တင်ပြပေးပါရစေ............

“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”

၁။ ဂဏန်း = လက်မ ထောင်ခြင်း

၂။ ပုတ်သင် = ပြောသမျှ ခေါင်းငြိမ့်ခြင်း

၃။ ၀ါးပင် = လေသင့်ရာ ယိမ်းတတ်ခြင်း

၎။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်ခြင်း

၅။ လိပ်မျိုး = မိမိဘက်သို့ ယက်တတ်ခြင်း

၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက။


၁။ ဂဏန်း
ဂဏန်းနဲ့ တူတဲ့ လူစားမျိုးတဲ့။ ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မတစ်ထောင်ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ၊ မင်းတို့က ဘာမှ သိတာမဟုတ်ဘူး။ ငါ့ဆရာ လာမလုပ်နဲ့ ဆိုတဲ့ လူစားမျိုးပါ။ အောက်လက်ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာမတင်ထိုက်ဘူး။

၂။ ပုတ်သင်
ပုတ်သင်လို လူစားမျိုးတဲ့။ ဒီကောင်ကတော့ ကိုယ်ပိုင်အရည်အချင်းဘာမှ မရှိပါဘူး။ သူများပြောတိုင်း ခေါင်းညိတ်တယ်၊ ဘယ်သူက ပြောပြော “အေးလုပ်လိုက်ဆိုတာချည်းပဲ”။ အဲဒီလိုလူမျိုး ဆရာ တင်မိပြန်ရင်လည်း ငါးပါးမကဘူး။ ဆယ့်ငါးပါး လောက်မှောက်ရော။

၃။ ၀ါးပင်
ဝါးပင်လို လူစားမျိုးတဲ့။ ဒီလူကတော့ ခပ်ညံ့ညံ့လူစားမျိုး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူး။ကိုယ်ပိုင်ရပ်တည်မှု မရှိဘူး၊ နေရာတကာ ရေလိုက် ငါးလိုက်ဆိုတဲ့ လူစားမျိုး၊ အစွယ်ကောင်းရင် ပါသွားတာချည်းပဲ၊ ကောင်းတာဆိုလည်း အစွယ်ကောင်းရင် လုပ်တယ်။ မကောင်းတာဆိုရင်လည်း မက်လုံးကောင်းရင်လုပ်တယ်။ ပျော့ညံ့တဲ့ လူစားမျိုး၊ ဒီလိုလူစားမျိုးလည်း ဆရာ တစ်ယောက်အနေနဲ့ အားမကိုးထိုက်ပြန်ဘူး။

၎။ နွားသိုး
နွားသိုး နဲ့တူတဲ့ လူမျိုး။ ဒီကောင်ကတော့ ဘာမဆို အမှားအမှန် မဝေခွဲဘူး။ နေရာတကာ ရှုးဒိုင်းဒိုင်းနဲ့ စွတ်လုပ်တတ်တယ်။ နှလုံးရေ နည်းပြီး၊ လက်ရုံးရေ အားကိုးတဲ့ လူစားမျိုးပေါ့။ ဒီလိုလူမျိုး ခေါင်းဆောင်တင်မိရင်လည်း အားလုံးပျက်ဆီးဘို့များပြီ။

၅။ လိပ်
လိပ် နဲ့တူတဲ့ လူစား။ ဒီလူမျိုးကတော့ အတ္တကြီးတဲ့ လူစားပေါ့။ ဘာမဆို သူ့အတွက်ပဲ သူသိတယ်။ “ငါခေါင်းဆောင်၊ ငါပေးမှ မင်းတို့ ရမယ်၊ ငါပြီးမှ ပြီးမယ်”ဆိုတဲ့လူစားမျိုး၊ ကိုယ်ကျိုးစီးပွါးပဲ သိတယ်။ အများအတွက် ထည့်မတွက်တတ်တဲ့လူစားမျိုး။(ပရဟိတ စိတ်မ၀င်စားတဲ့ လူစားမျိုး)

၆။ ခွေးအ
ခွေးအနဲ့ တူတဲ့ လူမျိုး။ ဒီလူစားကတော့ ကောက်ကျစ်တယ်။ ဘယ်နေရာမဆို နည်းမှန်၊ လမ်းမှန်က မသွားတတ်ဘူး။ ဘယ်သူ့ကိုမဆို လှည့်စားလိုက်ရမှ စားဝင် အိပ်ပျော်တဲ့လူမျိုး။ ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက်ခုတ်ထဲက ရေလို၊ ကိုယ်လိုတဲ့ နေရာမှာပဲ အသုံးချတတ်တယ်။

ကဲ...ခေါင်းဆောင်များ စဉ်းစားကြည့်ပါ၊ ငါဘယ်နံပါတ်နဲ့ ငြိနေလည်းဆိုတာ၊ ဘယ်နံပါတ်နဲ့မှ မငြိဘူးဆို၇င်တော့ သင်လူကောင်းဖြစ်ပြီ၊ ခေါင်းဆောင်ကောင်းဖြစ်၊ မဖြစ်တော့ နောက်တင်ပြမယ့် “ခေါင်းဆောင်အင်္ဂါ”နဲ့ ဆက်ပြီး တိုက်ဆိုင်ကြည့်ရပါမယ်။

(သိင်္ဂါလောဝါဒသုတ်ကို ကိုးကားပါသည်)

အလင်းအိမ်(စေတနာပန်းခင်း)20.9.2011(Tues)

--

Posted by ဖိုးရှုပ်
From http://gtuonlinefriends.ning.com/profiles/blog/show?id=2660565%3ABlogPost%3A824704&xgs=1&xg_source=msg_share_post

Sunday, September 25, 2011

မိန်းကလေးတစ်ဦး Chattingရည်းစား၏ အဓ္ဓမပြုကျင့်ခြင်းခံရ

ငှက်လေး | 9:06 PM | Best Blogger Tips
သင်္ကန်းကျွန်းမြို့နယ်နေ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး Chatting မှ ရီးစားရပြီး ချိန်းခေါ် အဓ္ဓမပြုကျင့်ခံရလို့ ရဲစခန်းတိုင်

သင်္ကန်းကျွန်း မြို့နယ်နေ အသက် ၂၀ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် Online Chatting မှတဆင့် ပုဇွန်တောင်မြို့နယ်နေ အသက် ၂၈ နှစ် အရွယ်ရှိ အမျိုးသားလေး တစ်ဦးနှင့် ချစ်သူ ဖြစ်သွားကြပြီး အမျိုးသားလေး၏ ချိန်းဆို ကမ်းလှမ်းမှုအရ ၂၁.၈.၂၀၁၀ ရက်နေ့တွင် ချိန်းဆိုရာ ကန်တော်ကြီးစောင်းရှိ ကော်ဖီဆိုင်သို့ နေ့လည် ၁ နာရီအချိန်က သွားရောက် တွေ့ဆုံခဲ့ကြသည် ဟူ၏။

နှစ်ယောက်အတူ တွေ့ဆုံကြပြီး အအေးသောက်နေစဉ် အမျိုးသမီးလေးမှာ အအေးသောက်လက်စမှ မူးဝေ လာသဖြင့် အမျိုးသားလေးက အိမ်ပြန်ပို့ပေးမည် ဆိုပြီး မည်သည့်နေရာ ခေါ်သွားနေမှန်းမသိဘဲ လိုက်ပါသွားခဲ့သည် ဟူ၏။

