Thursday, September 29, 2011

ဘဝအမောပြေဟာသ(2)

ငှက်လေး | 9:44 AM | Best Blogger Tips
> 1.ပိုင်ရှင်
>
> တရားရုံးတွင် လင်မယားကွာရှင်းပြတ်စဲလိုမှုကို ကြားနာနေသည်။
> ကွားရှင်းပြီးးသည့် အခါ သားသမီးများကို မည်သူက
> ပိုင်ဆိုင်သင့်ကြောင်းနှင့် ပတ်သက်၍ နှစ်ဖက်ရှေ့နေများ လျှောက်လဲ ကြသည်။
> ယောက်ျားဘက်က ရှေ့နေက ပြောသည်။
> “ရုံးတော်ကို မေးခွန်းတစ်ခု မေးပါရစေ။ ဆိုကြပါစို့ . . . .
> စက်ထဲကို လူတစ်ယောက်က ပိုက်ဆံ ထည့်လိုက်တယ်။
> စက်က စီးကရက်ဘူးကို ပြန်ထုတ်ပေးလိုက်တယ်။
> အဲ့ဒီ စီးကရက်ဘူးကို ဘယ်သူက ပိုင်သလဲ
> ပိုက်ဆံ ထည့်တဲ့သူလား၊ စက်လား”
>
> တရားသူကြီးကပြောသည်။
> “ပိုက်ဆံထည့်တဲ့သူပေါ့”
> “အဲ့ဒါဆို ကလေးတွေကို ကျနော့ အမှုသည်ရဲ့လက်ထဲကို အပ်လိုက်ပါ”

> 2.မကောင်းတဲ့သတင်း
>
> မိန်းမကယောက်ျားကို ပြောသည်။
> “ရှင့်ကို သတင်းနှစ်ခုပြောစရာရှိတယ်။
> တစ်ခုက ကောင်းတဲ့သတင်း၊ နောက်တစ်ခုကမကောင်းတဲ့သတင်း”
>
> “နိဒါန်းပျိုးမနေနဲ့။ ပြောစရာ ရှိတာပြောစမ်းပါ”
> “ကျမ ရှင်နဲ့ မနေတော့ဘူး”
> “အဲ့ဒါဆို မကောင်းတဲ့သတင်းကရော”

>3.စတုတ္ထအကြောင်း
>
> ဆေးတက္ကသိုလ်တွင် ကလေး ဆေးပညာဘာသာရပ်ကို စစ်ဆေးနေသည်။
> မွေးခါနီး ကလေးငယ်ကို မှန်မှန်ကန်ကန် ဖွံ့ဖြိုးကြီးထွားစေရန် မည်ကဲ့သို့
> ပြုစုရမည်နှင့် ဆက်စပ်သည့် မေးခွန်းတွေကို ဖြေရမည်ဖြစ်သည်။
> သို့သော် ကောင်းမွန်စွား ပြင်ဆင်ကျက်မှတ်ထားခြင်းမရှိသြ ဖင့်
> စာမေးပွဲခန်းထဲမ၀င်ခင်ကတည်းက စိတ်လှုပ်ရှားနေသည်။
> ထင်သည့်အတိုင်းပင်။ ဘယ်မေးခွန်းမှ မလွယ်။
> အခက်ဆုံးမှာ “စက်ရုံထုတ်နို့ဘူးနှင့် နှိုင်းယှဉ်လျှင် မိခင်နို့၏
> အားသာချက်လေးခုကို ဖေါ်ပြပါ”
> ဆိုသည့် မေးခွန်းပင် ဖြစ်သည်။
> အဖြေကို ဆေးကျောင်းသား မသိ။ အမျိုးမျိုး စဉ်းစားကြည့်သည်။ မရ။
> အချိန်အတန်ကြာသွားမှ အားသာချက် သုံးခု ပေါ်ထွက်လာသည်။
> ၄င်းတို့ကို စာရွက်ပေါ်ချရေးသည်။
> (၁) မိခင်နို့ကို ကျိုချက်ရန်မလို။
> (၂) ဘယ်အချိန်သောက်သောက် အန္တရာယ်မရှိ။
> (၃) လိုတဲ့အချိန်မှာရသည်။
> စတုတ္ထအားသာချက် အဘယ်နည်း။
> ဖြစ်နိုင်တာတွေတွေးကြည့်သည်။
> ဘာမှ မယ်မယ်ရရပေါ်မလာ။
> သတ်မှတ်ထားသော အချိန်ကုန်ဖို့ တဖြည်းဖြည်းနီးလာသည်။
> စဉ်းစား၍ မရသေး။
> ကျောင်းသား နဖူးမှာ ချွေးစို့လာသည်။
> ဗြုန်းဆို ဘေးနားမှာ ထိုင်နေသော ကျောင်းသူတစ်ယောက်သည် ထိုင်နေရာမှ ထလိုက်သည်။
> မိမိအဖြေလွှာကို အပ်ရန် ဒေါက်ဒေါက် ဒေါက်ဒေါက်နှင့် တစ်ကိုယ်လုံးကို
> လှုပ်ခါပြီး လျှောက်ထွက်သွားသည်။
> သူမကို ကြည့်ပြီး ကျောင်းသာ၏မျက်လုံး အရောင်လက်လာသည်။
> ခေါင်းထဲကို အတွေးတစ်ခု ဖျတ်ကနဲ ၀င်လာသည်။
> အဲ့ဒီအတွေကို ချက်ချင်းပင် ချရေးလိုက်သည်။
>
> “ (၄) ဘယ်လိုပင် ပါကင်ထုတ်ထား ထုတ်ထား တအားကြည့်လို့ကောင်းသည်။

