Thursday, September 29, 2011

ဘဝအမောပြေဟာသ(3)

ငှက်လေး | 10:03 AM | Best Blogger Tips
> 1.လှုံ့ဆော်စာ
>
> ရန်ကုန်မြို့ ဆူးလေကားဂိတ်တွင် လူတစ်ယောက်သည် စာရွက်လွတ်များကို ကျဲချနေသည်။
> ဤသည်ကို မြင်သောအခါ ရဲများက၎င်းကိုဖမ်းပြီး ရဲစခန်းသို့ခေါ်လာသည်။
> ရဲမှူးက အသံမာမာနှင့် မေးသည်။
> “ဟေ့လူ . . . ခင်ဗျား ဘာလုပ်တာလဲ”
> “ဘာလုပ်ရမလဲ။ လှုံ့ဆော်စာ ဝေနေတာလေ”
> “ကျုပ်ကို အကြောင်လာရိုက်မနေနဲ့။ စာရွက်ပေါ်မှာ ဘာမှမရေးထားဘူး”
> “ဘာရေးစရာလိုလဲ ဗျာ။ ဒီအတိုင်းလဲ ရှင်းနေတာပဲ ဥစ္စာ”

> 2.ဘာမှ မရှိတော့ဘူး
> ရွေးကောက်ပွဲ ပြုလုပ်နေသည့် ကာလဖြစ်သည်။
> လူကြီးတစ်ယောက် အသားဆိုင်ထဲသို့ ၀င်ပြီးမေးသည်။
> “ဘာသား ရှိလဲ ဗျာ”
> “ဘာသားမှ မရှိဘူး”
> လူကြီး ဆိုင်မှ ထွက်ပြီးမှတ်စုစာအုပ်တွင် . . .
> “အသားဆိုင်တွင် ဘာသားမှ မရှိ”
> ဟု ရေးသည်။
> ထို့နောက် ၀က်အူချောင်းဆိုင်သို့ ၀င်သည်။
> “၀က်အူချောင်းရှိလား”
> “မရှိဘူး”
> လူကြီး ၀က်အူချောင်းဆိုင်မှ ထွက်ပြီး မှတ်စုစာအုပ်တွင်ရေးသည်။
> “၀က်အူချောင်းဆိုင်တွင် ၀က်အူချောင်းမရှိ”
> လူကြီးနောက်မှ ကားတစ်စီးလိုက်လာပြီး အရပ်ဝတ်နှင့် လူနှစ်ယောက်က
> ၎င်းကိုကားပေါ်ဆွဲတင်ကာ ထောက်လှမ်းရေး ရုံးသို့ ခေါ်သွားသည်။
> ရုံးခန်းထဲတွင် အရာရှိဖြစ်သူကပြောသည်။
> “ဒီ (ရွေးကောက်ပွဲ) ကာလသာမဟုတ်ရင် ခင်ဗျားလိုလူမျိုးကို အဆုံးစီရင်ပစ်တယ်။
> အခု ခင်ဗျားကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တယ်။ သွားတော့”
> အပြင်ဘက်တွင် လူကြီးသည် မှတ်စုစာအုပ်ကို ထုတ်ပြီး ရေးသည်။
> “ထောက်လှမ်းရေးတွင်လည်း ကျည်ဆံမရှိ”

> 3.အကြောင်းအရင်း
> ကိုဘမောင်တစ်ယောက် ဗမာနိုင်ငံမှ အပြီးအပိုင်ထွက်ခွါရန် လျှောက်လွာတင်သည်။
> အဘယ်ကြောင့်ထွက်ခွါချင်သနည်းဟု တာဝန်ရှိသူက မေးရာ၎င်းက ဤသို့ဖြေသည်။
> “အကြောင်းအရင်း နှစ်ခု ရှိပါတယ်။ ပထမ အကြောင်းကဘာလဲဆိုတော့
> ကျနော့ ညာဘက်အခန်းကလူက စစ်အာဏာရှင်စနစ် ပြိုကွဲ ကျဆုံးသွားရင်
> ကျနော်နဲ့ ကျနော့ မိသားစုကို လည်လှီးသတ်မယ်လို့ ပြောတယ်”
> “ဒါများ အရေးလုပ်လို့ စစ်အာဏာရှင် စနစ်ဘယ်တော့မှ မကျဆုံးဘူးဆိုတာ
> ခင်ဗျားလဲ သိသားနဲ့”
> “အဲ့ဒါက ဒုတိယအကြောင်းအရင်းပါ”