အမူးပြေစဉ် သတိရလာသော အခါ တိုက်ခန်းကျဉ်း တစ်ခုအတွင်းရှိ အိပ်ယာပေါ်တွင် ခေါ်ဆောင်လာသူ အမျိုးသားလေးနှင့် အတူရှိနေပြီး သားမယားအဖြစ် ပြုကျင့်နေရာ ငြင်းဆန် ရုန်းကန်သော်လည်း ခေါင်းမူးသည်က တစ်ဖက်၊ အားချင်း မမျှသည်က တစ်ကြောင်း တို့ကြောင့် ရုန်းကန်ရင်းပင် မူးပြီး အိပ်ပျော် သွားခဲ့သည် ဟူ၏။

နောက်တစ်နေ့ နံနက် ၇ နာရီ အိပ်ယာနိုးချိန်ရောက်မှ သူမရောက်နေသော နေရာသည် အမျိုးသားလေး၏ အိမ်မှန်း သိလိုက်ရပြီး သူမ၏ အိမ်သို့ ပြန်လာပြီး မိဘများကို ပြောပြသဖြင့် မိဘများက ၂၆.၈.၂၀၁၀ နေ့တွင် ပုဇွန်တောင် ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ကြောင်းနှင့် ရဲစခန်းမှ (ပ) ၂၆၄/၂၀၁၀ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်ပြီး ပြစ်မှု ကျူးလွန်သူ အမျိုးသားအား ဖမ်းဆီး စစ်ဆေးလျက် ရှိနေကြောင်း မှုခင်းသတင်း ဂျာနယ်အရ သိရသည်။
(မိန်းကလေးများ အွန်လိုင်းမှာ လူယုတ်မာကို ရည်းစားလုပ်မိရင် ဘ၀ပါစုတ်ပြတ်သွားနိုင်လို့ အယုံမလွယ်သင့်ကြောင်းပါ။ )

(forward mail မှ ဆွဲယူလာခြင်းဖြစ်ပါသည်)

ဟီးဟီးးးးး :P

ငှက်လေး | 12:34 PM | Best Blogger Tips


forward mail တခုမှ ဆွဲလာတာပါ. သယ်ရင်းတို့ ပြုံးပျော်ကျပါစေ :P

Engineerတွေသေရင် ငရဲပြည်မရောက်ဝူးတဲ့.... :P

ငှက်လေး | 12:12 PM | Best Blogger Tips
တစ်ခါတုန်းက နတ်ပြည်က နတ်မင်းကြီးက သူ့ တန်ခိုးနဲ့ ငရဲပြည်ရဲ့ အခြေအနေကို လှမ်းကြည့်လိုက်တဲ့ အခါမှာ

ငရဲပြည်ကြီး စည်ပင်ဝပြောနေတဲ့ အပြင် ငရဲမင်းပါ ဇိမ်ကျကျနေနေတာကို တွေ့ ရတော့

အကြောင်းအရင်းအမှန်ကို သိချင်တာနဲ့  နတ်မင်းကြီးက ငရဲပြည်ကို သွားလေ့လာလိုက်တယ်..

ငရဲပြည်ကို ရောက်တဲ့ အခါမှာတော့...ငရဲကျနေတဲ့ Civil Engineer တွေက ငရဲမင်းအတွက်

ခေတ်မှီ ဒီဇိုင်းတွေနဲ့ တိုက်တာ အိုးအိမ် ရေကူးကန်တွေကို တစ်လုံးပြီး တစ်လုံးဆောက်ပေးနေတာကို တွေ့ ရသလို

ငရဲမင်းကြီး ခေတ်နဲ့ မျက်ခြေမပြတ်စေဖို့  Electronic Engineer နဲ့  Software Engineer တွေက
ဂြိုလ်တုစလောင်းနဲ့ ..ဆက်သွယ်ရေး ကိရိယာတွေကို တပ်ဆင်ဆက်သွယ်ပေးထားကြတယ်..

ငရဲပြည်အတွက် လိုအပ်တဲ့ လျှပ်စစ်စွမ်းအားကို Electrical Engineer တွေက အစွမ်းပြ ပြုလုပ်ပေးထားကြပြန်ရော

ငရဲမင်းမှာ အန္တာရယ်.တစ်ခုခု ကျရောက်လာရင်..ပုန်းခိုနိုင်ဖို့ အတွက်..မြေအောက် ဥမင်လိုဏ်ခေါင်းတွေကိုတော့ Mining Engineer တွေက ကြိုးစားပမ်းစား ဖောက်လုပ်ပေးထားကြတယ်..

ငရဲမင်းရဲ့  ယာဉ်ယန္တာရားပိုင်း ဆိုင်ရာ လိုအပ်ချက်တွေကိုတော့ Mechanical Engineer နဲ့  Petro Engineer တွေက
တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးထားကြပြန်တာတွေ့ ၇တယ်....

ဒါကိုကြည့်ပြီး..နတ်မင်းကြီးက နတ်ပြည်ကြီးလည်း အခုလိုစည်ပင်ဝပြောနိုင်ဖို့  ငရဲသား Engineer တွေကို နတ်ပြည်ခေါ်ရမယ်လို့  အကြံရသွားတာနဲ့ ..ငရဲမင်းကြီးဆီကနေ ငရဲသား အင်ဂျင်နီယာတွေကို တောင်းတာပေါ့..

ငရဲမင်းကလဲ ''''ငအ''''' မှ မဟုတ်တာ...ငရဲပြည်ကြီး အခုလို အဆင်ပြေတိုးတက်နေတာ..ဒီအင်ဂျင်နီယာတွေရှိလို့ ဆိုတာ ကောင်းကောင်းသိနေတော့ မပေးနိုင်ဘူး ပြောတာပေါ့..

ဘယ်လိုတောင်းတောင်း မရတဲ့ အဆုံးမှာ..နတ်မင်းကြီးက တရားရုံးကနေ ရင်ဆိုင်တောင်းမယ်လို့  ငရဲမင်းကို ပြောလိုက်တယ်ဆိုရင်ပဲ

ငရဲမင်းက ဘာပြန်ပြောလိုက်တယ်.မှတ်လဲ

''''''တရားရုံးကနေ တောင်းချင်တောင်း မတောင်းချင်နေ...တရားသူကြီးကော ရှေ့ နေကော ကျုပ်လက်ထဲမှာတဲ့'''''

နောက်ဆုံးမှာ နတ်မင်းကြီးလည်း ဘယ်လိုမှမတတ်နိုင်တော့ဘဲ လက်လျော့လို့ နတ်ပြည်ကို ပြန်သွားရတော့တာပေါ့

ဒါပေမဲ့ နောင်နှစ် နောင်နှစ်တွေမှာ အင်ဂျင်နီယာတွေ သေတိုင်းသေတိုင်း နတ်မင်းကြီးက နတ်ပြည်ကို တန်း တန်းခေါ်သွားတော့တာပေါ့..

အဲဒီချိန်ကစလို့  ငရဲပြည်ကို ဘယ် အင်ဂျင်နီယာမှ ရောက်မလာတော့တာ ခုချိန်ထိပဲတဲ့လေ

ဒါကြောင့် ကျွန်တော်ပြောတာပေါ့..ကျွန်တော်တို့ အင်ဂျင်နီယာတွေသေရင်..ငရဲပြည်မရောက်ပါဘူးလို့ 

ဘာလဲ မယုံပြန်ဘူးလား..မယုံလဲ ....နေပေါ့....ဟီဟိ..