> 4.အပြစ်
>
> လူကြီးတစ်ယောက် အာပတ်ဖြေရန် ခရစ်ယာန်ဘုရားကျောင်းသို့ ရောက်လာသည်။
> ဘုန်းကြီးကို ပြောသည်
> “ကျွန်တော် အပြစ်လုပ်ခဲ့မိပါတယ်”
> “ဘာလုပ်ခဲ့လဲ ပြော။ ဖာသာ နားထောင်နေပါတယ်”
> “ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျူးတစ်ယောက်ကို နာဇီတွေလက်က လွတ်အောင်
> ကျနော့ရဲ့ မြေအောက်ခန်းထဲမှာ ၀ှက်ထားခဲ့ပါတယ်”
> “အဲ့ဒါ အပြစ်မဟုတ်ဘူး ငါ့သား”
> “ဒီလိုပါ ဖာသာ။ အဲ့ဒီလူဆီက တစ်ပတ်ကို ရူဘယ်နှစ်ဆယ် ယူခဲ့ပါတယ်”
> “အင်း . . . ဒါအပြစ်ပဲ၊ ဒါပေမယ့် သိပ်ကြီးလေးတဲ့အပြစ်မဟုတ်ပါဘူး၊
> ဘုရာသခင် ခွင့်လွှတ်မှာပါ။ ကိုင်း . . . စိတ်အေးအေးထားပြီးသာပြန်ပေတော့”
> “နောက်ထပ်မေးပါရစေဦး ဖာသာ”
> “မေးပါ . . . ဖာသာ နားထောင်နေပါတယ်”
> “ဒုတိယ ကမ္ဘာစစ် ပြီးပြီဆိုတာ သူ့ကိုပြောလိုက်ရတော့မလားဟင် . . .”

