Saturday, September 24, 2011

ဖြစ်ရပ်မှန် ၂

ငှက်လေး | 8:25 AM | Best Blogger Tips
အရိုးခံမစုစုလတ်ခမျာ စိတ်ထဲမှာ ရာဇင်ဟာအခြားအခြားသောလူမျိုးခြား၊
ဘာသာခြားတွေနဲ့မတူ လိမ္မာယဉ်ကျေးမှုရှိတယ်။ လူမှုရေးရှိတယ်၊ သူ့အပေါ်ကို
နားလည်မှုပေးတယ်၊ ဘာသာရေး လွတ်လပ်ခွင့်ကိုလည်းပေးတယ်ဆိုပြီး
တစ်ကိုယ်တော်ချီးမွမ်းခမ်းထုတ်ကာ ရာဇင်ကို မိုးကျရွေကိုယ် နတ်သားတစ်ပါးလို
ထင်လာခဲ့ပါတယ်။

မစုစုလတ်မိဘတွေကလည်း ရာဇင်နဲ့အဆက်အသွယ်ဖြတ်ဖို့
အမျိုးမျိုးဖြောင်းဖျခဲ့ကြပါတယ်။ " သမီးရယ်
အခုသမီးနဲ့ချစ်ကြိုက်နေတဲ့ကောင်လေးနဲ့တော့ မယူပါနဲ့၊ သမီးဒီကောင်လေးကို
လက်ထပ်ယူမယ်ဆိုရင်

မေမေတို့မိဘဘိုးဘွားအစဉ်အဆက်တွေ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မျိုးရိုးဗီဇတွေ
ပျက်စီးကုန် လိမ့်မယ်၊ သမီးကြားဖူးမှာပါ၊ မြေမျိုလို့လူမျိုးမပြုတ်
လူမျိုမှလူမျိုးပြုတ်မယ်ဆိုတာ၊ ဒီစကားဟာ ရှေးက လူကြီးတွေက သက်သက်အဓိပ္ပါယ်မဲ့
ပြောခဲ့တာမဟုပ်ဘူး၊ သမီးတို့လို အချစ်မျက်ကန်းတွေအတွက်
အရေးတကြီးမှာခဲ့တဲ့စကားဖြစ်တယ်၊ သမီးအခုဆိုရင် အဲဒီစကားရဲ့ စည်းတစ်ဘက်ကို
ရောက်ဖို့ တာစူ

နေပြီ၊ အသိတရားနဲ့သတိထားပါသမီးရယ်၊ မေမေလည်းငယ်ရာကကြီးလာတာမို့
သမီးတို့လူငယ်တွေရဲ့ အချစ်ဟာ ဘယ်လောက်ထိနက်ရှိုင်းစူးနစ်တယ်ဆိုတာ
မေမေနားလည်ပါတယ်။

မေမေတို့နဲ့အမျိုးတူဘာသာတူ၊ ဖြစ်နေမယ်ဆိုရင် လမ်းဘေးမှာခြေပြတ်လက်ပြတ်
တောင်းစားနေတဲ့ သူတောင်းစားနဲ့ဆိုရင်တောင် မေမေ
အခုလိုမျက်ရည်နဲ့မျက်ခွက်ငိုယိုပြီး သမီးကိုတောင်းပန်နေမှာ

မဟုတ်ဘူး၊ လမ်းဘေးကသူတောင်းစားနဲ့ယူလို့ ငါ့သမီးကမွေးတဲ့ မေမေ့မြေးလေးတွေဟာ
မြန်မာလူမျိုး စစ်စစ်ဖြစ်ရသေးတယ်၊ အခုသမီးချစ်ကြိုက်နေတဲ့
ကောင်လေးနဲ့သာယူမယ်ဆိုရင် ငါ့သမီးက မွေးတဲ့

ငါ့မြေးလေးတွေဟာ လူမျိုးခြားကပြားလေးတွေဖြစ်နေချေရဲ့။ ဒါကြောင့်မို့
မေမေ့ကိုသနား ကြင်နာသော အားဖြင့် ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီကောင်လေးကိုတော့
လုံးဝလက်မထပ်နဲ့နော်"ဆိုပြီး မိခင်ဒေါ်စန်းရီ ခမျာ သမီးဖြစ်သူကို
ငိုယိုပြီးတောင်းပန်ရှာပါတယ်။

ဒါပေမဲ့ မစုစုလတ်ကတော့ ခပ်မိုက်မိုက်ပဲ အချစ်သူရဲကောင်းကြီးလုပ်ပြီး
ရာဇင်နဲ့နှစ်ဦးသဘောတူ လက်ထပ်ယူလိုက်ကြပါတယ်။ အဲဒီတုန်းက မစုစုလတ်ဟာ
ကမ်းမမြင်လမ်းမမြင် နှစ်ဦးသား ချစ်ရည်လူး ကာ ပျော်ရွင်လိုက်သည့်ဖြစ်ခြင်း၊
လောကမှာသူ့လောက်ကံကောင်းသူ မရှိဟုပင် ထင်ခဲ့မိပါတယ်။

သူတို့လက်ထပ်ပြီးလို့နှစ်လလောက်ကြာလာတဲ့အခါမှာတော့ မင်းသားခေါင်းစွပ်ထားတဲ့
ဘီလူးမျက်နှာ ဟာ တစ်နေ့တခြား ထင်ထင်ရှားရှားပေါ်လွင်လာပါတော့တယ်။ ရာဇင်ဟာ
သူတို့ဘာသာရဲ့ထုံးစံအတိုင်း