ဒါ ကျွန်တော့်အတွေးသက်သက်လေးပါပဲ....:PPP




သူငယ်ချင်းအားလုံး ရယ်မောခြင်းဖြင့် ဘ၀အမောတွေ ပြေနိုင်ကျပါစေ

GTU online friend မှ ကူးယူခြင်းဖော်ပြခြင်းဖြစ်ပါသည်

ဘဝအမောပြေဟာသ

ငှက်လေး | 10:40 AM | Best Blogger Tips
အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ နှစ်ငါးဆယ်ပြည့် မွေးနေ့မှာ အလှပြင်ဆိုင်
သွားပြီး မျက်နှာပေါ်က အရေးအကြောင်း တွေကို ပြုပြင်လိုက်တယ်။
ဒေါ်လာ ငါးထောင်လောက် သုံးပစ်လိုက်ရပေမဲ့ အင်မတန် အကျိုးထူးတဲ့ ရလာဒ်
ကြောင့် သူမ ပျော်ရွှင် နေတယ်။ အိမ်အပြန် လမ်းမှာ သတင်းစာ ဝင်ဝယ်လိုက်
သေးတယ်။ သတင်းစာ ဝယ်ပြီး ပြန်မထွက်ခင် သူမက စာရေးကို မေးလိုက်တယ်။
“ဒို့ တစ်ခု မေးရင် မောင်လေး စိတ် မဆိုးဘူးထင်တယ်၊ ဒို့ အသက်
ဘယ်လောက်ရှိပြီလဲ ခန့်မှန်းနိုင်လား”
“၃၂နှစ်လောက်ပေါ့” စာရေးက ပြန်ဖြေလိုက်တယ်။
“အိုး၊ မဟုတ်သေးဘူး။ ဒို့က ဒီနေ့ပဲ ၅၀ ပြည့်တာ” အမျိုးသမီးက ပျော်ရွှင်စွာ
ပြောလိုက်တယ်။
နောက်တော့ သူမက မက်ဂ်ဒေါ်နယ်ဆိုင်ထဲ ဝင်သွားပြီး ကောင်တာက ကောင်မလေးကို
အဲ့ဒီ မေးခွန်း ပြန် မေးလိုက်ပြန်တယ်။
ကောင်မလေးကဖြေတယ် “၂၉နှစ်လောက်ပေါ့”
“မဟုတ်ဘူး။ ၅၀ ရှိပြီ” အမျိုးသမီးက ပြောလိုက်တယ်။
ခုတော့ အမျိုးသမီးက သူမကိုယ် သူမ တော်တော်လေး ကျေနပ် နေပြီ။ သူမ လမ်းဆက်
လျှောက်လာရင်း ဆေးဆိုင်တစ်ဆိုင် တွေ့တော့ ဝင်ပြီး ပူရှိန်းသကြားလုံး
တစ်ချို့ ဝင်ဝယ်လိုက် ပြန်တယ်။ ကောင်တာကို ရောက်တော့ ထုံးစံအတိုင်း သူမ
မေးချင် လွန်းလှတဲ့ မေးခွန်းကို မေးလိုက် ပြန်တယ်။

“အိုး၊ ၃၀လို့ ထင်တယ်” ကောင်တာစာရေးက ဖြေလိုက်တယ်။
“ဒို့အသက်က ၅၀ကွ၊ ဘာပဲဖြစ်ဖြစ် မင်းကို ကျေးဇူးတင်ပါတယ်”
အမျိုးသမီးကပျော်ရွှင်စွာနဲ့ တုံ့ပြန်လိုက် ပြန်တယ်။
သူမ အိမ်ပြန်ဖို့ ဘတ်စ်ကား စောင့်နေတုန်း သူမဘေးမှာ ကားစောင့်နေတဲ့
အဖိုးအို တစ်ဦးကို တွေ့တော့ အဲ့ဒီ မေးခွန်းကိုပဲ ထပ်ပြီး
မေးလိုက်ပြန်တယ်။
အဖိုးအိုက ပြောတယ်။ “ဒီမှာ အမျိုးသမီး။ ငါ့အသက်က ၇၈နှစ် ရှိနေပြီ။
အမြင်အာရုံတွေလဲ မွဲနေပြီ။ ဒါပေမဲ့ ငါ ငယ်ငယ်တုန်းကတော့ မိန်းမတွေရဲ့
အသက်ကို တိတိကျကျ ပြောနိုင်တဲ့ နည်းလမ်း ရှိခဲ့ဖူးတယ်။ ငါ့စကားက သိပ်ပြီး
စည်းကျော် နေမလားပဲ။ မမြင်ရမေမဲ့ မင်းရဲ့ ဘော်လီ အင်္ကျီအောက်ကို ငါ
လက်နှိုက် စမ်းသပ်လို့ ရမယ်ဆိုရင်တော့ မင်းရဲ့ အသက်ကို တိတိကျကျ၊
သေချာပေါက်ကို ပြောနိုင်မှာပါ”
အမျိုးသမီးက ခဏတိတ်သွားပေမဲ့ ဒီအဖိုးကြီးရဲ့ အဖြေကို ကြားချင်တဲ့ စိတ်က
အနိုင်ယူ သွားခဲ့တယ်။
သူမ သိချင်စိတ်ကို ထိန်းမရတဲ့ အဆုံး အဖိုးကြီးကို စူအောင့်အောင့်နဲ့ ပြောလိုက်တယ်။
“ဘာပဲ ဖြစ်ဖြစ်၊ ကောင်းပြီလေ။ စမ်းကြည့်ပေါ့”
အဖိုးအိုက အမျိုးသမီးရဲ့ရင်သားနှစ်ဖက်ကို စမ်းသပ်လိုက်၊
ပွတ်သပ်လိုက်နဲ့ လုပ်နေတယ်။ အချိန် နည်းနည်းကြာတော့ အမျိုးသမီးက
စိတ်မရှည်တော့ဘူး။
“ဒီမှာအဖိုးကြီး၊ ကျွန်မအသက် ဘယ်လောက် ရှိပြီလဲ”
ဒီတော့မှ အဖိုးအိုက
“ကောင်းပြီ အမျိုးသမီး၊ မင်းရဲ့ အသက်က ၅၀ မဟုတ်လား”
အမျိုးသမီးက အံ့ဩလွန်းလို့ မျက်လုံးပြူးသွားတယ်။ ကြားရတာ မယုံနိုင်ဘူး
ဖြစ်နေတာပေါ့။

“တကယ်ကို မယုံနိုင်စရာပဲ၊ ရှင် ဘယ်လိုလုပ် အတိအကျကို ပြောနိုင်တာလဲ”
“ပြောပြရင် မင်းငါ့ကို စိတ်မဆိုးရဘူး၊ ဘာမှလဲမလုပ်ရဘူး” အဖိုးအိုက ကတိတောင်းတယ်။
“ကောင်းပါပြီ၊ ကတိပေးပါတယ်” အမျိုးသမီးက ကတိပေးလိုက်တယ်။
သယ်ရင်းတို့ အဘိုးအိုဘာပြန်ပြောလဲ သိကျမယ်ထင်ပါတယ် ဟဲဟဲ :P

forward mail မှကူးယူထားခြင်ဖြစ်ပါသည်

ဗဟုသုတ

ငှက်လေး | 2:25 AM | Best Blogger Tips
1 ။ ( ကိုယ့်ကို အမြဲ သတိရနေပါ )
အလှစိုက်သစ်ပင် ---------- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်


ဦးထုပ် ---------- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်


2 ။ (မင်းရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်အောင် ဆုတောင်းပေးနေမယ် )