>5. တွေ့မယ့် တွေ့တော့
>
> ထောက်လှမ်းရေး အရာရှိကြီးက လက်အောက်ဝန်ထမ်း အရာရှိငယ်ကို ညွှန်ကြားနေသည်။
> “N နိုင်ငံကိုသွား။ အဲ့ဒီမှာ 16ရာစုနှစ်က ဆောက်ထားတဲ့ ဘုရားကျောင်းကို
> တွေ့အောင်ရှာ . . .
> တွေ့ရင် ဘုရားကျောင်းကို ကျောခိုင်းရပ်လိုက်။ အဲ့ဒီနောက် ရှေ့တည့်တည့်ကို
> လျှောက်သွား။
> လမ်းဆုံးရင် ဘယ်ဘက်ကို ကွေ့လိုက်။ လူနေတိုက်သုံးတိုက်ကျော်လိုက်။
> အဲ့ဒီနောက် ညာဘက်ကွေ့၊ ဆယ်မိနစ်လောက် လမ်းလျှောက်ပြီရင် လမ်းကျယ်ကြီးတစ်ခု တွေ့မယ်
> ဘယ်ဘက်ကို ကွေ့လိုက်။ ပြီးရင် ငါးမိနစ်လျှောက်။ အဆောက်အဦကြီးတစ်ခုကို မြင်မယ်
> အဲ့ဒါ အနုမြူလက်နက်ထုတ်စက်ရုံပဲ။ ဘာလက်နက်ထုတ်တယ် ဆိုတာ အတိအကျ သိအောင်စုံစမ်းခဲ့။”
>
> ထောက်လှမ်းရေးသမား N နိုင်ငံသို့သွားသည်။ 16 ရာစု ဘုရားကျောင်းကို လိုက်ရှာသည်။
> ဘယ်လိုမှ မတွေ့ချေ။ ရှာတာကြာလာတော့မောလာသည်။ စိတ်လည်းပျက်လာသည်။
> တစ်နေရာတွင် အဘွားကြီးတစ်ယောက်ကို တွေ့သည်နှင့် မေးလိုက်သည်။
> “အဘွား . . . 16ရာစုက ဆောက်ထားတဲ့ ဘုရားကျောင်း ဘယ်မှာရှိသလဲခင်ဗျာ”
> “ဟောဒီအဆောက်အဦကို မောင်ရင် ကျော်ခိုင်းရပ်လိုက်။ ဒါအနုမြူ စက်ရုံပဲ။
> နူးကလီးယား ထိပ်ဖူးတွေထုတ်တယ်။ ဒီကနေ တည့်တည့်လျှောက်။ ငါးမိနစ်ကြာရင်
> ညာဘက်ကို ကွေ့၊ ဆယ်မိနစ်လောက်လမ်းလျှောက်။
> ပြီးရင်ဘယ်ဘက်ကွေ့ လူနေတိုက်သုံးတိုက်ကျော်။ ညာကွေ့ . . .
> လမ်းဆုံးထိလျှောက်။ အဲ့ဒါမင်းရှာနေတဲ့ ဘုရားကျောင်းပဲ”

> 6.စဉ်းစာကြည့်ပေါ့
>
> ရှေးဟောင်း တရုတ်တွေးခေါ်ရှင် ကွန်ဖျူးရှပ်ထံ ထိုခေတ်တစ်ဦး ရောက်လာပြီးမေးသည်။
> “မျက်နှာများတဲ့ မိန်းမကို ပတ်ဝန်းကျင်က ၀ိုင်းပြီး ရှုတ်ချကြတယ်။
> မိန်မပွေတဲ့ ယောက်ျားကျတော့ ဂုဏ်ရှိတယ်။ လေးစားခံရတယ်။ ဘာဖြစ်လို့တုန်း”
>
> ကွန်ဖျူးရှပ်က ဘာမှမပြောဘဲ ကရားထဲ လက်ဖက်နှပ်သည်။
> အဆင်သင့်ဖြစ်သောအခါ ကရားကို ယူပြီး ခွက်ခြောက်ခွက်ထဲ လောင်းထည့်သည်။
> အမျိုးသမီးက ခွက်တွေကို ကိုင်ပေးသည်။
> “ လက်ဖက်တစ်အိုးက ခွက်ခြောက်ခွက်ထဲ မျှထည့်တာ အဆင်ပြေတယ်နော်”
> “ ပြေပါတယ်ရှင့်”
> ကွန်ဖျူးရှပ် ပြုံးသည်။
> “ ပြေမှပေါ့။ အိုးတစ်လုံးကနေ ခွက်ခြောက်လုံးထဲကို ထည့်တာသဘာဝကျတယ်လေ။
> အဲ...... ခွက်တစ်ခွက်ထဲကို အိုးခြောက်လုံးက လောင်းထည့်မယ်ဆိုရင် ဘယ်သဘာဝကျပါမလဲ။
> မဟုတ်ဘူးလား”