မစုစုလတ်ကို သူတို့ဘာသာထဲဝင်ရမယ်လို့ အကျပ်ကိုင်လာပါတယ်။ နောက်ပြီး ရာဇင်က
တကယ်လို့

မစုစုလတ်အနေနဲ့ သူတို့ဘာသာထဲကိုမ၀င်ပဲ ဗုဒ္ဓဘာသာကို
ဆက်လက်ကိုးကွယ်ယုံကြည်နေဦးမယ် ဆိုရင် သူတို့ဘာသာရဲ့ထုံးစံအရ
တရားဝင်ဇနီးမယားဖြစ်မလာ နိုင်ကြောင်း၊ မွေးလာတဲ့သားသမီးတွေ

မှာလည်း တရားဝင်သားသမီးမဟုတ်တော့ဘဲ တိတ်တိတ်ပုန်း ရထားတဲ့သားသမီးများ
ဖြစ်ခြင်းကြောင့် အမွေဆက်ခံခွင့်မရရှိနိုင်ကြောင်း၊ မစုစုလတ်ကိုယ်တိုင်မှာလည်း၊
တရားဝင်ဇနီးမယား မဖြစ်သေးတဲ့

အတွက် လင်မယားချင်းကွဲကွာတဲ့အခါ ဘာပစ္စည်းမှမရနိုင်ကြောင်း၊ ဒါကြောင့်မို့
မစုစုလတ်ကိုယ်တိုင်

တရားဝင်ဇနီးဖြစ်အောင် သူတို့ဘာသာထဲဝင်ပြီး သူတို့ဘာသာနဲ့အညီ
လက်ထပ်ရမညီဖြစ်ကြောင်း အကျပ်ကိုင်လာပါတယ်။

နောက်ပြီး ရာဇင်ရဲ့မိဘ ညီအစ်ကိုမောင်နှမတွေကလည်း သူတို့အိမ်မှာတစ်ခြားဘာသာကို
ကိုးကွယ် ယုံကြည်တဲ့ မစုစုလတ်ရှိနေလို့ လာဘ်မရှိတာ စီးပွားရေးကျတာဆိုပြီး
မစုစုလတ်အပေါ်အပြစ်ပုံချကာ မကြည်ဖြူနိုင်တော့ဘဲ ငြိုငြင်လာကြပါတယ်။

အခုတော့ လူမျိုးခြားဘာသာခြားရဲ့စကားကိုယုံကြည်ပြီး လက်ထပ်ယူခဲ့တဲ့ မစုစုလတ်ရဲ့
မိုးကောင်းကင်

ရွေအိမ်မက်ကြီးဟာ တစ်ဖြည်းဖြည်းအရောင်တွေလွင့်ပါးပြီး ပျက်ပြယ်ခဲ့ရပါပြီ။
ပျော်ရွင် ရယ်မောခြင်း

တွေဟာလည်း တဖြည်းဖြည်းအရည်ပျော်ကာ ငိုကြွေးခြင်းရဲ့ လမ်းစဖြစ်ခဲ့ရပါပြီ။
သူရဲ့နှုတ်ခမ်းထက်က ချိုချိုမြမြစကားလုံးတွေဟာ ခုတော့ခါးတမာတောလို
ဖြစ်ခဲ့ရပါပြီ။ သူတို့ရဲ့ ကြင်စဦးဇနီးမောင်နှံတုန်းက အကြင်နာပုံရိပ်တွေဟာလည်း
တံလျပ်ပမာ အဝေးဆီသို့သာ တရိပ်ရိပ် လွင့်မျောပျောက်ကွယ်သွား ရပြီတကား။

အခုတော့မစုစုလတ်ခမျာ ဆုံးဖြတ်ချက်တခုခုတော့ချရတော့မှာဖြစ်ပါတယ်။
တိုင်းပြည်နဲ့မိဘဘိုးဘွား

တွေရဲ့ မျိုးရိုးဇာတိကိုငဲ့မည်လော၊ မိမိရဲ့တစ်ဘ၀စာ တစ်နပ်စာ
ရှေ့ရေးကိုငဲ့မည်လော၊ ပဒိုင်းသီးကဲ့သို့ စားလည်းရူး
ဆုတ်လည်းစူးဖြစ်ရတော့မည့်အခြေအနေသို့ ဆိုက်ရောက်နေပါတော့တယ်။ မိမိရဲ့အမိုက်
ဇာတ်ကို မိမိကိုယ်တိုင်ပဲ ပြီးဆုံးအောင် က ရပါတော့မယ်။ ဒီအချိန်မှာ
အိမ်ပြန်လို့လည်း ဘယ်မိဘ ညီအစ်ကိုမောင်နှမကမှ လက်ခံမည်မဟုတ်၊
မိဘညီအကိုမောင်နှမတွေက ဒီလူမျိုးခြားဘာသာခြားကို လက်ထပ်မယူဖို့
အတန်တန်တားတဲ့ကြားက မိမိကိုယ်တိုင်က ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ အချစ်သူရဲ
ကောင်းကြီးလုပ်ပြီး " ငရဲ " တွင်းထဲသို့ ခုန်ဆင်းခဲ့သည်မဟုတ်ပါလား။

No comments:

Post a Comment