စက္ကူ ကြိုးကြာရုပ် တစ်ထောင် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့
လက်ဆောင်ပေးရန်


စက္ကူ ရောင်စုံ ကြယ်ပွင့် တစ်ထောင် မိန်းကလေး မှ ယောကျာင်္းလေး သို့
လက်ဆောင်ပေးရန်


3 ။ (ကိုယ့်ကိုမေ့လိုက်ပါတော့ = ချစ်သူအဖြစ်မှ ပြတ်စဲ လိုသည့်အခါ = )


မီးခြစ် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်


ပြာခွက် ---- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

4 ။ ( အနေဝေးလို့ မေ့မသွားနဲ့နော် = ရက်လရှည်များခွဲခွါရရင် = )
ဒိုင်ယာရီစာအုပ် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ဘောလ်ပင် ----- မိန်းကလေး မှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်


5 ။ (ဂုဏ်ယူပါတယ် =ချစ်သူ၏ အောင်မြင်မှု့ တစ်ခု အတွက် =)
ဓာတ်ပုံမှန်ဘောင်လှလှလေး ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ဝိုင်ပုလင်း ----- မိန်းကလေးမှ ယောကျာင်္းလေး သို့
လက်ဆောင်ပေးရန်



6 ။ (လွမ်းခဲ့ရသမျှ မေ့ပစ်ကြစို့ =ငိုကြွေးခဲ့သော ကာလ များ ပြီးဆုံးပြီ )
လက်ကိုင်ပုဝါ ----- ယောကျာင်္းလေးမှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
စားပွဲတင်ပြက္ခတိန် ----- မိန်းကလေး မှယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်

7 ။ (ချစ်သူကိုစိတ်ဆိုးပြေအောင်ချော့တဲ့ အခါ )
အ၀ါရောင်ပန်းပွင့် ပန်းစည်း ----ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
သီချင်းဓာတ်ပြာ အယ်ဘမ်----- မိန်းကလေးမှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

8 ။ (ကွယ်ရာမှာ သစ္စာမ ဖောက်နဲ့နော် )
ကြည့်မှန်သေး ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
သော့ချိတ်လေး ----- မိန်းကလေးမှယောကျာင်္လေးသို့ လက်ဆောင်ပေးရန်

9 ။ ( လက်ထပ်ချင်ပြီ )
လက်စွပ်တစ်ကွင်း ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
လက်ပတ်နာရီ ----- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်


10 ။ ( ကိုယ့်ကို သစ္စာမဲ့တယ်လို့ အထင်မလွဲပါနဲ့ )
နှုတ်ခမ်းနီ ဆိုးဆေး----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
အင်္ကျီ အ၀တ်အစား -----မိန်းကလေး မှ ယောကျာင်္းလေးသို့ လကိဆောင်ပေးရန်

11 ။ (တို့နှစ်ယောက် အချစ် တည်တံ့ခိုင်မြဲ ပါစေ )
ဖဲ ကြိုးလှလှလေးချည်ထားတဲ့ပန်းစည်း ----- ယောကျာင်္းလေး မှ မိန်းကလေးသို့
လက်ဆောင်ပေးရန်
ချောကလက်ဘူး ----- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

12 ။ ( ချစ်တာကို ဖွင့်ပြောဖို့ မ၀င့်မရဲဖြစ်နေရင် )
အမွှေးပွပွ ၀က်ဝံရုပ် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့လက်ဆောင်ပေးရန်
ရေမွှေး ပုလင်း ----- မိန်းကလေး မှယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

forward mail တခုမှပြန်ဖော်ပြပါသည် :)

Saturday, September 24, 2011

အပိုင်း ( ၃ )ဇာတ်သိမ်း

ငှက်လေး | 8:41 AM | Best Blogger Tips
အခုတော့ မစုစုလတ်ရဲ့ဘ၀ကတော့ "ပေါက်တဲ့နဖူးမထူးဘူး" ဆိုတဲ့စကားလို
ဘယ်အရာမျိုးကိုမှ မထူး

တော့ဘဲ ကံကြမ္မာကိုသာယိုးမယ်ဖွဲ့ပြီး လူမျိုးခြားဘာသာဇာတ်ထဲကို
ခြေစုံပစ်ဝင်လိုက်ရပါတော့တယ်။

လူမျိုးခြား၊ ဘာသာခြားဇာတ်ထဲဝင်ရတယ်ဆိုတာ ပါးစပ်ကအပြောနဲ့ဝင်ပါ့မယ်ဆိုပြီး
လုပ်လို့မရဘူး။ သူတို့ယုံကြည်မှုရှိအောင် သူတို့ခိုင်းသမျှ အကုန်လုပ်ပြရတယ်။
မစုစုလတ်ငယ်ငယ်လေးထဲက ဦးထိပ်မှာ

ပန်ဆင်ပြီး ရှိခိုးဦးချခဲ့တဲ့ဗုဒ္ဓရုပ်ပွားတော်ဟာ အခုတော့
မစုစုလတ်ရဲ့ခြေဖ၀ါးအောက် ရောက်ခဲ့ရပါပြီ။

မိဘဘိုးဘွားစဉ်ဆက်က အရှေ့အရပ်ကို ခေါင်းပြုအိပ်ခဲ့ရတဲ့မစုစုလတ်ဟာ အခုတော့
ခြေအစုံပစ်ကန်ပြီး အိပ်ခဲ့ရပါပြီ။ အိမ်ဦးခန်းမှာကိုးကွယ်ယုံကြည်ခဲ့တဲ့
ဗုဒ္ဓရုပ်ပွားတော်ဟာလည်း သာမန်သစ်သားတုံးအမှတ်

ဖြစ်ခဲ့ရပါပြီ။ တန်ခိုးကြီးစေတီပုထိုးများဟာလည်း မစုစုလတ်ဘ၀အတွက်တော့
အုပ်ပုံအဖြစ်ရောက်ခဲ့ရပါ ပြီ။

သို့ပေမယ့် မစုစုလတ်အနေနဲ့ ဘာမှအားအငယ်ခဲ့ပါ။ ဘာကိုမှ လည်း
တွေးပြီးမပူပန်ခဲ့ပါ။ မောင်သာ

မေ့ဘ၀၊ မောင်သာမေ့ရဲ့ကမ္ဘာဖြစ်လို့ နေခဲ့မိပါတယ်။ လောကမှာ
အမြတ်နိုးဆုံးအရာတွေလို့ထင်မှတ် ထားခဲ့တဲ့ မိဘမျိုးရိုးစဉ်ဆက်နှင့်
ဘာသာတရားတွေကို ချိန်ခွင်တစ်ဖက်မှာတင်ပြီးတော့ ရာဇင်ဆိုတဲ့

မောင့်ကို ချိန်ခွင်တစ်ဖက်မှာတင်ပြီး ချိန်တွယ်ခွင့်ရမယ်ဆိုရင်တောင်၊
မောင့်ဖက်မှာပဲ အလေးပေးခဲ့တဲ့ အချစ်မျက်ကန်းသည်မလေး မစုစုလတ်မဟုတ်ပါလား။

၂၀၀၀ ပြည့်နှစ် မတ်လသို့ရောက်ခဲ့ပါပြီ။ ဒီအချိန်မှာ မစုစုလတ်တစ်ယောက်
ကျမ္မာရေးမကြာခဏ