> 7.အားကြီးမုန်းတယ်
>
> လူသုံးယောက် ငါးမျှားနေကြသည်။
> ရွှေငါးလေးတစ်ကောင်ကို ဖမ်းမိသည်။
> ရွှေငါးလေးက သူ့ကို လွှတ်ပေးပါ။ ဆန္ဒတစ်ခုစီဖြည့်ပေးပါမည်ဟု ပြောသည်။
> ပထမလူက ပြောသည်။
> “ငါဆီမှာ အစစပြည့်စုံနေတာပဲ။ ဘာမှ မလိုပါဘူး။
> အေးလေ။ ဘာပဲဖြစ်ဖြစ် ယာဉ်ထိန်းရဲတွေကို ပေးဖို့ တစ်ဒေါ်လာတန် ငွေစက္ကူ
> အိတ်ပြည့် ရအောင် လုပ်ပေးကွာ . . .ကဲ”
> “ရပါစေ့မယ်။ စိတ်ချ”
> ဒုတိယလူက ပြောသည်။
> “ငါ့ဆီမှာလည်း အရာရာ ပြည့်စုံပြီးသားကွ။ ငါဘာမှ မလိုပါဘူး”
> “ခင်ဗျားအိမ်မှာ ကြွက်မရှိဘူးလား”
> “အိမ်ပေါ်မှာ မရှိဘူး။ အေး . . . ကားဂိုဒေါင်ထဲမှာတော့ ဒီကောင်တွေ
> တော်တော်သောင်းကျန်းတယ်ကွ”
> “ရော့ . . . ကြွက်သားလေး တစ်ကောင်။ ဒီကောင်က ကျန်တဲ့ ကြွက်တွေအားလုံးကို
> ကိုက်စားလိမ့်မယ်။
> အဲ့ဒီနောက်သူ့ဟာသူ သေသွားလိမ့်မယ်”
> တတိယမြောက် လူကပြောသည်။
> “ငါ့အိမ်မှာ ပိုးဟပ်တွေအများကြီး”
> “ရော့ ပိုးဟပ်သေးသေးလေးတစ်ကောင်။ ကျန်တဲ့ပိုးဟပ်တွေကို ဒင်းကိုက်စားလိမ့်မယ်။
> ပြီးရင် ဒင်းဟာဒင်းသေသွားလိမ့်မယ့်”
> ပထမလူက ကမန်းကတန်း ၀င်ပြောသည်။
> “တစ်ဒေါ်လာတန်တွေဘာလုပ်ဖို့လဲ . . . မယူတော့ဘူး။
> ငါ့ကို ယာဉ်းထိန်းရဲ သေးသေးလေး ပဲပေးတော့”

>8. ဘာလုပ်ဖို့လဲ
> ကုလားအုပ်ငယ်လေးက အမေ့ကို မေးသည်။
> “မေမေ . . . ကျွန်တော်တို့ ကျောကုန်းမှာ ဘာဖြစ်လို့ ဘုကြီးရှိနေရတာတုန်း”
> “သဲကန္တာရထဲကို ဖြတ်တဲ့အခါ ရေကို သယ်ဖို့ပေါ့ကွယ်”
> “မေမေ . . . ကျနော်တို့ ခြေထောက်တွေက ဘာဖြစ်လို့ အရှည်ကြီးဖြစ်နေရတာတုန်း”
> “သဲကန္တာရထဲ ဖြတ်တဲ့ အခါ ခြေထောက်တွေသဲထဲ မြုပ်မသွားအောင်ပေါ့ကွယ်”
> “မေမေ . . . ကျနော်တို့ရဲ့ အမွေးတွေ ဘာဖြစ်လို့ဒီလောက်တောင်ထူ၊
> ဒီလောက်တောင် မာနေရတာတုန်းဟင်”
> “နေမလောင်အောင်ပေါ့ သားရယ်”
> “ကျနော်တို့က တိရစ္ဆာန်ရုံထဲ မှာနေနေတာပဲ။
> အဲ့ဒါတွေအားလုံး ကျနော်တို့ ဘာလုပ်ဖို့လဲဗျာ”