>4. ပြစ်မှုမမြောက်ပါ
>
> အရက်သေစာသောက်စားမှုကို တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဆန့်ကျင်နေကြသည်။
> အရက်ခိုးချက်သည့်အမှုကို ပြည်သူ့တရားရုံးတစ်ခုတွင်စစ်ဆေးနေသည်။
> “ခင်ဗျားရဲ့အိမ်မှာ အရက်ခိုးချက်တဲ့ ကိရိယာတွေတွေ့တယ်ဆိုတာ အမှန်ပဲလား”
> “မှန်ပါတယ်”
> “ဒါဆို အရက်ခိုးချက်ခဲ့တယ်ပေါ့ . . .”
> “မချက်ပါဘူး”
> “ချက်တဲ့ကိရိယာ ရှိနေမှတော့ ခင်ဗျား မချက်ပဲ နေပါ့မလား”
> “မချက်ပါဘူး”
> စဉ်းစားရန် ရုံးတော်ကို ခေတ္တရပ်နားလိုက်သည်။
> ပြန်စသည်နှင့်စီရင်ချက်ကို တရားသူကြီးက ဖတ်ကြားသည်။
> “အရက်ခိုးချက်မှုဖြင့် တရားခံအား ထောင်ဒဏ်7နှစ် ချမှတ်လိုက်သည်။
> ကိုင်း ! တရားခံကို နောက်ဆုံးပြောချင်တာ ရှိရင် ပြောခွင့်ပြုပါတယ်”
> “ကျနော့ကို အဓမ္မကျင့်မှုနဲ့လည်း အပြစ်ဒဏ်ပေးစေလိုပါတယ်”
> “ဘာလဲ။ ခင်ဗျား တစ်ယောက်ယောက်ကို အဓမ္မကျင့်ခဲ့လို့လား”
> “မကျင့်ပါဘူး။ ဒါပေမယ့် . . . ကိရိယာနေတယ်လေ

> 5.ထူးဆန်းလိုက်တာ
>
> ကိုမင်းမင်းတစ်ယောက် အရက်ဘားထဲသို့ ၀င်လာပြီး ၀ီစကီ ငါးပက် မှာသည်။
> စာပွဲထိုးလာချပေးသည်နှင့် တစ်ရှိန်ထိုးမော့ချလိုက်သည်။
> နောက် လေးပက်မှာသည်။
> ရောက်လာသည်နှင့် စောစောကကဲ့သို့ တစ်ရှိန်ထိုးမော့ချလိုက်ပြန်သည်။
> နောက် သုံးပက်မှာသည်။
> မနားတမ်းသောက်ချလိုက်သည်။
> နောက်ထပ် နှစ်ပက်ထပ်မှုာသည်။
> ရောက်လာသော ခွက်တွေကို ကြည့်ရင် လျှာလေး အာလေးဖြင့်ပြောလိုက်သည်။
> “တော်တော်ထူးဆန်းတာပဲ။ လျှော့သောက်လေလေ- မူးလေလေပါလား . . .”

> 6.အမြွှာပူးလားလို့
>
> သားဖွားဆေးရုံထဲသို့ ကိုမင်းမင်း ရောက်လာသည်။
> ဇနီးသည်၏ အခန်းထဲသို့ ၀င်သည်။ ဇနီးဘေးက မွေးခါစကလေးကို ကြည့်ပြီး
> ၀မ်းသာအားရအော်သည်။
> “ဟန်ကျတာပဲ။ အမြွှာပူးဟေ့”
> သူနာပြုဆရာမက လှမ်းပြောသည်။
> “အမြွှာပူးမဟုတ်ဘူး။ တစ်ယောက်ထဲပါ။ နောက်တစ်ခါလာရင် အရက်မသောက်ဘဲ လာခဲ့နော်”

> 7.ကုန်ပြီ
>
> အရက်ဘားထဲမှ ထွက်လာပြီး မဖြတ်ကူးရနေရာတွင် လမ်းကူးသူကို ယာဉ်ထိန်းရဲက
> နောက်မှ လှမ်းအော်သည်။
> “ဟေ့လူ! ပြန်လာခဲ့”
> ထိုလူက လျှာလေး အာလေးနှင့် ပြန်ဖြေသည်။
> “မလာနိုင်ဘူး။ ပိုက်ဆံကုန်ပြီ”