ဖောက်ပြန်လို့နေပါတယ်။ ညတိုင်းအိပ်တဲ့အခါတွေမှာလည်း
အိမ်မက်ဆိုးများမြင်မက်လေ့ရှိပါတယ်။ အဲဒါကြောင့် ဒုက္ခရောက်တဲ့အခါထွက်ပေါက်အဖြစ်
လင်ယောက်ျားမသိအောင် ဗေဒင်ဆရာကို အားကိုး

တကြီးနဲ့ သွားမေးပါတယ်။ ဗေဒင်ဆရာက ဘုရားမှာအုန်းညွန့်၊ ဒါန်းညွန့်များလှူပြီး
ကုသိုလ်ကောင်းမှု

များလုပ်ဖို့ ယတြာပေးလိုက်ပါတယ်။ မစုစုလတ်အနေနဲ့ ရောဂါဝေဒနာ သက်သာ
ပျောက်ကင်းစေဖို့

ဗေဒင်ဆရာပေးလိုက်တဲ့ ယတြာကိုချေချင်ပါတယ်၊ ဒါပေမယ့် ဘာသာခြားဇာတ်ထဲဝင်ထားတဲ့
သူတစ်ယောက်အနေနဲ့ ဘုရားကျောင်းကန်မှာသွားပြီး အုန်းညွန့်၊ ဒါန်းညွန့်လှူဖို့
အခက်တွေ့ရ ပါတော့တယ်။

ဒါပေမယ့် ဥပါဒါန်ကြောင့်ဥပါဒ်ရောက် မဖြစ်ရအောင် ( ၆. ၃. ၂၀၀၀ )နေ့မှာ
ဘုရားကျောင်းကန်ကို သွားမနေတော့ဘဲ မိမိအိမ်မှာတင် လစ်ပိုပုလင်းထဲကို
အုန်းညွန့်၊ ဒါန်းညွန့်များထိုးကာ အပ်ချုပ်စက် ခုံပေါ်မှာပဲ တင်လှူလိုက်ပါတယ်။
ဒီစက်ချုပ်ခုံပေါ်မှာ ပန်းတင်လှူတာကိုမြင်သွားတဲ့ ယောက်မဖြစ်သူ နိုရဘီက
စုစုလတ်ဘုရားမှာပန်းတင်လှူကြောင်း အကိုဖြစ်သူရာဇင်နှင့် သူ့အိမ်သားတွေကို
တိုင်ကြားပါတယ်။ ရာဇင်နဲ့ယောက္ခမဖြစ်သူများဟာ
စုစုလတ်သူတို့အိမ်မှာပန်းတင်လှူကြောင်းလည်း သိရော ယမ်းပုံမီးကျ ဒေါသပေါက်ကွဲကာ
မစုစုလတ်ကိုခေါ်ပြီး ပါးတွေနားတွေရိုက်ပစ်လိုက်ကြပါတယ်။

ပြီးတော့ ရာဇင်က "နင့်ဘုရားရှိခိုးမယ့်အစား င့ါဟာကြီးရှိခိုး” ဆိုပြီး
ပုဆိုးလှန်ပြကာ ရှိခိုးခိုင်းပါတယ်။

မစုစုလတ်ကိုရိုက်နှက်တဲ့နေရာမှာ ရာဇင်တင်မကပဲ ရာဇင့်အမေနင့်
မောင်နှမလေးယောက်တို့က

ဝိုင်းပြီးရိုက်နှက်ကြပါတယ်။ လူလေးယောက်က၀ိုင်းပြီးရိုက်နှက်ကြတဲ့အတွက်
မစုစုလတ်ခမျာ အလွန် နာကျင်လွန်းလှတာမို့ အော်ဟစ်ငိုကြွေးပြီး
ပတ်ဝန်းကျင်ကိုအကူအညီလှမ်းတောင်းမိပါတယ်။ မစုစု

လတ်က ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းရမလားဆိုပြီး ရာဇင်တို့မိသားစုရဲ့
ဒေါသဟာ အထွက်အထိပ်သို့ရောက်ရှိသွားပါတယ်။ အဲဒါကြောင့်
အိမ်ရှိတံခါးအားလုံးကိုပိတ်ပြီး စုစုလတ်ပါးစပ်ထဲ

သို့ အ၀တ်စုတ်များကိုထည့်ကာ မသေမချင်း သတ်ဖြတ်ပစ်လိုက်ကြပါတယ်။

မစုစုလတ်ခမျာမှာလည်း မိန်ကလေးဖြစ်နေတာကတစ်ကြောင်း လေးယောက်အားကို မယှဉ်နိုင်တာက
တစ်ကြောင်းဆိုတော့ သရဲသဘက်စီးနေတဲ့ သူတို့စက်ကွင်းထဲက
ဘယ်လိုမှရုန်းမထွက်နိုင်ဘဲ အိမ်ထဲမှာ

တင်ပဲ ပွဲချင်းပြီးသေဆုံးသွားပါတယ်။ ရာဇင်တို့မိသားစုဟာ အလွန်လည်ကြပါတယ်၊
ယုတ်မာတဲ့နေရာ မှာလည်း နှစ်ယောက်မရှိဘူးလို့တောင် ပြောလို့ရပါတယ်။
စုစုလတ်အလောင်းကို မတော်တဆသေဆုံးမှု

သေခင်းပုံစံမျိုးနဲ့ သဲလွန်စဖျောက်ဖို့ ကြိုးစားကြပါတယ်။ တစ်မြို့လုံးမှာရှိတဲ့
သူတို့အမျိုးတူ၊ ဘာသာတူ

တွေအားလုံးကလည်း ငွေအားလူအားနဲ့ ၀ိုင်းဝန်းပြီး လက်စလက်နဖျောက်ပေးကြပါတယ်။

စုစုလတ်အလောင်းကို မြေမမြုတ်ပဲမီးသဂြိုဟ်ဖို့ စီမံကြပါတယ်။
မိခင်ဖြစ်သူဒေါ်စန်းရီမှာ သူသမီးဟာ

သွေးရိုးသားရိုးနဲ့ သေတာမဟုတ်မှန်းတော့သိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ
အမှုဖွင့်အရေးယူမယ် ဆိုရင်လည်း လူမျိုးခြား၊ ဘာသာခြားတွေက ငွေအားလူအားနဲ့
ဖုံးဖိထားတဲ့အတွက် အမှုမှန်ပေါ်ပေါက် ဖို့မလွယ်ဘူးဆိုတာ ကြိုသိထားပါတယ်။
ဒါကြောင့်မို့ ဒေါ်စန်းရီက သမီးဖြစ်သူရဲ့အလောင်းကို မြေမြုတ်

ခြင်း၊ မီးသဂြိုဟ်ခြင်းမပြုပဲ ပုံမပျက်အုတ်ဂူသွင်းပေးဖို့ တောင်းဆိုပါတယ်။
နောက်ဆုံးတော့ ဒေါ်စန်းရီရဲ့ ဆန္ဒအတိုင်း အုတ်ဂူသွင်းပြီးသင်္ဂြိုဟ်လိုက်ပါတယ်။

ဒီအကြောင်းတွေကို တစ်ဆင့်စကား တစ်ဆင့်နားဖြင့် "မျိုးချစ်စိတ်ဓာတ်ရှိကြတဲ့
သံဃာတော်များနားထဲ သို့ရောက်ရှိသွားခဲ့ကြပါတယ်" သံဃာတော်များကလည်း
ညတွင်းချင်းစုရုံးပြီး စုစုလတ်ရဲ့အုပ်ဂူကို