>9. ဆက်ထား
> ဘာသာရေးတရားဟောဆရာ “ရာဘိုင်” ထံ ရာဘင်နိုဗစ်ခ်ျ ရောက်လာသည်။
> “ရာဘိုင်၊ ကျနော်တော့ စိတ်ညစ်လှပြီ။ မိန်မက အလိုက်ကန်းစိုးမသိ။
> ကလေးတွေက စာညံ့၊ အလုပ်အကိုင်က အဆင်မပြေ၊
> ဘယ်လိုလုပ်ရမယ်မှန်တောင် မသိပါဘူး။ အကြံလေးပေးပါဦး”
> “အိမ်ဝင်ပေါက်မှာ
> - ဒီလို အမြဲတမ်းဖြစ်နေမည်မဟုတ် -
> ဆိုတဲ့ စာတမ်းလေး ချိတ်ထားလိုက်”
> တစ်လတိတိအကြာတွင် မနက်အစောကြီး ရာဘင်နိုဘစ်ခ်ျ ရောက်လာပြီး ၀မ်းသာအားရပြောသည်။
> “ရာဘိုင် - ကျနော့အခြေအနေ အဆင်ပြေလာပြီဗျ။
> မိန်းမက အစစနားလည်မှု ရှိလာပြီ။
> ကလေးတွေ အတန်းမှာ ဂရိတ်ဖိုက်တွေ ရနေကြပြီ။
> အရောင်းအ၀ယ်ကောင်းလို့ စီးပွားရေးလဲ တက်လာပြီ။
> ချိတ်ထားတဲ့ စာတမ်းဖြုတ်လိုက်ရတော့မလား”
> “မဖြုတ်နဲ့။ အဲ့ဒီတိုင်း ချိတ်ထားလိုက်ဦး”

>10. မေးခွန်းငါးခု
>
> ရဲချုပ်ခင်ရီသည် အထက်တန်းကျောင်းတစ်ခုသို့ လေ့လာရန် ရောက်လာသည်။
> စာသင်ခန်းတစ်ခုသို့ ၀င်ပြီးလျှင် ကျောင်းသားများကို ဗမာပြည်ကြီး
> ဒီမိုကရေစီ ရရေး ကြိုးပမ်းနေပုံကို ရှင်းပြနေသည်။
> ကျောင်းသားတွေ လုံးဝ စိတ်မ၀င်စားကြ။
> ဤသည်ကို သတိထားမိသည်နှင့် ရဲချုပ် ခင်ရီ ကပြောသည်။
> “ကိုင်း ! မေးစရာ ရှိရင် မေးကြပါ”
> ကျောင်းသားများ လှုပ်ရှားသွားကြသည်။
> အောင်အောင် အမည်ရှိ ကျောင်းသားတစ်ယောက်က အရဲစွန့်ပြီးထမေးသည်။
> “ကျနော် မေးခွန်းသုံးခု မေးစရာ ရှိပါတယ်။
> တစ် - ဗိုလ်ချုပ် တင်ဦးကို ဘယ်သူ လုပ်ကြံသလဲ။
> နှစ် - ကျနော်တို့တွေ ဘာလို့ ဒီလောက်တောင် ဆင်းဆင်းရဲရဲ နေနေကြရတာလဲ။
> သုံး - ဘာဖြစ်လို့ ကျနော်တို့ ပြောချင်တာ ပြောခွင့် မရှိရတာလဲ။”
>
> ရဲချုပ်ခင်ရီ ရုတ်တရက်ဘာပြန်ဖြေရမလဲ မသိတော့။
> ချွေးပင်စို့လာသည်။ ကံကောင်းချင်တော့ ငါးမိနစ်အားလပ်ချိန်ခေါင်းလောင်းမြည်လာသည်။
> ကျောင်းသားတွေအားလုံး အခန်းထဲက ပြေးထွက်သွားကြသည်။
> အတန်းပြန်စသောအခါ စောင့်နေသည့် ရဲချုပ်ခင်ရီက စောစောကအတိုင်းပြောသည်။
> “ကိုင်း! ဘယ်သူမေးစရာ ရှိသေးလဲ မေးပါ”
> ကျောင်းသား မောင်မောင်က နေရာက ထသည်။
> “ကျနော်မေးခွန်းငါးခု မေးစရာ ရှိပါတယ်။
> တစ် - ဗိုလ်ချုပ် တင်ဦးကို ဘယ်သူ လုပ်ကြံသလဲ။
> နှစ် - ကျနော်တို့တွေ ဘာလို့ ဒီလောက်တောင် ဆင်းဆင်းရဲရဲ နေနေကြရတာလဲ။
> သုံး - ဘာဖြစ်လို့ ကျနော်တို့ ပြောချင်တာ ပြောခွင့် မရှိရတာလဲ။
> လေး - အားလပ်ချိန် အချက်ပေးခေါင်းလောင် ဘာလို့ မိနစ် 20 စောပြီး ထိုးရတာလဲ။
> ငါး - ကျနော့ သူငယ်ချင်း အောင်အောင် ဘယ်ရောက်သွားသလဲ”

No comments:

Post a Comment