>8. အမိန့်နာခံတဲ့ သူ
>
> သူငယ်ချင်း နှစ်ယောက် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ထဲဝင်ရန်ရောက်လာကြသည်။
> လူတွေ့စစ်မေးရန် ပထမလူကိုခေါ်လိုက်သည်။
> တာဝန်ခံ အရာရှိက ပြောသည်။
> “ငါတို့ တပ်ဖွဲ့ဟာ အထက်အမိန့်ကို တစ်သွေမတိမ်း လိုက်နာဆောင်ရွက်တတ်တဲ့
> မူပေါ်မှာ အခြေခံထားတယ်။
> တပ်ဖွဲ့ဝင်တွေဟာ အထက်လူကြီးခိုင်းတဲ့အတိုင်း လုပ်ရတယ်။ ဘာဆင်ခြေမှ မပေးရဘူး။
> ကိုင်း! ခင်ဗျားကို စစ်ဆေးတဲ့ အနေနဲ့ ဟောဒီခြောက်လုံးပြူးကို ယူသွား။
> အပြင်မှာစောင့်နေတဲ့ သူငယ်ချင်းကိုပစ်သတ်လိုက်”
> ထိုလူက ထစ်ထစ်ငေါ့ငေါ့ဖြင့်ပြန်ပြောသည်။
> “ဟာ . . . ကျနော့သူငယ်ချင်းကို မလုပ်ရက်ပါဘူးဗျာ”
> “ဟေ့ . . . တပ်ထဲ ၀င်ချင်ရင် ခိုင်းတဲ့အတိုင်းလုပ်စမ်း”
> ထိုအခါ လေးလံသော ခြေလှမ်းများဖြင့် အပြင်ဘက်သို့ ထွက်သွားသည်။
> အတန်ကြာမှ တုန်တုန်ယင်ယင်ဖြင့် အခန်းထဲသို့ ပြန်ဝင်လာသည်။
> အရာရှိကပြောသည်-
> “ဘာတုန်တုန်ယင်ယင်ဖြစ်နေတာတုန်း။
> ငါတို့က သွေးဆာနေတဲ့ သားရဲတိရစ္ဆာတွေမဟုတ်ပါဘူးကွ။
> ခြောက်လုံးပြူးထဲကို ကျည်ဆံ ငါတို့ ထည့်မပေးလိုက်ပါဘူး။ မင်းကို စမ်းသပ်တာပါ။
> အပြင်မှာ တပ်ထားတဲ့ ကင်မရာကနေတဆင့် မင်းသေနတ်ခလုတ်နှိပ်လိုက်တာကို
> တို့တွေမြင်လိုက်ပါတယ်။
> မင်းအမိန့်အတိုင်းလုပ်တယ်ဆိုတာ သေချာသွားပြီ။ ငါတို့ ကျေနပ်တယ်။
> ကိုင်း! မင်းသူငယ်ချင်းကို အထဲလွတ်လိုက်တော့”
> “ခေါ်လို့ မရတော့ဘူး”
> “ဘာဖြစ်လို့လဲ”
> ““သေနတ်နဲ့ ပစ်တာ မသေတော့ ကော်ရစ်တာမှာရှိတဲ့ ကုလားထိုင်နဲ့ သူ့ကို
> ကျနော် ရိုက်လိုက်တာ ကိစ္စချောသွားပြီ။”