ဖောက်ထွင်းပြီး စစ်ဆေးကြည့်ကြပါတယ်။

ရာဇ၀တ်ဘေးပြေးမလွတ်ဆိုတဲ့စကားအတိုင်း ရက်ရက်စက်စက်လူမဆန်စွာ သတ်ဖြတ်ထားတဲ့
အလောင်းရဲ့အမှုမှန်ကား ယခုအခါဘွားခနဲပေါ်လာပါတော့တယ်။

ဒီသတင်းစကားဟာ တစ်ခဏအတွင်းမှာပဲ တစ်မြို့လုံးပြန့်နှံ့သွားပြီး
တုန်လှုပ်ခြောက်ခြားသွားခဲ့ကြပါ တယ်။ မြို့နေလူထုတွေအားလုံးဟာ
မခံမရပ်နိုင်ဖြစ်ကာ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းဘဲ မျိုးချစ်စိတ်ဓာတ်

ပြသဖို့ လမ်းမပေါ်ဆီသို့ အသီးသီးထွက်လာခဲ့ကြပါတယ်။ ဒီအချိန်မှာ အမှိုက်ကစ
ပြသာဒ်မီးလောင်



မဖြစ်ရအောင် အမြော်အမြင်ရှိတဲ့အာဏာပိုင်အဖွဲ့အစည်းများမှ အကြီးအကဲပုဂ္ဂိုလ်
များရောက်ရှိလာကြ ပြီး တရားခံများကို ဥပဒေအရထိရောက်စွာ အရေးယူပေးမည်ဖြစ်ကြောင်း
ပြောကြားတော့မှ ပြဿနာ ငြိမ်းအေးသွားပါတော့တယ်။ အာဏာပိုင်အဖွဲ့အစည်းမှ
အကြီးအကဲပုဂ္ဂိုလ်များကလည်း သူတို့ရဲ့ကတိ စကားအတိုင်း တရားခံရာဇင်နှင့်တကွ
အပေါင်းအပါလေးဦးတို့ကို ညတွင်းချင်းဖမ်းဆီးပြီး အားနွဲ့တဲ့ မိန်းခလေးကို
လေးယောက်ဝိုင်းပြီး မတရားညှင်းဆဲသတ်ဖြတ်မှုနဲ့ အသီးသီး ထောင်ဒဏ်တစ်သက်
တစ်ကျွန်းစီ ချမှတ်လိုက်ပါတယ်။

တစ်ချိန်က သာယာလှပတဲ့အလုံမြို့လေးဟာ ယခုတော့သွေးစွန်းပြီးအကျည်းတန်လေခဲ့ပြီ။
ကြည်လင်အေးမြတဲ့ချင်းတွင်းရေဟာလည်း သွေးနှောပြီးတော့ နောက်ကျိခဲ့လေပြီတကား….။
မြန်မာသူငယ်ချင်းများအဖွဲ့ ဆိုဒ်မှကူးယူဖော်ပြပါသည်..

ဖြစ်ရပ်မှန် ၂

ငှက်လေး | 8:25 AM | Best Blogger Tips
အရိုးခံမစုစုလတ်ခမျာ စိတ်ထဲမှာ ရာဇင်ဟာအခြားအခြားသောလူမျိုးခြား၊
ဘာသာခြားတွေနဲ့မတူ လိမ္မာယဉ်ကျေးမှုရှိတယ်။ လူမှုရေးရှိတယ်၊ သူ့အပေါ်ကို
နားလည်မှုပေးတယ်၊ ဘာသာရေး လွတ်လပ်ခွင့်ကိုလည်းပေးတယ်ဆိုပြီး
တစ်ကိုယ်တော်ချီးမွမ်းခမ်းထုတ်ကာ ရာဇင်ကို မိုးကျရွေကိုယ် နတ်သားတစ်ပါးလို
ထင်လာခဲ့ပါတယ်။

မစုစုလတ်မိဘတွေကလည်း ရာဇင်နဲ့အဆက်အသွယ်ဖြတ်ဖို့
အမျိုးမျိုးဖြောင်းဖျခဲ့ကြပါတယ်။ " သမီးရယ်
အခုသမီးနဲ့ချစ်ကြိုက်နေတဲ့ကောင်လေးနဲ့တော့ မယူပါနဲ့၊ သမီးဒီကောင်လေးကို
လက်ထပ်ယူမယ်ဆိုရင်

မေမေတို့မိဘဘိုးဘွားအစဉ်အဆက်တွေ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မျိုးရိုးဗီဇတွေ
ပျက်စီးကုန် လိမ့်မယ်၊ သမီးကြားဖူးမှာပါ၊ မြေမျိုလို့လူမျိုးမပြုတ်
လူမျိုမှလူမျိုးပြုတ်မယ်ဆိုတာ၊ ဒီစကားဟာ ရှေးက လူကြီးတွေက သက်သက်အဓိပ္ပါယ်မဲ့
ပြောခဲ့တာမဟုပ်ဘူး၊ သမီးတို့လို အချစ်မျက်ကန်းတွေအတွက်
အရေးတကြီးမှာခဲ့တဲ့စကားဖြစ်တယ်၊ သမီးအခုဆိုရင် အဲဒီစကားရဲ့ စည်းတစ်ဘက်ကို
ရောက်ဖို့ တာစူ

နေပြီ၊ အသိတရားနဲ့သတိထားပါသမီးရယ်၊ မေမေလည်းငယ်ရာကကြီးလာတာမို့
သမီးတို့လူငယ်တွေရဲ့ အချစ်ဟာ ဘယ်လောက်ထိနက်ရှိုင်းစူးနစ်တယ်ဆိုတာ
မေမေနားလည်ပါတယ်။

မေမေတို့နဲ့အမျိုးတူဘာသာတူ၊ ဖြစ်နေမယ်ဆိုရင် လမ်းဘေးမှာခြေပြတ်လက်ပြတ်
တောင်းစားနေတဲ့ သူတောင်းစားနဲ့ဆိုရင်တောင် မေမေ
အခုလိုမျက်ရည်နဲ့မျက်ခွက်ငိုယိုပြီး သမီးကိုတောင်းပန်နေမှာ

မဟုတ်ဘူး၊ လမ်းဘေးကသူတောင်းစားနဲ့ယူလို့ ငါ့သမီးကမွေးတဲ့ မေမေ့မြေးလေးတွေဟာ
မြန်မာလူမျိုး စစ်စစ်ဖြစ်ရသေးတယ်၊ အခုသမီးချစ်ကြိုက်နေတဲ့
ကောင်လေးနဲ့သာယူမယ်ဆိုရင် ငါ့သမီးက မွေးတဲ့

ငါ့မြေးလေးတွေဟာ လူမျိုးခြားကပြားလေးတွေဖြစ်နေချေရဲ့။ ဒါကြောင့်မို့
မေမေ့ကိုသနား ကြင်နာသော အားဖြင့် ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီကောင်လေးကိုတော့
လုံးဝလက်မထပ်နဲ့နော်"ဆိုပြီး မိခင်ဒေါ်စန်းရီ ခမျာ သမီးဖြစ်သူကို
ငိုယိုပြီးတောင်းပန်ရှာပါတယ်။

ဒါပေမဲ့ မစုစုလတ်ကတော့ ခပ်မိုက်မိုက်ပဲ အချစ်သူရဲကောင်းကြီးလုပ်ပြီး
ရာဇင်နဲ့နှစ်ဦးသဘောတူ လက်ထပ်ယူလိုက်ကြပါတယ်။ အဲဒီတုန်းက မစုစုလတ်ဟာ
ကမ်းမမြင်လမ်းမမြင် နှစ်ဦးသား ချစ်ရည်လူး ကာ ပျော်ရွင်လိုက်သည့်ဖြစ်ခြင်း၊
လောကမှာသူ့လောက်ကံကောင်းသူ မရှိဟုပင် ထင်ခဲ့မိပါတယ်။

သူတို့လက်ထပ်ပြီးလို့နှစ်လလောက်ကြာလာတဲ့အခါမှာတော့ မင်းသားခေါင်းစွပ်ထားတဲ့
ဘီလူးမျက်နှာ ဟာ တစ်နေ့တခြား ထင်ထင်ရှားရှားပေါ်လွင်လာပါတော့တယ်။ ရာဇင်ဟာ
သူတို့ဘာသာရဲ့ထုံးစံအတိုင်း

မစုစုလတ်ကို သူတို့ဘာသာထဲဝင်ရမယ်လို့ အကျပ်ကိုင်လာပါတယ်။ နောက်ပြီး ရာဇင်က
တကယ်လို့

မစုစုလတ်အနေနဲ့ သူတို့ဘာသာထဲကိုမ၀င်ပဲ ဗုဒ္ဓဘာသာကို
ဆက်လက်ကိုးကွယ်ယုံကြည်နေဦးမယ် ဆိုရင် သူတို့ဘာသာရဲ့ထုံးစံအရ
တရားဝင်ဇနီးမယားဖြစ်မလာ နိုင်ကြောင်း၊ မွေးလာတဲ့သားသမီးတွေ

မှာလည်း တရားဝင်သားသမီးမဟုတ်တော့ဘဲ တိတ်တိတ်ပုန်း ရထားတဲ့သားသမီးများ
ဖြစ်ခြင်းကြောင့် အမွေဆက်ခံခွင့်မရရှိနိုင်ကြောင်း၊ မစုစုလတ်ကိုယ်တိုင်မှာလည်း၊
တရားဝင်ဇနီးမယား မဖြစ်သေးတဲ့

အတွက် လင်မယားချင်းကွဲကွာတဲ့အခါ ဘာပစ္စည်းမှမရနိုင်ကြောင်း၊ ဒါကြောင့်မို့
မစုစုလတ်ကိုယ်တိုင်

တရားဝင်ဇနီးဖြစ်အောင် သူတို့ဘာသာထဲဝင်ပြီး သူတို့ဘာသာနဲ့အညီ
လက်ထပ်ရမညီဖြစ်ကြောင်း အကျပ်ကိုင်လာပါတယ်။

နောက်ပြီး ရာဇင်ရဲ့မိဘ ညီအစ်ကိုမောင်နှမတွေကလည်း သူတို့အိမ်မှာတစ်ခြားဘာသာကို
ကိုးကွယ် ယုံကြည်တဲ့ မစုစုလတ်ရှိနေလို့ လာဘ်မရှိတာ စီးပွားရေးကျတာဆိုပြီး
မစုစုလတ်အပေါ်အပြစ်ပုံချကာ မကြည်ဖြူနိုင်တော့ဘဲ ငြိုငြင်လာကြပါတယ်။

အခုတော့ လူမျိုးခြားဘာသာခြားရဲ့စကားကိုယုံကြည်ပြီး လက်ထပ်ယူခဲ့တဲ့ မစုစုလတ်ရဲ့
မိုးကောင်းကင်

ရွေအိမ်မက်ကြီးဟာ တစ်ဖြည်းဖြည်းအရောင်တွေလွင့်ပါးပြီး ပျက်ပြယ်ခဲ့ရပါပြီ။
ပျော်ရွင် ရယ်မောခြင်း

တွေဟာလည်း တဖြည်းဖြည်းအရည်ပျော်ကာ ငိုကြွေးခြင်းရဲ့ လမ်းစဖြစ်ခဲ့ရပါပြီ။
သူရဲ့နှုတ်ခမ်းထက်က ချိုချိုမြမြစကားလုံးတွေဟာ ခုတော့ခါးတမာတောလို
ဖြစ်ခဲ့ရပါပြီ။ သူတို့ရဲ့ ကြင်စဦးဇနီးမောင်နှံတုန်းက အကြင်နာပုံရိပ်တွေဟာလည်း
တံလျပ်ပမာ အဝေးဆီသို့သာ တရိပ်ရိပ် လွင့်မျောပျောက်ကွယ်သွား ရပြီတကား။

အခုတော့မစုစုလတ်ခမျာ ဆုံးဖြတ်ချက်တခုခုတော့ချရတော့မှာဖြစ်ပါတယ်။
တိုင်းပြည်နဲ့မိဘဘိုးဘွား

တွေရဲ့ မျိုးရိုးဇာတိကိုငဲ့မည်လော၊ မိမိရဲ့တစ်ဘ၀စာ တစ်နပ်စာ
ရှေ့ရေးကိုငဲ့မည်လော၊ ပဒိုင်းသီးကဲ့သို့ စားလည်းရူး
ဆုတ်လည်းစူးဖြစ်ရတော့မည့်အခြေအနေသို့ ဆိုက်ရောက်နေပါတော့တယ်။ မိမိရဲ့အမိုက်
ဇာတ်ကို မိမိကိုယ်တိုင်ပဲ ပြီးဆုံးအောင် က ရပါတော့မယ်။ ဒီအချိန်မှာ
အိမ်ပြန်လို့လည်း ဘယ်မိဘ ညီအစ်ကိုမောင်နှမကမှ လက်ခံမည်မဟုတ်၊
မိဘညီအကိုမောင်နှမတွေက ဒီလူမျိုးခြားဘာသာခြားကို လက်ထပ်မယူဖို့
အတန်တန်တားတဲ့ကြားက မိမိကိုယ်တိုင်က ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ အချစ်သူရဲ
ကောင်းကြီးလုပ်ပြီး " ငရဲ " တွင်းထဲသို့ ခုန်ဆင်းခဲ့သည်မဟုတ်ပါလား။

ဗုဒ္ဓဘာသာမြန်မာမိန်းခလေးများအတွက် မမှားသင့်တာလေးတွေ မမှားရအောင်(ဖြစ်ရပ်မှန် ၁)

ငှက်လေး | 8:10 AM | Best Blogger Tips
ဒီအဖြစ်အပျက်လေးက အညာမြို့လေးတစ်မြို့မှာ တကယ်ဖြစ်ပျက် ခဲ့တဲ့
ဖြစ်ရပ်မှန်ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။

တိတိကျကျပြောရရင် မုံရွာမြို့နယ်၊ အလုံမြို့လေးမှာဖြစ်ပါတယ်။ ဒီမြို့လေးဟာ
ဘိုးတော်ဘုရား အိမ်နိမ့်စံဘ၀က ပဒုံဟူသောအမည်နဲ့ မြို့တည်ပြီးစိုးစံခဲ့တာကြောင့်
သမိုင်းကြောင်းအရာလည်း ထင်ရှားခဲ့ပါတယ်။

အလုံမြို့လေးဟာ ချင်းတွင်းမြစ်ကမ်းနဖူးမှာတည်ရှိနေတာကြောင့်လည်း
သာယာစိုပြေလှပါသည်။ မြို့သူမြို့သားတွေဟာ
ချင်းတွင်းရေသောက်သူများဖြစ်ကြတဲ့အတွက် အသားအရေစိုပြေလှပါတယ်။ အဲဒါကြောင့်
ချင်းတွင်းမြစ်ရေဟာ အလုံမြို့သူမြို့သားတွေရဲ့ နှလုံးသားများဖြစ်နေပါတော့တယ်။