>9. နိုင်ငံခြားပြန် ကိုမောင်မောင်
>
> ကိုမောင်မောင် တစ်ယောက် မလေးရှားမှ ပြန်မည်။
> နေရပ်သို့ မပြန်ခင် ဘာဝယ်သွားရရင် ကောင်းမလဲ စဉ်းစာသည်။
> တီဗွီ၊ ရေဒီယိုနှင့် စည်သွပ်ဗူးဝယ်သွားမည်ဟု ဆုံးဖြစ်လိုက်သည်။
> နေရပ်သို့ ပြန်ရောက်သောအခါ ပထမဆုံး တီဗွီလိုင်းကို ဖွင့်လိုက်သည်။
> ပထမလိုင်းကို ဖွင့်လိုက်သည်။ ဗိုလ်ချုပ်မှူးကြီး မိန့်ခွန်းပြောနေပုံ ပေါ်လာသည်။
> ဒုတိယလိုင်းကို ဖွင့်လိုက်သည်။ ဘာမျှမထူး။ ဒီမှာလဲ စကားပြောနေသည်။
> သို့နှင့် - ရေဒီယိုကို ဖွင့်သည်။ မထူး။ ဒီမှာလဲ ထိုမိန့်ခွန်းကိုပဲ
> ထုတ်လွင့်နေသည်။
> ကိုမောင်မောင် စိတ်ညစ်လာသည်။
> နောက်ဆုံးလက်ကျန် စည်သွပ်ဗူးများဆီသို့ မျက်လုံးရောက်သွားသည်။
> ထို့နောက် တစ်ကိုယ်တည်း ပြောလိုက်သည်။
> “မဖွင့်ဘူးကွာ . . . .!”

> 10.ပြောတော့ မပြောတော့ဘူး
>
> လူကြီးတစ်ယောက် လမ်းလျှောက်လာသည်။
> ရုတ်တရက် ခေါ်သံလိုလိုကြားလိုက်ရသည်။
> “ဟေ့! လူယုတ်မာ”
> အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ ကြက်တူရွေးတစ်ကောင်ကိုတွေ့သည်။
> လမ်းပေါ်တွင် မည်သူတစ်ယောက်မှ မရှိသဖြင့် မိမိကို ရည်ညွန်းသည်ဟု
> လူကြီးသဘောပေါက်လိုက်သည်။
> သို့သော် တိရစ္ဆာန်နှင့်ရန်ဖြစ်လျှင်လူကြားလို့ ကောင်းမည်မဟုတ်သဖြင့်
> ဘာမျှမပြောဘဲ ဆက်သွားလိုက်သည်။
> နောက်တစ်နေ့ မနေ့ကလမ်းအတိုင်းလျောက်လာသည်။
> မနေ့ကအတိုင်း “ဟေ့လူ . . .”ဆိုသော စကားကို ကြားရသည်။
> လှည့်ကြည့်လိုက်ရာ မနေ့ကကြက်တူရွေးပင်ဖြစ်နေသည်။
> နောက်တစ်နေ့လျှောက်လာပြန်၏။
> ဆိုခဲ့သည့် အိမ်ရှေ့အရောက်တွင် “ဟေ့! လူယုတ်မာ” ဆိုသော အသံထွက်ပေါ်လာသည်။
> လှည့်ကြည့်သည်။ အရင်နေ့တွေက ကြက်တူရွေးပါပဲ။
> ဒေါသကို အတတ်နိုင်ဆုံး ချိုးနှိမ်ပြီး လူကြီးဆက်လျောက်လာသည်။
> ရဲစခန်းသို့သွားသည်။ ဖြစ်သည့်အကြောင်းကို ရှင်းပြသည်။
> ရဲကြပ်တစ်ယောက်လိုက်လာပြီး “
> မွေးထားသော ကြက်တူရွေးဆီက ရုန်းရင်းကြမ်းတမ်းသောစကား
> နောက်တစ်ခါပြောသံ ကြားရပါက ဒါဏ်ငွေငါးထောင်ရိုက်မည်။
> ကြက်တူရွေးကို တိရစ္ဆာန်ရုံသို့ ပို့မည်”ဟု သတိပေးပြောကြားလိုက်သည်။
> နောက်တစ်နေ့။
> ရဲကို သွားတိုင်သည့်လူကြီး မနေ့ကလမ်းအတိုင်း လျှောက်လာသည်။
> “ဟေ့လူ”
> လူကြီှးလှည့်ကြည့်သည်။
> အရင်ရက်တွေက ကြက်တူရွေးကို မြင်သည်။ သည်တစ်ခါ လူကြီးက ပြန်မေးသည်။
> “ဟေ့ကောင်! ဘာလဲကွ”
> အတန်ငယ်ကြာ ဘာသံမှ မကြားရဘဲ တိတ်ဆိတ်နေသည်။
> ပြီးမှ ကြက်တူရွေးက ပြောသည်။
> “ကျုပ်ပြောချင်တဲ့စကားခင်ဗျားသိပါတယ်” တဲ့။

No comments:

Post a Comment