မစုစုလတ်ဟာ ဦးလှမြတ်+ဒေါ်စန်းရီဆိုတဲ့မိဘနှစ်ပါး၊ ညီအစ်ကိုမောင်နှမများနှင့်အတူ
အလုံမြို့၊ ရွေတံ

ခါးရပ်မှာနေထိုင်ကြပါတယ်။ သူတို့မိသားစုဟာ မျိုးရိုးအစဉ်အဆက်ကတည်းက အေးအေး
ဆေးဆေး

နေတတ်ကြသူများဖြစ်ကြပါတယ်။ ဖခင်ဦးလှမြတ်ကတော့ အရောင်းအ၀ယ်နဲ့သာ အချိန်
ကုန်နေတတ်ပြီး မိခင်ဒေါ်စန်းရီမှာတော့ အထက ( ၁ ) အလုံမှ ကျောင်းဆရာမတစ်ဦး
ဖြစ်ပါတယ်။ ဆရာမဖြစ်သည့်အလျောက် ခလေးငယ်များ ကျောင်းပညာရေးဖြင့်သာ
အချိန်ကုန်ခဲ့ရပါတယ်။

"တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိပါ၏" ဆိုတဲ့သူလည်းဖြစ်ပါတယ်။
အဲဒါကြောင့် မိမိရဲ့ သားသမီးများကို " အမျိုးကိုဘယ်လိုချစ်ရမယ်၊
ဘာသာတရားကိုဘယ်လိုလေးစားတန်ဖိုးထားရမယ်" စတာတွေကို
ဆုံးမသွန်သင်ဖို့ပျက်ကွက်ခဲ့ပါတယ်။ အခုဆိုရင်သမီးဖြစ်သူ မစုစုလတ်တောင်
အရွယ်ရောက်လို့ လှသွေးကြွလို့နေပါပြီ။ အသားကလည်းဖြူ ရုပ်ဆင်းအင်္ဂါကလည်းချောမွေ့၊
ခန္ဓာကိုယ်အချိုးအစားကလည်းပြေပြစ်တော့ မြင်သူတကာငေးမောရလောက်အောင်
လှပလွန်းပါတယ်။ အလှပေါ်အယဉ်ဆင့်ဆိုသလို သူ့ရဲ့ရိုးသားမှုဂုဏ်ကလည်း
ပိုပြီးတော့လှပတင့်တယ်မှုကို အရောင်တောက်စေပါတယ်။

အရွယ်လည်းရောက်လာတဲ့မစုစုလတ်ဟာ မိဘတွေရဲ့ဝင်ငွေကို
တစ်ဘက်မှကူညီပြီးရှာဖွေပေးချင်တဲ့ အတွက် စက်ချုပ်ပညာကိုသင်ယူခဲ့ပါတယ်။
ဒီပညာနဲ့ပဲ မိဘ၀င်ငွေကို တစ်ဘက်တစ်လမ်းကရှာဖွေပြီး မိဘကျေးဇူးဆပ်ခဲ့ပါတယ်။

အလုပ်အကိုင်လေးကလည်းရှိ၊ ရုပ်ရည်ကလည်းချော၊ သဘောမနောကလည်းဖြူဆိုတော့ သူကို
လှမ်းခြူဖို့ကြိုးစားနေကြတဲ့ ကိုကိုလူပျိုကာလသားတွေကလည်း
ဝိုင်းဝိုင်းလည်အောင်ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ရာဇင်ဆိုတဲ့ ကောင်လေးတစ်ယောက်လည်း
အပါအ၀င်ဖြစ်ခဲ့ပါတယ်၊ ရာဇင်ဟာ စုစုလတ် အပ်ချုပ်ဆိုင်ကိုသွားတိုင်း
လမ်းမှစောင့်ပြီး ပိုးပန်းလေ့ရှိခဲ့ပါတယ်။ ရိုးသားဖြူစင်ဖြောင့်မတ်တဲ့ စုစုလတ်
ကို အာဘောင်အာရင်းသန်သန်ဖြင့် ချိုမြရွှင်ပြတဲ့ ရည်းစားစကားများပြောပြီး
စုစုလတ်ရဲ့အချစ်ကို ရယူ နိုင်ခဲ့ပါတယ်။

အချစ်မျက်ကန်းသည်မလေးစုစုလတ်ဟာ ရာဇင်ရဲ့အချစ်ကို လက်ခံရယူပြီးချိန်မှာတော့
ရာဇင်ဟာမစုစုလတ်အပေါ် အလိုလိုက်အကြိုက်ဆောင်ကာ အစွမ်းကုန်ယုယကြင်နာမှုများ
ပေးစွမ်းခဲ့

ပါတယ်။ နောက်ပြီး မစုစုလတ်ကြိုက်တတ်တဲ့ အမှတ်တရပစ္စည်းလေးများကို
ဝယ်ပေးလေ့ရှိခဲ့ပြီး အပြုံးချိုချိုမျက်နှာထားလေးနဲ့ အကြွားပိုပြခဲ့ပါတယ်။
မိန်းခလေးတစ်ယောက်ကိုဘယ်လိုပြောရမယ် ဘယ်လိုချဉ်းကပ်ရမယ်၊
ဘယ်လိုမြူဆွယ်ရမယ်ဆိုတာကိုလည်း ကျွမ်းကျင်ပိုင်နိုင်ပြီး မိန်းမကျမ်း

ကျေထားပုံလည်းရပါတယ်။

ရာဇင်နဲ့မစုစုလတ်ဟာ တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြပေမဲ့ မတူညီတဲ့ခြားနားချက်တွေ
ရှိခဲ့ကြပါတယ် အဲဒါကတော့ လူမျိုးလည်းမတူ၊ ဘာသာကလည်းခြားနားလို့နေပါတယ်။

မစုစုလတ်ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးစစ်စစ်ဖြစ်တဲ့မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့
မြန်မာအမျီုးသမီး

လေးပဲဖြစ်ပါတယ်။ ရာဇင်ကတော့ မြန်မာလူမျိုးလည်းမဟုတ်သလို ဗုဒ္ဓဘာသာကို
ကိုးကွယ်ဆည်းကပ်

သူလည်း မဟုတ်ခဲ့ပါဘူး။ ဒီလိုမတူညီတဲ့ ခြားနားမှုလေးတွေကြောင့်
မစုစုလတ်မိဘများကလည်း

ရာဇင်နဲ့သဘောမတူခဲ့သ လို မစုစုလတ်ကိုယ်တိုင်ကလည်း ရာဇင်နဲ့လက်ထပ်ဖို့
ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် ရာဇင်က မစုစု လတ်ကို "လူမျိုးမတူ ဘာသာမတူတာနဲ့ ကိုယ်တို့နှစ်ယောက်
ဝေးရမယ်ဆိုတာ လုံးဝမဖြစ်စေရဘူး။ ငါလည်းငါကြိုက်နှစ်သက်တဲ့ဘာသာကို ကိုးကွယ်မယ်။
မင်းကိုလည်း မင်းကြိုက်နှစ်သက်တဲ့ဘာသာကို လွပ်လွပ်လပ်လပ်
ကိုးကွယ်ယုံကြည်ခွင့်ပေးမယ်"ဆိုပြီး အာမခံချက် ရဲရဲတင်းတင်းပေးလိုက်ပါတယ်။